သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးကယ်တင်မှုအစီအစဉ် လွှတ်တော် လက်ခံဖို့ သမ္မတ ဘုရှ် မျှော်လင့်


့်အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ဘဏ္ဍာငွေထဲက အမေရိကန်ဒေါ်လာ သန်းပေါင်း ခုနှစ်သိန်းကို သုံးစွဲပြီး အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးကို ပြန်လည်ဆယ်ယူမယ့် သူ့အစိုးရအဖွဲ့ရဲ့ အစီအစဉ်ဟာ ကွန်ဂရက်လွှတ်တော်မှာ အပြင်းအထန် အငြင်းအခုံတွေ အများကြီးရှိနေမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ အစိုးရရဲ့ အစီအစဉ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း နယူးယောက်ခ်မှာ ရောက်နေတဲ့ သမ္မတ ဂျော့ ဘုရှ် (George Bush) က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံသူ ဝါရန် ဘက်ဖ်ဖက် (Warren Buffet) က သူ့ရဲ့ Berkshire Hathaway ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးက နယူးယောက်ခ်မြို့ Wall Street စတော့ရှယ်ယာဈေးကွက်ထဲက ဧရာမရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Goldman Sachs ရဲ့ အစုရှယ်ယာတန်ဘိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးထောင်ကို ဝယ်ယူမယ်ဆိုတဲ့ သတင်းကို မနေ့က ကြေညာလိုက်ပြီးတဲ့နောက် အာရှ ပစိဖိတ်ဒေသက ငွေကြေးဈေးကွက်မှာ ဒီကနေ့ အရောင်းအဝယ်တွေ တော်တော်ကြီး သွက်သွက်လက်လက်ဖြစ်သွားပါတယ်။

သြစတြေးလျ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် နိုင်ငံတွေက ဗဟိုဘဏ်တွေနဲ့ ညှိနှိုင်းပြီး အမေရိကန်ဗဟိုဘဏ်က ကမ္ဘာ့ငွေကြေးစနစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးသောင်း ထည့်သွင်းမယ်လို့လည်း ဒီကနေ့ ကြေညာသွားပါတယ်။

အမေရိကန် စီးပွားရေးကို ပြန်ပြီးဆယ်တင်ဖို့ သမ္မတဘုရှ် အစိုးရက အစိုးရဘဏ္ဍာသန်းပေါင်း ခုနှစ်သိန်း သုံးစွဲမယ့်အစီအစဉ်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်က အပြင်းအထန် ဆန့်ကျင်နေပါတယ်။ ဂျပန်ငွေကြေးဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာ ဟာ ဒီကနေ့ တစ်ရာ့ခြောက် ဒဿမ တစ်သုံး သန်းပေါက်ခဲ့ပြီး အမေရိကန်ဒေါ်လာဟာ မနေ့ကထိ သုည ဒဿမ ငါးခုနှစ် ယန်းဈေးတက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG