သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ လူရွှင်တော် ဇာဂနာအတွက် ကုလ စိုးရိမ်မကင်းဖြစ်


မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် ဒုက္ခသည်
တွေကို ကူညီစောင့်ရှောက်ရေးတွေလုပ်နေတဲ့ အနု
ပညာရှင် လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး
နေ့က မြန်မာစစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် သူ့
အနေနဲ့ အလွန့်အလွန် စိုးရိမ်ပူပန်နေရတယ်လို့ ကုလ
သမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အသစ် ထောမတ်စ် အိုဟေး ကင်တာ
နား (Tomas Ojea Quintana) က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။

ကိုဇာဂနာရဲ့သတင်းကိုရဖို့ သူ့အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်သွယ်ကြိုးပမ်းမှု
မအောင်မြင်ခဲ့ဘူး၊ အခုအခါ ကိုဇာဂနာ ဘယ်ကိုရောက်နေတယ်ဆိုတာ မသိရှိရဘူးလို့
လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေကို စေတနာ့ဝန်ထမ်း ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာကို ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးပြီး ကိုဇာဂနာရဲ့အိမ်ကို အာဏာပိုင်တွေက ရှာဖွေရာမှာ ဒုက္ခသည်တွေကို ကူညီဖို့ အလှူငွေ အမေရိကန်ဒေါ်လာ
၁,၀၀၀ နဲ့ ဆိုင်ကလုံးဒဏ်သင့်ဒေသတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ စီဒီခွေတွေ
ကိုလည်း သိမ်းယူသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG