သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာငွေကြေးအကျပ်အတည်း ဖြေရှင်းရေး နိုင်ငံတကာ ထိပ်သီးညီလာခံ ကျင်းပတော့မည်


ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်နေမှုကို ဝိုင်းဝန်းဖြေရှင်းကြဖို့ ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးတရပ်ကို အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ်နဲ့ မကြာခင်မှာ ကျင်းပသွားမယ်လို့ သမ္မတ ဂျော့ ဘုရှ် က မနေ့က ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်နားက သမ္မတ ရဲ့ အပန်းဖြေစခန်း ကန့် ဒေးဗစ် (Camp David) မှာ သမ္မတ ဘုရှ် ဟာ ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီ၊ ဥရောပ ကော်မရှင် ဥက္ကဌ ဂျိုဆေး မနူရယ် ဘယ်ရိုဆို တို့နဲ့ အတူယှဉ်တွဲပြီး ထိပ်သီး အစည်းအဝေး ကျင်းပမယ့်အကြောင်း ကြေညာခဲ့တာပါ။

ဒီအစည်းအဝေးမှာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေကရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကရော ခေါင်းဆောင်တွေကို ဖိတ်ကြားမှာ ဖြစ်တယ်လို့လည်း သမ္မတ ဘုရှ် က ဆိုပါတယ်။ ကမ္ဘာ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ခိုင်မာတောင့်တင်းရေး ခေတ်မှီရေးနဲ့ အခု လက်ရှိ အကျပ်အတည်းမျိုး နောက်ထပ် မဖြစ်ပေါ်ရအောင် ကာကွယ် တားဆီးရေးတို့ကို အထူး ပြုပြီးတော့ ဒီ ထိပ်သီး အစည်းအဝေးမှာ အာရုံစိုက်ဆွေးနွေး သွားကြမယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

ပြင်သစ် သမ္မတ နဲ့ ဥရောပ ကော်မရှင် ဥက္ကဌတို့ဟာ ကမ္ဘာ့စီးပွားရေး အခြေအနေတွေကို သမ္မတ ဘုရှ် နဲ့ ဆွေးနွေးနေကြပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို ခေါင်းဆောင်တွေ အတူတကွ လက်တွဲဖြေရှင်း ဆောင်ရွက်သွားရေးဟာ အရေးကြီးတယ်လို့ ပြင်သစ်နဲ့ အမေရိကန် သမ္မတ နှစ်ဦးစလုံးက ပြောဆိုနေကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ် တရပ်လုံးကို အောက်ခြေကစပြီး ပြုပြင်ပြောင်းလဲပစ်ဖို့ ဥရောပ ခေါင်းဆောင်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတရပ်ကို လာမယ့် ဒီဇင်ဘာလ နယူးယောက်မြို့မှာ ကျင်းပဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကမ်းလှမ်းထားတာ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG