သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


အမေရိကန် သမ္မတရွေးကောက်ပွဲလည်း နိုဝင်္ဘာလ ၄ ရက်နေ့မှာ ကျင်းပမယ်ဆိုတော့ တနေ့တခြား နီးကပ်လာပါပြီ။ ဒါကြောင့် ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ true blue, red blooded Republican နဲ့ die hard တို့ကို တင်ပြထားပါတယ်။

True Blue - "အပြာရောင်စစ်စစ်" လို့ တိုက်ရိုက် အဓိပ္ပာယ် ပြန်နိုင်ပါတယ်။ စကားလုံးနောက်ခံ ဆင်းသက်လာတာကတော့ (၁) ကောင်ကင်ရဲ့  မပြောင်းလဲတဲ့ အပြာရောင်ကို တင်စားခေါ်ဝေါ်ခြင်း (၂) အရောင်မကျွတ်တဲ့ မဲပြာဆေးဆိုးလို တခုခုကို မပြောင်းလဲဘဲ စွဲစွဲမြဲမြဲ စွဲကိုင်ထားခြင်း တို့ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ၁၆၀၇ ခုနှစ်အလယ်ပိုင်းမှာ Presbyterian ခရစ်ယာန်ဘာသာ စွဲစွဲမြဲမြဲ ကိုးကွယ်ကြတဲ့ စကော့လူမျိုး (Scottish People) တွေက အပြာရောင်ဝတ်စုံကို စွဲစွဲမြဲမြဲ ၀တ်ဆင်ကြလို့ သူတို့ကိုလည်း True Blue လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒါကြောင့် စွဲစွဲမြဲမြဲ တခုခုကို ဆုတ်ကိုင်ထားခြင်းလို့ True Blue ကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ True Blue ကို အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ်ပါတီ နဲ့ တွဲဖက်သုံးလေ့ရှိပါတယ်။

"I'm a true blue democrat. So, this election I am voting for Barack Obama."
"ကျနော်က တကယ့် ဒီမိုကရက်တစ် စစ်စစ်ဗျ။ ဒါကြောင့်မို့ အခုရွေးကောက်ပွဲမှာ ဘာရက် အိုဘားမား ကို မဲပေးပါမယ်။"

True Blue ကို တနည်းအားဖြင့် Registered Democrat ခေါ် ဒီမိုကရက်အဖြစ် မှတ်ပုံတင် တင်ထားသူလို့ ပြောနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အဓိကပါတီနှစ်ရပ်ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ နဲ့ ရီပတ်ဘလစ်ကန်ပါတီ တို့ရှိရာ ရီပတ်ဘလစ်ကန်ကို အမြဲထောက်ခံ မဲပေးလာသူကိုတော့ Red Blooded Republican - ရဲရဲတောက်နီတဲ့သွေး (သို့) ရဲရဲတောက် ရီပတ်ဘလစ်ကန်၊ စွဲစွဲမြဲမြဲ ရီပတ်ဘလင်ကန်ပါတီ ကိုဘဲ ထောက်ခံသူ ကို ခေါ်ဆိုနိုင်ပါတယ်။

ရွေးကောက်ပွဲကာလမှာ အမေရိကန်ပြည်ထောင်စု ပြည်နယ်ငါးဆယ်မှာ ရီပတ်ဘလစ်ကန်တွေမဲပေးများတဲ့ပြည်နယ်ကို အနီရောင်၊ ဒီမိုကရက်တစ်အနေများ အပိုင်နိုင်မယ့် ပြည်နယ်ဒေသတွေကို အပြာရောင် တို့နဲ့ ရည်းညွှန်းပြဆိုထားပါတယ်။ နှစ်ပါတီလုံး နိုင်ဖို့ အလားအလားရှိတဲ့ ပြည်နယ်တွေကိုတော့ ခရမ်းရောင်နဲ့ ပြသထားပါတယ်။
ဒီမိုကရက်တစ်တွေဘဲ အနိုင်ရရှိလာတဲ့ မေရီလန်ပြည်နယ် (Maryland) မှာ ၀င်အရွေးခံတဲ့ ရီပတ်ဘလစ်ကန် အမတ်လောင်းတဦးနဲ့ ပတ်သက်လို့ တင်ပြထားတဲ့ ဥပမာကတော့

"Lieutenant Governor Michael Steele of Maryland is a red blooded Republican in a true state."
"မေရီလန်ပြည်နယ်ရဲ့  ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှုး မိုက်ကယ် စတီ ဟာ ဒီမိုကရက်စစ်စစ်ပြည်နယ်မှာ ရဲရဲတောက် ရီပတ်ဘလစ်ကန်ကြီး ဖြစ်နေတာကို တွေ့ရတယ်။"

Die hard - သေဖို့ခဲယဉ်ခြင်း။ စကားလုံ သမိုင်းကြောင်းကတော့ ၁၈၁၁ ခုနှစ်က ဗြိတိသျှ ၅၇ ခြေမြန်တပ်ရင်းတပ်မှုး Colonel William Inglis က Battle of Albuera ကျွန်းစွယ် စစ်ပွဲမှာ သူ့တပ်မ ၅၇ က အသေခံတိုက်မယ် die hard 57th die hard လို့ အမိန့်ပေးခဲ့ရာမှ နောက်ပိုင်းတွင် ဒီတပ်မကို die hard တပ်လို့ အမည်တွင်ခဲ့ပါတယ်။ ၂၀ ရာစုနောက်ပိုင်းမှာ die hard ဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံရေးမှာ ခေတ်စားလာပြီး ကိုယ်ပါတီအတွက် အသေခံသွားမယ်၊ ပါတီအပေါ် အသေခံလုပ်ဆောင်သွားမဲ့ လူတွေကို ရည်ညွှန်းပြောဆိုပါတယ်။ နေ့စဉ်ဘ၀မှာလည်း တခုခုကို အသတ်နဲ့လဲ စွဲကိုင်ထားတဲ့လူကိုလည်း die hard လို့ခေါ်ဆိုပါတယ်။

"Senator Hilary Clinton's new job is to pursuade her die hard fans to support Mr. Obama in the up coming elections."
"အထက်လွှတ်တော်အမတ် ဟေလာရီ ကလင်တန်ရဲ့  တာဝန်အသစ်ကတော့ သူမှသူလို့ ထောက်ခံခဲ့ကြတဲ့သူတွေကို လာမဲ့ရွေးကောက်ပွဲများမှာ မစ္စတာ အိုဘားမား ကို ထောက်ခံကြဖို့ ဖြောင့်ဖျနားချနိုင်ရေးပါဘဲ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG