သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န်ဝါ အီဘရာဟင်မ် အနိုင်ရ


မလေးရှားနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲတခု
မှာ အတိုက်အခံခေါင်းဆောင် အန်န်ဝါ အီဘရာ
ဟင်မ် အနိုင်ရသွားပြီဖြစ်တာကြောင့် ဆယ်စုနှစ်
တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်
အမတ် ပြန်ဖြစ်သွားပါပြီ။

လွှတ်တော်ထဲပြန်ရောက်သွားတာဟာ ရှေ့လ
လယ်မှာ အာဏာရပါတီကို ဖြုတ်ချဖို့ ရည်မှန်း
ချက်ကြီးမားတဲ့ သူ့ရဲ့အစီအစဉ်မှာ ပထမအဆင့်
ဖြစ်တယ်လို့ အန်န်ဝါကပြောပါတယ်။

မလေးရှားရွေးကောက်ပွဲကော်မရှင်က ထွက်လာ
တဲ့ ရလာဒ်တွေအရ မစ္စတာအန်န်ဝါဟာ မဲအရေ
အတွက် ၂၈,၀၀၀ ကျော်ရထားပြီး သူ့ပြိုင်ဘက်ကတော့ အဲဒီတဝက်ပဲ ရပါသေးတယ်။

မဲရာခိုင်နှုန်းဘယ်လောက် အန်န်ဝါရထားတယ်ဆိုတာ ချက်ခြင်း မရှင်းလင်းသေးပေ
မယ့် ၆၀% ထက်မနည်းရမယ်ဆိုတာ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေက ပြနေ
တယ်လို့ အတိုက်အခံခေါင်းဆောင်တွေက အစောပိုင်းမှာပြောပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG