မြန်မာနိုင်ငံမှာ
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ
အတွက်
တွေ့ဆုံဆွေးနွေးရေးကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ မြန်မာ
နိုင်ငံက
အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)၊
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းနဲ့ အီးအန်စီခေါ်
တိုင်းရင်းသားလူမျိုးများ
ကောင်စီတို့ရဲ့ အမြင်သဘောထားတွေကို ထိုင်းနိုင်ငံရောက်
ဗွီအိုအေ၀ိုင်းတော်သူ
ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့
နိုင်ငံတကာက မျှော်လင့်တောင်းဆိုနေတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့
လုပ်ဆောင်မှုတွေ
မလုပ်တဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ် မစ္စတာဘန်ကီမွန်းက
သူ့ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံရဲ့
အနာဂတ်အတွက်
သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကလွဲပြီး တခြား
နည်းလမ်းမရှိဘူးလို့
ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုတွေ့ဆုံဆွေးနွေးဖို့ကလည်း
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့က အဓိက
ကျတယ်လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး
အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို သိရဖို့ အဖွဲ့ချုပ်ပြောခွင့်ရ
ဦးဉာဏ်ဝင်းကို
မေးကြည့်ပါတယ်။
"ကျနော်တို့သဘောထားပြောရရင်
ကုလသမဂ္ဂက
အကြိမ်ပေါင်းများစွာ မျိုးစုံကြိုးစားပေမယ့် တိုးတက်မှု
မရှိတဲ့အပေါ်မှာ
စိတ်ပျက်တာပါ။ ပြောသွားတဲ့အထဲမှာ
အတိုက်အခံတွေနဲ့ လက်တွေ့ အဓိပ္ပာယ်ရှိတဲ့
တွေ့ဆုံ
ဆွေးနွေးပွဲတွေ လိုအပ်တယ်ဆိုတာ အမှန်ကန်ဆုံးပါပဲ။
တိုင်းပြည်အတွက်
အကောင်းဆုံးနည်းလမ်းပဲလို့
အန်ကယ်တို့ သဘောတူပါတယ်။
"ကုလသမဂ္ဂမှာ
လုပ်ပိုင်ခွင့်က သူ့အတိုင်းအတာနဲ့သူ
သတ်မှတ်ပြီးသားရှိတယ်။ ဒီ့ထက် ပိုလုပ်လို့လည်း
မရ
ဘူး။ အဲတော့ အခုလိုပြောလိုက်ခြင်းအားဖြင့် တာဝန်ရှိ
တဲ့လူတွေမှာ
ဘယ်လောက်တာဝန်ရှိတယ်ဆိုတာ
ကမ္ဘာက ပိုပြီး သဘောပေါက်လာမယ်လို့ အန်ကယ် မြင်ပါတယ်။"
အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
ဝါရင့်နိုင်ငံရေးသမားကြီး
သခင်ချန်ထွန်းကတော့ မြန်မာစစ်အစိုးရဘက်က
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လမ်း
လုံးဝမရှိဘူးလို့ မြင်ပေမယ့် မြန်မာလူထုနဲ့
နိုင်ငံတကာက တောင်းဆိုနေတဲ့အတိုင်း
အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါ
တယ်။
"တွေ့ဆုံဆွေးနွေးဖို့နဲ့
ဒေါ်အောင်ဆန်းစုကြည်လွှတ်ဖို့ ပြောနေတာကတော့ အကြိမ်ကြိမ်
အခါခါရှိသွားပြီ။ အဲလို
အကြိမ်ကြိမ် အခါခါဖြစ်ပြီးတော့ မလွှတ်တဲ့အတွက် အတွင်းရေး
မှူးချုပ်အနေနဲ့
စိတ်ပျက်တယ်ဆိုတာ ယုံကြည်ပါတယ်၊ လက်ခံပါတယ်။ အမှန်ကတော့
ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့
နာမည်ကို မကြားချင်ဘူး၊ မတွေ့ချင်ဘူးဆိုတဲ့ သဘောမျိုး
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
ပြောတယ်ဆိုတဲ့သတင်းတွေက စောစောကတည်းက
အတော်လေး ဂယက်ရိုက်လာတယ်။
"အဲတော့
ဒီကိစ္စတွေကြောင့် တွေ့ဆုံဆွေးနွေးဖို့ဆိုတာကလည်း အလိုလိုကို ဖြစ်ပေါ်လာ
ဖို့ အကြောင်းမရှိဘူး။ လွှတ်ဖို့ဆိုတာကတော့ ကမ္ဘာက ဘယ်လိုပြောပြော အစိုးရက မိမိ
တို့ရဲ့
လုံခြုံမှု၊ မိမိတို့ရဲ့ တည်မြဲမှုအတွက် အနှောင့်အယှက်ဖြစ်မယ်ဆိုရင်
ဘယ်သူ့မှ
လွှတ်မယ်လို့ မယူဆဘူး။ အဲဒါကြောင့် ဘယ်လောက်တောင်းနေနေ၊ တကမ္ဘာလုံးက
တောင်းနေနေ၊ အခုပဲ အနှစ် ၂၀ ထဲရောက်လာပြီ၊ ဒီတိုင်းပဲနေတာပဲ။ လွှတ်မယ့်အခြေ
အနေ၊
တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ လုံးဝမမြင်သေးဘူးလို့ ဘဘတို့မြင်တယ်။
"ဒါကြောင့်
အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုတဲ့အတိုင်းပဲ အမြန်
ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို
လွှတ်ပေးပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ဆိုတာကို
ဘဘတို့က အလေးအနက် ထောက်ခံတယ်။
အစိုးရကိုလည်း တိုင်းပြည်ရဲ့အခြေအနေ
ကို ထောက်ပြီးတော့ အမြန်ဆုံး
တွေ့ဆုံဆွေးနွေးပါ၊ အမြန်ဆုံး ဒေါ်အောင်ဆန်းစုကြည်
လွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးပါ။
ဒါ ပြည်သူလူထုရဲ့ဆန္ဒ၊ ကမ္ဘာကြီးရဲ့ဆန္ဒနဲ့လည်း
ကိုက်ညီပါတယ်လို့
နိုင်ငံတော်အစိုးရကို တိုက်တွန်းချင်ပါတယ်။"
စစ်အစိုးရဘက်က
တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအ၀င် သက်ဆိုင်သူအားလုံးပါဝင်
တဲ့
တွေ့ဆုံဆွေးနွေးရေးလမ်းကို လျှောက်လှမ်းဖို့ မလုပ်တဲ့အတွက်
ဒီတွေ့ဆုံဆွေးနွေးပွဲ
တွေ ဖြစ်မြောက်လာဖို့ နည်းလမ်းပေါင်းစုံနဲ့
ကြိုးစားဖို့လိုအပ်တယ်လို့ အီးအန်စီခေါ်
တိုင်းရင်းသားလူမျိုးများကောင်စီက
အထွေထွေအတွင်းရေးမှူး ဦးမခေါ်ခွန်ဆာက မြင်ပါ
တယ်။
"ကျနော်တို့ကတော့
တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ဖို့အတွက် အမြဲကြိုးစားနေမယ်။
ဒါပေမယ့်
တွေ့ဆုံဆွေးနွေး အဖြေရှာဖို့သက်သက် တခုတည်းနဲ့တော့ အခု နအဖ
လုပ်နေပုံမျိုးနဲ့ဆိုရင်တော့
မဖြစ်နိုင်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ တွေ့ဆုံ
ဆွေးနွေးရေး ဖြစ်ဖို့အတွက်တော့
နည်းလမ်းပေါင်းစုံ ကြိုးပမ်းဆောင်ရွက်ရမယ်လို့
မြင်တယ်။ အထွေထွေအတွင်းရေးမှူး
ဘန်ကီမွန်းပြောတဲ့ စကားအရတော့ သူက ဒါပဲ
ရှိတယ်လို့ ပြောတာပေါ့။ ဒါပေမယ့် စစ်အစိုးရက
ဒီလမ်းပေါ် လျှောက်မလာသေးတဲ့
အတွက် ကျနော်တို့က ဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ့်
တာဝန်ကတော့ ကျနော်တို့
တာဝန်ပဲဖြစ်တယ်လို့ အဲလိုပဲမြင်ပါတယ်။"
ဘယ်လိုပုံစံမျိုးနဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ချက်ရှိပါလဲ။
"အဲဒါတော့
နည်းလမ်းပေါင်းစုံပေါ့။ နည်းလမ်းပေါင်းစုံဆိုတဲ့နေရာမှာ ရန်သူက
ခန့်ညား
လေးစားလောက်တဲ့၊ ဆွေးနွေးဝိုင်းပေါ် ရောက်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး၊
သံခင်း
တမန်ခင်း စသဖြင့် အဲဒီနည်းလမ်းပေါင်းစုံနဲ့ တည်ဆောက်ရမယ်၊
ကြိုးပမ်းဆောင်ရွက်
ရမယ်လို့ ကျနော်က အဲလိုပဲမြင်ပါတယ်။"
အစီရင်ခံစာအပေါ် အဓိက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေရဲ့ အမြင်
သဘောထားတွေပဲ ဖြစ်ပါတယ်။