သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်အသစ် အဆိုတင်သွင်း


ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံရေးရာရုံးတော်ရဲ့ စီရင်
ချက်နဲ့ ရာထူးကဆင်းသွားရတဲ့ ဆမတ်
ဆွန်ထရာဝေး (Samak Sundaravej) ရဲ့နေရာ
မှာ အာဏာရပြည်သူ့ပါတီက ဆွမ်ချိုင်း
ဝေါင်ဆာဝပ်တ် (Somchai Wongsawat) ကို
ဝန်ကြီးချုပ်လောင်းအဖြစ် အစားထိုးဖို့ အဆိုပြု
ထားပါတယ်။

လောလောဆယ် ခေတ္တဝန်ကြီးချုပ်အဖြစ်
တာဝန်ယူနေသူ မစ္စတာဆွမ်ချိုင်းရဲ့အမည်ကို
ဒီနေ့ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပြီး ဗုဒ္ဓဟူး
နေ့ ပါလီမန်မှာမဲခွဲကာ ဝန်ကြီးချုပ်အဖြစ်
တင်မြှောက်လိမ့်မယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ်
က ပြောဆိုပါတယ်။

ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့ ဦးဆောင်တဲ့ ထိုင်းနိုင်ငံ လူထုဆန္ဒကန့်ကွက်ပွဲက
မစ္စတာဆွမ်ချိုင်းကို ပြည်သူ့အာဏာပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်လိုက်
တဲ့အပေါ် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြည်သူ့အာဏာပါတီ အာဏာရှိနေသေးသရွေ့ ဆက်လက်ကန့်ကွက် ဆန္ဒပြနေဦးမယ်
လို့ အစောပိုင်းက ကြေညာထားခဲ့ပါတယ်။
XS
SM
MD
LG