Entrepreneur
လို့ခေါ်တဲ့ မူရင်း ပြင်သစ်ဘာသာစကားကနေ အင်္ဂလိပ်ဘာသာစကား
ကမွေးစားယူထားတဲ့ စာလုံးရဲ့အဓိပ္ပာယ် ကို မြန်မာစာအဖွဲ့ကထုတ်ဝေတဲ့ အင်္ဂလိပ်-
မြန်မာအဘိဓာန်မှာ စီးပွားရေး၌ စွန့်စားသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေး
စွမ်းဆောင်ရှင်ရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ကမွေးစားယူထားတဲ့ စာလုံးရဲ့အဓိပ္ပာယ် ကို မြန်မာစာအဖွဲ့ကထုတ်ဝေတဲ့ အင်္ဂလိပ်-
မြန်မာအဘိဓာန်မှာ စီးပွားရေး၌ စွန့်စားသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေး
စွမ်းဆောင်ရှင်ရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာထုတ်ဝေတဲ့
Living Color မဂ္ဂဇင်းမှာ လစဉ်ပါနေတဲ့ စကားဝိုင်း
ဆွေးနွေးပွဲ ကဏ္ဍတခုမှာတော့
စွန့်ထွင်ဦးစီး လုပ်ငန်းရှင်များလို့ သုံးစွဲထားပါတယ်။
အရင့်အရင်ထုတ်ဝေခဲ့ဖူးတဲ့
စာအုပ်တချို့မှာတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်များလို့
ဖော်ပြ သုံးစွဲတာကို
မှတ်သားခဲ့ဖူးပါတယ်။
ဒီအသုံးအနှုန်းတွေအားလုံးကနေ
ကောက်ယူလို့ရတဲ့ ဘုံအဓိပ္ပာယ်တခုကတော့ မရှိ
သေးတဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားအသစ်တခုကို စွန့်စွန့်စားစား စလုပ်ကြသူ
တွေဟာ Entrepreneur တွေဖြစ်တယ်ဆိုတာပါပဲ။