ဇီဝလောင်စာဆီ
ထုတ်လုပ်ဖို့အတွက် မြန်မာပြည်အနှံ့မှာ စိုက်ပျိုးထားတဲ့ ကြက်ဆူပင်ရဲ့
အစေ့ကို
စားသုံးမိတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းမှာအစာအဆိပ်သင့်တဲ့ကလေး ၂၇
ယောက်အထိရှိခဲ့ကြောင်း
သိရှိရပါတယ်။ ကချင်ပြည်နယ်မှာလည်း ဒီလို အဆိပ်သင့်မှု
တွေရှိပေမယ့်
ကြက်ဆူစေ့စားလို့ဖြစ်တယ်လို့ မပြောဖို့ တားမြစ်တာတွေ ရှိနေတယ်လို့
ကချင်ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ အပြည့်အစုံကို
ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
သြဂုတ်လ
၂၉ ရက် နေ့စွဲနဲ့ထုတ်ဝေတဲ့ Bi Weekly Eleven ဂျာနယ်က မြန်မာနိုင်ငံ
ဆရာဝန်အသင်းရဲ့
ဆေးမှတ်တမ်းကို ကိုးကားပြီး ၂၀၀၇ ခုနှစ်အတွင်း ကြက်ဆူစေ့
စားလို့ အစာအဆိပ်သင့်သူ
ကလေး ၂၇ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီလို
အစာအဆိပ်သင့်သူတွေထဲမှာ ၁၀ နှစ်နဲ့
၁၅ နှစ်ကြားအရွယ် ကလေးတွေ ပါဝင်ပြီး
အစေ့ ၅ စေ့ကနေ ၂၀ လောက်အထိ စားမိရင်
အဆိပ်သင့်တယ်လို့ ဆိုပါတယ်။
ဒီလိုအစာအဆိပ်သင့်တဲ့အခါ
ကလေးတွေဟာ အော့အန်တတ်၊ ဝမ်းလျှောတတ်သလို
သွေးပေါင်ကျတတ်ပေမယ့် အသက်အန္တရာယ်
စိုးရိမ်စရာမရှိဘူး၊ လိုအပ်ရင် အကြော
ကတဆင့် ဓာတ်ဆားရည်သွင်းပေးရင် ၄၈ နာရီအတွင်းမှာ
သက်သာနိုင်ကြောင်း
ဆေးဝန်ထမ်းတယောက်က ပြောပါတယ်။
ကြက်ဆူစေ့ဟာ
ဇီဝလောင်စာ၊ ဆပ်ပြာချက်ရာမှာနဲ့ အခြားတိုင်းရင်းဆေးတွေ
ဖော်စပ်
ရာမှာ အသုံးပြုနိုင်ပေမယ့် ဒီအတိုင်းစားသုံးရင်တော့
သူ့မှာ ဓာတုအဆိပ် ၂ မျိုးပါဝင်
တာကြောင့် အဆိပ်သင့်စေတာ
ဖြစ်ပါတယ်။
ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ပေါ်မှာတော့ ကြက်ဆူစေ့စားမိလို့ အစာအဆိပ်သင့်တာ
တွေ
ရှိပေမယ့် ဒီလို အစာအဆိပ်သင့်စေတာနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ
ဆောင်ရွက်တာကိုတော့ မကြားရဘူးလို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က
ကိုအောင်ဝါက ပြောပါတယ်။
"ကြားသလောက်တော့၊
ကျနော်တို့ လေ့လာသလောက်တော့ ဘာမှမရှိဘူး။ မြစ်ကြီး
နားမြို့ပေါ်မှာပဲ၊
မြစ်ကြီးနားရပ်ကွက်တွေမှာ ကလေးတွေက ကြက်ဆူအစေ့ကို
စားပြီးမှ
အော့အန်ပြီးမှ ဆေးရုံကို ရောက်သွားတယ်လေ။ ဆေးရုံရောက်သွားတော့
သူတို့
စမ်းသပ်တယ်။ ဆေးဆရာဝန်တွေက ကြက်ဆူစေ့စားပြီးမှ
ဖြစ်တဲ့ပြသနာကို အပြင်ကို
မထုတ်ဖော်ပါနဲ့ဆိုတဲ့ အပိုင်းတွေလည်းရှိတယ်။
သူတို့က ဘာကိစ္စကြောင့် ဒီလိုလုပ်လဲ
ဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူး။"
ကြက်ဆူပင်စီမံကိန်းဟာ
နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင် အကောင်အထည်
ဖော်နေတာကြောင့်
ဒီကဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း
မဆောင်ရွက်ရဲတာ၊
မဝေဖန်ရဲတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိပါတယ်။
မြန်မာစစ်အစိုးရက
ဇီဝအစားထိုးလောင်စာဆီ ထုတ်လုပ်ဖို့အတွက် ၂၀၀၅
ခုနှစ်
လောက်က စတင်ပြီး ပြည်နယ်နဲ့တိုင်း တခုချင်းစီမှာ ဧက ၅ သိန်းစီ စိုက်ပျိုးစေခဲ့ပါ
တယ်။
ဒီလိုစိုက်ပျိုးတာဟာ ယတြာချေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း
ရှိခဲ့ပါတယ်။ တချို့ဒေသတွေမှာတော့ သတ်မှတ်စိုက်ပျိုးဧကပြည့်အောင်
လူထုကို
အတင်းအကျပ် လုပ်အားပေးစိုက်ပျိုးခိုင်းတာကြောင့်
ကြက်ဆူနဲ့ပတ်သက်ရင်
ကြောက်ရွံနေကြပါတယ်။