ကမ္ဘာပေါ်မှာ
မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံများစာရင်းထဲ ဒီနှစ်လည်း
မြန်မာနိုင်ငံ ပါဝင်နေဆဲပဲ
ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ
သဘောတူညီချက်တွေအရ
လုပ်ဆောင်ရမှာတွေကို ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း
အပြည့်အဝဆောင်ရွက်ဖို့
ပျက်ကွက်ခဲ့တဲ့ နိုင်ငံတခုအဖြစ် အမေရိကန်သမ္မတက
သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ
ထားပါတယ်။
မူးယစ်ဆေးဝါး
မှောင်ခိုကုန်ကူးရာ အဓိကကြားစခန်း ဒါမှမဟုတ် မူးယစ်ဆေးဝါး အဓိက
ထုတ်လုပ်တဲ့
နိုင်ငံတွေရဲ့စာရင်းကို အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်ပြီး
၂၀၀၈
ဘဏ္ဍာရေးနှစ်အတွက် စာရင်းကိုတော့ မနေ့ကပဲ ကြေညာလိုက်တာပါ။ စာရင်း
တခုလုံးထဲမှာ
နိုင်ငံ ၂၀ ပါဝင်ပေမယ့် ၃ နိုင်ငံကတော့ ထူးထူးခြားခြား သတ်မှတ်ခံရပါ
တယ်။
အမေရိကန်နိုင်ငံခြားရေးဌာန၊
နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရား
ဥပဒေ စိုးမိုးရေးဆိုင်ရာ
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဂျွန်ဆန်
(David Johnson) က မနေ့က အမေရိကန် ဒေသစံတော်ချိန်ညနေပိုင်း
နိုင်ငံခြားရေး
ဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားရာမှာ …
"ဒီနိုင်ငံ
၂၀ ထဲမှာ ဘိုလီးဗီးယား၊ မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေဟာ သူတို့သဘောတူ
ထားတဲ့
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေအရ
လိုက်နာလုပ်ဆောင်ရမှာတွေကို လုံလုံလောက်လောက် အပြည့်အ၀ အကောင်အထည်
ဖော်ဖို့
ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်သမ္မတက သတ်မှတ်ပါတယ်။"
အဲဒီနောက်
နိုင်ငံတခုချင်းနဲ့ပတ်သက်ပြီး သီးခြားစီ ဆက်ပြောပါတယ်။ မြန်မာနိုင်ငံနဲ့
ပတ်သက်လို့တော့ …
"မြန်မာနိုင်ငံဟာ
ဒီနှစ်မှာလည်း သိသိသာသာကို ပျက်ကွက်ပါတယ်။ အာရှတိုက်မှာ
မက်သမ်ဖက်တမင်းဆေးပြားတွေ ရရှိနိုင်တဲ့
အကြီးဆုံး အရင်းအမြစ်နိုင်ငံ ဖြစ်နေဆဲပါ။
ဒါ့အပြင် သိသိသာသာ ကျဆင်းခဲ့တဲ့ ဘိန်းစိုက်ပျိုးမှုဟာလည်း
ပြန်ပြီးတက်လာပါတယ်။
မြန်မာစစ်အစိုးရဟာ စိတ်ကြွဆေးပြားထုတ်လုပ်မှု တိုက်ဖျက်ရေးနဲ့
ဘိန်းစိုက်ပျိုးမှု
ပပျောက်ရေးတို့အတွက် အနည်းအကျဉ်းပဲ လုပ်ဆောင်ခဲ့ပါတယ်။
အကျင့်ပျက်
လာဘ်စားမှုတွေနဲ့ ငွေမည်းခဝါချမှု တိုက်ဖျက်ရေးတွေဟာလည်း ဆက်ပြီးတော့
အားပျော့နေဆဲပါ။"
နိုင်ငံတနိုင်ငံကို
အခုစာရင်းထဲမှာ ထည့်သွင်းတာဟာ အဲဒီနိုင်ငံအစိုးရရဲ့ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးဆိုင်ရာ
ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် ဒါမှမဟုတ် အမေရိကန်
ပြည်ထောင်စုနဲ့
ပူးပေါင်းဆောင်ရွက်မှုအပေါ် မကောင်းတဲ့သဘောထားပြီး သတ်မှတ်
တာမျိုး မဟုတ်ဘူးလို့
မစ္စတာဂျွန်ဆန်က ပြောပါတယ်။
မူးယစ်ဆေးဝါး
မှောင်ခိုကုန်ကူးရာ အဓိကလမ်းကြောင်း ဒါမှမဟုတ် မူးယစ်ဆေးဝါး
ထုတ်လုပ်ရာ
အဓိကနိုင်ငံတခုအဖြစ် သတ်မှတ်ရတဲ့ အကြောင်းရင်းတွေထဲမှာ တခုက
တော့ အစိုးရက
အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ပေမယ့် မူးယစ်ဆေးဝါး မှောင်ခို
ကုန်ကူးရာကြားစခန်း
ဒါမှမဟုတ် မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေဖြစ်စေတဲ့ နိုင်ငံ
တခုတည်ရှိရာ ပထဝီအနေအထား၊
ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာတွေ ပေါင်းစပ်
ထားတဲ့
အကြောင်းအချက်ကြောင့်ဖြစ်တယ်လို့ မစ္စတာဂျွန်ဆန်က ဆိုပါတယ်။
ဒါပေမယ့်
နိုင်ငံတခုဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘော
တူညီချက်တွေအရ လိုက်နာလုပ်ဆောင်ရမယ့်
တာဝန်တွေကို အပြည့်အဝလုပ်ဆောင်ဖို့
ပျက်ကွက်တယ်ဆိုရင်တော့ အဲဒီနိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ
သိသိ
သာသာကို အောင်မြင်မှုမရတဲ့အကြောင်း အမေရိကန်သမ္မတက သတ်မှတ်တာပါတဲ့။
အခုလိုသတ်မှတ်ခံရတဲ့ နိုင်ငံတခုအပေါ်မှာ ဒဏ်ခတ်အရေးယူမှုတွေကို
ချမှတ်နိုင်ပါ
တယ်လို့လည်း မစ္စတာဂျွန်ဆန်က ပြောပါတယ်။
ဒါပေမယ့်
အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အထူးအရေးပါတယ်ဆိုရင်
တော့ နိုင်ငံတခုကို
အထောက်အပံ့တွေ ဆက်ပေးအပ်ပြီး သမ္မတအနေနဲ့ အရေးယူမှု
မလုပ်ဆောင်ဘဲ နေလို့ရတယ်လို့လည်း
ဆိုပါတယ်။
UNODC
ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်တဲ့
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ
ကိန်းဂဏန်းတွေအရဆိုရင်လည်း ၂၀၀၇ ခုနှစ်အတွင်း
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧက
တိုးလာတာကို တွေ့ရပါတယ်။ မက်သမ်ဖက်တမင်းနဲ့
ပတ်သက်လို့လည်း မြန်မာနိုင်ငံဟာ
အဓိကထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်နေဆဲပဲလို့
UNODC က ပြောထားပါတယ်။ ဒါ့အပြင် ၂၀၀၃
ခုနှစ်ကတည်းက စပြီးတော့ စိတ်ကြွ
ဆေးပြား သုံးစွဲသူအရေအတွက် တနှစ်ထက်တနှစ်
ပိုများလာတယ်လို့ UNODC ရဲ့
နောက်ဆုံးအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အကြီးအကဲ ရဲမှူးကြီး
ခမ်းအောင်ကတော့
မြန်မာနိုင်ငံမှာ မက်သမ်ဖက်တမင်းထုတ်လုပ်မှု တိုးလာတယ်ဆိုတဲ့
အချက်ကို ငြင်းပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ ဗွီအိုအေရဲ့ ဆက်သွယ်မေးမြန်းချက်
တခုမှာ ရဲမှူးကြီးခမ်းအောင်က …
"အဲဒါ
သိပ်ပြီးတော့ မခိုင်မာဘူးလို့ ကျနော်တွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့
ကျနော်
တို့ဆီမှာတင်မဟုတ်ဘဲ ဒေသတွင်း တကယ့် Lab အကြီးကြီးတွေ ဖမ်းမိတာတွေက
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အဲဒီနေရာတွေက Lab တွေက
ကျနော်တို့နိုင်ငံမှာရှိတဲ့ Lab နဲ့ဆိုရင် ဘာမှမဆိုင်ဘူး။ ကျနော်တို့ဆီမှာရှိတဲ့
Lab တွေက
စာရင်းတောင်မဝင်တော့ဘူး။ ဟိုမှာရှိတဲ့ Lab တွေက တကယ့် Mega Lab တွေ၊
Super Lab တွေဖြစ်နေတာ တွေ့ရတယ်။ ကျနော်တို့ဆီမှာလည်း မထွက်ဘူးတော့
မဟုတ်ဘူး၊
ထွက်တော့ထွက်မယ်။ သို့သော် သူတို့နဲ့ယှဉ်လိုက်ရင် မပြောပလောက်
တော့ဘူး။
ကျနော်တို့ဆီမှာထွက်တာ ကျနော်တို့ Local Market အတွက်ဖြစ်မလား၊
အဲလို ကျနော်တို့
သုံးသပ်ပါတယ်။"
မြန်မာအစိုးရရဲ့
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အကြီးအကဲ ရဲမှူးကြီးခမ်းအောင်
ပြောပြသွားတာ
ဖြစ်ပါတယ်။
တွေကို ဖျက်ဆီးတာတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ မှောင်ခိုကုန်ကူးသူတွေကို
ဖမ်းဆီးအရေးယူတာတွေကို နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူ ၄၂၀၊ မူးယစ်ဆေးဝါး
ဆက်စပ်အမှုပေါင်း ၂၆၅ မှုကို ဖမ်းဆီးအရေးယူခဲ့တဲ့အကြောင်း ကြေညာခဲ့ပါသေး
တယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးကင်းစင်တဲ့ နိုင်ငံဖြစ်ရမယ်ဆိုပြီး
၂၀၀၀ ပြည့်နှစ်ကစလို့ ၁၅ နှစ်စီမံကိန်းတခု ချမှတ်ပြီးတော့ လုပ်ဆောင်နေတယ်လို့
ကြေညာထားပါတယ်။