လာမယ့်
နိုဝင်ဘာလ ၄ ရက်နေ့ အမေရိကန် သမ္မတရွေးပွဲမှာ အနိုင်ရဖို့အတွက်
အဓိကကျတဲ့ ပြည်နယ် ၂ ခုမှာ
ဒီမိုကရက်ကိုယ်စားလှယ် ဘရက်ခ် အိုဘားမား (Barack
Obama) နဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက ဂျွန်
မက်ကိန်း (John McCain) တို့
မဲဆွယ်လှုပ်ရှားမှုတွေ
လုပ်ဆောင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း ပြည်နယ်တွေဖြစ်ကြတဲ့
ပင်ဆယ်လ်ဗေးနီး
ယားနဲ့ အိုဟိုင်းယိုးတို့မှာ ဒီကနေ့ မဲဆွယ်စည်းရုံး
လှုပ်ရှားနေကြတာပါ။ တနိုင်ငံလုံး
အတိုင်းအတာနဲ့ ကောက်ယူထားတဲ့ လူထုစစ်တမ်းအရတော့
လတ်တလောမှာ ဒီမို
ကရက်တစ် ကိုယ်စားလှယ်လောင်း အိုဘားမားက ၇% နဲ့ ဦးဆောင်နေပါတယ်။
အထက်လွှတ်တော်အမတ်
အိုဘားမားရဲ့လက်ထောက်တွေ ပြောတာကတော့
အိုဘားမားဟာ အဆုံးသတ်မိန့်ခွန်းပြောမယ်လို့
ဆိုပါတယ်။
တယ်။ တချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန်ပါတီရဲ့ ဒု-သမ္မတလောင်းအဖြစ် အရွေးခံမယ့်
ဆာရာပေလင်း (Sarah Palin) က ဗာဂျီးနီးယားပြည်နယ်မှာ မဲဆွယ်စည်းရုံးနေပြီးတော့
သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက်ပါတီက ဂျိုးဘိုင်ဒင် (Joe Biden) ကတော့ မြောက်ကာရို
လိုင်းနားပြည်နယ်မှာ မဲဆွယ်ပွဲတွေ လုပ်ဆောင်နေကြပါတယ်။