သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပကတင်သွင်းတဲ့ နို့မှုန့်တွေ မစားသုံးဖို့ မြန်မာအာဏာပိုင်တွေ နှိုးဆော်


တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ နို့ထွက် ပစ္စည်းတွေကို မစားသုံးကြဖို့အတွက် မြန်မာအာဏာပိုင်တွေက လူထုကို နိုးဆော် ထားတယ်လို့ တနင်္ဂနွေနေ့ထုတ် မြန်မာအလင်းသတင်းစာ ဖော်ပြလိုက်ပါတယ်။ ပလက်စတစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ မယ်လမင်း ဓာတုဓာတ် ပါဝင်မှု အချိုးများတာကြောင့် သောက်သုံးတဲ့ ကလေးတွေမှာ ကျောက်ကပ် ပျက်စီးစေနိုင်တာမို့ ကျန်းမာရေး ဝန်ကြီး၊ ကျန်းမာရေး ဦးစီးဌာန၊ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနကနေ တရုတ်နိုင်ငံက မြန်မာ ပြည်တွင်း တင်သွင်းလာတဲ့ ကလေးနို့မှုန့် ၁၆တန်ကို ဖျက်ဆီးခဲ့တဲ့အကြောင်း၊ ဈေးတွေမှာလည်း မယ်လမင်း အဆိပ်သင့်တဲ့ နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းတွေ မရောင်းချဖို့ ညွှန်ကြားတဲ့ အကြောင်း မြန်မာ့အလင်း သတင်းစာက ရေးသားထားပါတယ်။

တရုတ်နိုင်ငံက အဆိပ်သင့်တဲ့ နို့မှုန့်တွေ ထုတ်လုပ်တဲ့ ကုမ္မဏီတွေ စာရင်းပြုစု ရာမှာ မပါဝင်တဲ့ တချို့ ကုမ္မဏီတွေကနေ မြန်မာပြည်ကို တင်သွင်းခဲ့တဲ့ နို့မှုန့်တန်ချိန် ၁၅၀၀ကိုလည်း စစ်ဆေးဖို့ စီစဉ်နေပြီလို့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တချိန်ထဲမှာလည်း ဒီနေ့ တရုတ်ပြည်မှာရှိတဲ့ မြို့ကြီး ၂၇မြို့က အသစ်ထုတ်လုပ်တဲ့ နို့ အရည်တွေမှာ အမျိုးပေါင်း ၆၀၀ကျော်မှာ မယ်လမင်း ဓာတုဓာတ် ကင်းစင်တာ တွေ့ရတယ်လို့ တရုတ်နိုင်ငံက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG