သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံရေးမှာ သုံးစွဲတဲ့ တိရစ္ဆာန်များ အခြေခံ အီဒီယံ အခေါ်အဝေါ်းများ


ပထမ အီဒီယံအသုံးအနှုန်း = Sacred Cow တိုက်ရိုက်အဓိပ္ပာယ် ဖွင့်ဆိုချက် - "ဘာသာရေး အထိတ်အမြတ် အဖြစ်ထားတဲ့ နွား"။ စကားချပ် - ဟိန္ဒူဘာသာမှာ နွားကို ကိုးကွယ်ကြသလို၊ မြန်မာနိုင်ငံမှာလည်း နွားက အသက်သခင် အဖြစ် သတ်မှတ်ထားကြပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ "ဝေဖန်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ ပျက်ရယ်ခြင်း ခံထိုက်တောင်မှ တခြားသူတွေက မထိရဲ၊ မဝေဖန်ရဲတဲ့ ပုဂ္ဂိုလ် (သို့) အရာတခုခု" ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရေး လောကအကြောင်း ပြောဆိုထားတဲ့ ဥပမာ
"One of our biggest sacred cows is the national social security program, which pays many older Americans a pension. This program costs more money every year, but politicians are afraid to touch it because older folks have a lot of votes."

"ကျနော်တို့ရဲ့ နိုင်ငံမှာ မထိရဲဆုံး အစီအစဉ်တွေအနက် တခုကတော့ သက်ကြီးရွယ်အို အမေရိကန်လူမျိုးတွေကို ပင်စင်လစာပေးတဲ့ အမျိုးသားဖူလုံရေး စီမံကိန်းပါဘဲ။ ဒီစီမံကိန်းဟာ နှစ်စဉ်နဲ့အမျှ ငွေကြေးပိုပြီး ကုန်ကျလျှက်ရှိနေပါတယ်။ ဒါပေမဲ့လို့ နိုင်ငံရေးသမားတွေက မထိရဲကြဘူး။ အကြောင်းကတော့ သက်ကြီးရွယ်အိုတွေဆီက မဲအတော်တော်များများ ရရှိနေလို့ ဖြစ်ပါတယ်။"

ဒုတိယ အီဒီယံအသုံးအနှုန်း = Dark Horse တိုက်ရိုက်အဓိပ္ပာယ် ဖွင့်ဆိုချက် - "အမဲရောင်ရှိတဲ့မြင်း"။ စကားချပ် - သာမန်အားဖြင့် မြင်းပွဲမှ ဆင်းသက်လာတဲ့ အသုံးအနူန်း။ လူကြိုက်မများတဲ့ ပြိုင်မြင်းတကောင်ဟာ တခါတရံ မြင်းလောင်းသူတွေရဲ့ ခန့်မှန်းချက်ကို ဆန့်ကျင်ပြီး အနိုင်ရရှိအောင် ပန်းဝင်နိုင်တဲ့မြင်းကို Dark Horse ခေါ် ကော်ကောင်လို့ ခေါ်ဝေါ်ကြပါတယ်။ အခုခေတ်မှာ မြင်းပွဲအပြင် နိုင်ငံရေးမှာလည်း သုံးစွဲခေါ်ဝေါ်ကြပါတယ်။ အဓိပ္ပာယ်က အများသူငါ မသိကြသေးတဲ့ နိုင်ငံရေးကိုယ်စလှယ် တဦးဟာ နာမည်ရပြီးသာ ဝါရင့်နိုင်ငံရေးသမားတွေ နဲ့ ယှဉ်ပြိုင်ရဲသူကို ဆိုလိုပါတယ်။

လက်ရှိ အမေရိကန်ရွေးကောက်ပွဲ အခြေအနေကိုကြည့်ရင် မနှစ်တုန်းက ဒီမိုကရက်ပါတီက သမ္မတကိုယ်စလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြရာမှာ အခုသမ္မတကိုယ်စလှယ်လောင်းဖြစ်ဖို့ သေချာနေတဲ့ သက္ကရာဇ် ၂၀၀၅ ခုကမှ Illionis ပြည်နယ်က အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့သူ Barack Obama ဆိုရင် နိုင်ငံရေးလုပ်သက်ကလည်း နု၊ လူမဲကလည်းဖြစ်နေတာကြောင့် သူကို အစပိုင်းတွင် လူတွေက မသိကြသေးတဲ့ Dark Horse ဖြစ်နေပါတယ်။ သူနဲ့ ဝင်ယှဉ်ပြိုင်ခဲ့တဲ့ New York အထက်လွှတ်တော်အမတ် Hiliary Clinton ဆိုရင် သမ္မတကတော်လည်းဖြစ်၊ နိုင်ငံရေးအတွေ့အကြုံကလည်း ရင့်ကြတ်သူတဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အီရတ်မှာ တိုက်နေတဲ့ စစ် နဲ့ အမေရိကန်ရဲ့ လက်ရှိစီးပွားရေး အခြေအနေ၊ အပြောင်းအလဲကို လိုလားကြတဲ့ အမေရိကန်နိုင်ငံသားတွေကြောင့် Barack Obama ကို ထောက်ခံအားပေးသူတွေ ပိုအားကောင်းလာခဲ့ပြီး သူဟာ ယနေ့ ထင်ပေါ်လာကာ dark horse ဖြစ်ခဲ့သူက နိုဝင်္ဘာလ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပုဂ္ဂိုလ်ဖြစ်လာပြီး အမေရိကန်သမ္မတ တောင် ဖြစ်လာနိုင်သူပါ။

"Our congressman has been in Washington for twenty years. I thought we keep voting for him forever. This year those other party norminated a dark horse out of nowhere. Well, he kept telling voters for time for change and he wants the election."

"ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စလှယ်ဟာ ဝါရှင်တန်မြို့တော်မှာ ရောက်နေတာ အနှစ် ၂၀ ရှိနေပါပြီ။ ကျနော်တို့တတွေ သူကို တသက်လုံး မဲပေးသွားလိမ့်မယ်လို့ သူအနေနဲ့ ယူဆထားပုံရတယ်။ ဒီနှစ်မှာတော့ တဖက်နိုင်ငံရေးပါတီက လူသိပ်မသိတဲ့ ပုဂ္ဂိုလ်တဦးကို အမည်တင်သွင်းခဲ့တယ်။ အဲဒီပုဂ္ဂိုလ်က မဲဆန္ဒရှင်တွေကို အပြောင်းအလဲလိုနေပြီးလို့ တိုက်တွန်းခဲ့ရတာက ရွေးကောက်ပွဲကို အနိုင်ရရှိသွားခဲ့တယ်။"

တတိယ အီဒီယံအသုံးအနှုန်း - Fat Cat တိုက်ရိုက်အဓိပ္ပာယ် ဖွင့်ဆိုချက် - "ဝတဲ့ကြောင်"။ အီဒီယံအဓိပ္ပာယ် - "ဘဏ်ထဲမှာ ငွေတွေအမြောက်အမြားနဲ့ ကြွယ်ဝနေတဲ့သူ"။ နိုင်ငံရေး စကားအသုံးအနူန်းလည်း အသုံးပြုကြပါတယ်။ ရွေးကောက်ပွဲ ဝင်သူကို ရံပုံငွေအလှု အမြောက်အများ ပေးသူကို ခေါ်ဆိုပါတယ်။ ပြိုင်ဖက်ကိုယ်စလှယ်က သူမှာ ရံပုံငွေနည်းနေတာကို ပြောထားတဲ့ ဥပမာက

"This year the other party is a way ahead of us when it comes to campaign money. They have all fat cats supporting them so they can buy twice as much TV time as we can afford."

"ဒီနှစ်မှာတော့ ရွေးကောက်ပွဲ ရံပုံငွေ အနေနဲ့ဆိုရင် တခြားပါတီက ကျနော်တို့ထက် သိပ်ကို အသာစီးရနေပြီ။ သူတို့ကို ထောက်ခံကြသူတွေက ထည့်ဝင်တဲ့ ရံပုံငွေက သူတို့မှာ အများကြီးရနေကြပြီ။ ဒီတော့ ကျနော်တို့ထက် ရုပ်မြင်သံကြားမှာ မဲဆွယ်ကြော်ငြာ နှစ်ဆတိုး ဝယ်နိုင်ကြပြီ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG