သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကယ်ဆယ်ရေး ရန်ပုံငွေ မှန်းချက်မကိုက်သေး


မြန်မာနိုင်ငံက နာဂစ် ဆိုင်ကလုံးမုန်တိုင်းတွေအတွက် ကုလသမဂ္ဂက တင်ပြထားတဲ့ လိုအပ်တဲ့ ငွေကြေး အထောက်အပံ့ တွေထဲမှာ ငါးဆယ် ရာခိုင်နှုန်းပဲ ရရှိသေးတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူ မိရှဲလ်မွန်းတက်က

“မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက တင်ပြထားတဲ့ ကူညီကယ်ဆယ်ရေး အထောက်အပံ့ဟာအပြည့်အ၀ မရရှိသေးပါဘူးလို့ လူသားချင်း စာနာကူညီမှု ထောက်ပံ့ ညှိနှိုင်းရေးအဖွဲ့က ပြောလိုက်ပါတယ်။ လယ်ယာ စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် သန်း ၄၆၀ ကျော် လိုအပ်နေပေမယ့် သန်း ၂၄၀ပဲ ရရှိသေးတယ်လို့ အိုချာက ပြောပါတယ်။ နာဂစ်မုန်တိုင်းဒဏ်သင့်ခံခဲ့ရပြီး ငါးလအတွင်း စားနပ်ရိက္ခာ မက်ထရစ် တန်ချိန် ၂ သန်းကျော်ကို မုန်တိုင်း ဒုက္ခသည်တွေကို ပေးပို့နိုင်ခဲ့ပါတယ်။ ဆက်လက်ကူညီမှုတွေ ထပ်မံပြီး လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဘိရှိူးပါရာ ဂျူလီကလည်း မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီ အထောက်အပံ့တွေ ပေးပြီးနောက် ပြန်လည်ထူထောင် နေရာချထားပေးရေး အတွက်လည်း အကူအညီတွေ အများကြီးလိုအပ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ မေလ ၂ရက်နေ့နဲ့ ၃ရက်နေ့ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၂သန်းကျော် နေထိုင်တဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ဟာ ပြင်းပြင်းထန်ထန် ခံခဲ့ရတာဖြစ်ပြီး လူ တစ်သိန်း လေးသောင်းကျော်ဟာလည်း ပျောက်ဆုံး ဒါမှမဟုတ် သေဆုံး ခဲ့ကြရပါတယ်။ လူသားချင်း ကူညီမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ပေးခဲ့တာ အခုဆိုရင် ငါးလရှိခဲ့တာဖြစ်ပြီး အရေးပေါ် ကူညီကယ်ဆယ်မှုလုပ်ငန်းတွေ ပြီးတဲ့နောက် ရေရှည်ဆက်လက်ကူညီလုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂက ဦးဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဆွေးနွေး ညှိနှိုင်းနေကြပြီး ဖြစ်ပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG