သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများ 


ရက်အနည်းအတွင်း ကျင်းပပြုလုပ်တော့မယ့် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲဆိုင်ရာ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ toss-up, up for grabs, the upper hand နဲ့ under dog တို့ကို တင်ပြထားပါတယ်။

Toss-up - အပေါ်ကို မြောက်ပစ်လိုက်ခြင်းလို့ တိုက်ရိုက်အဓိပ္ပာယ် ရပါတယ်။ ခေါင်းပန်းလှန်ခြင်းကိုလည်း toss-up လို့ သုံးနိုင်ပါတယ်။ ခေါင်းပန်းလှန်ခြင်းက ဘယ်ဖက်ကို ကျမယ်ဆိုတာ မသေချာတဲ့ အခြေအနေပါ။ အခုလက်ရှိ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေက အပိုင်းရမယ်လို့ တွက်ထားတဲ့ အနီရောင်နယ်မြေတွေ ရှိသလို ဒီမိုကရက်တစ်ဖက်က အနိုင်ရမယ်လို့ တွက်ထားတဲ့ အပြာရောင်ပြည်နယ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရီပတ်ဘလင်ကန်ဖက်က နိုင်မလား၊ ဒီမိုကရက်တစ်ဖက်က နိုင်မလားဆိုတာကို ကြိုပြီးတိတိကျကျ မခန့်မှန်းနိုင်တဲ့ မဲဆန္ဒနယ်မြေတွေမှာတော့ သမ္မတကိုယ်စားလှယ်လောင်း နှစ်ဦးတို့ရဲ့နိုင်ခြေက toss-up လို့ပြောလို့ရပါတယ်။

"Nevada is one of the handful of states that the poll groups are calling a toss-up has a November 4 Presidential election draws near. At this point it could go to either Democrat Barack Obama or Republican John McCain."
"Nevada ပြည်နယ်ဟာ မဲဆန္ဒရှင်စစ်တမ်း ကောက်ခံတဲ့ အုပ်စုတွေက ဘယ်ဖက်က အနိုင်ရမယ်လို့ မပြောနိုင်သေးတဲ့ လက်တဆုတ်စာ ပြည်နယ်တွေထဲက တပြည်နယ်ပါဝင်ပါတယ်။ နိုဝင်္ဘာ ၄ ရက် သမ္မတရွေးကောက်ပွဲကြီး နီးကပ်လာတာနဲ့အတူ လက်ရှိအခြေအနေအတိုင်းဆိုရင်တော့ ဒီမိုကရက်ဖက်က ဘာရက် အိုဘားမား (သို့) ရီပတ်ဘလစ်ကန်ဖက်က ဂျွန် မက်ကိန်း နိုင်မလားဆိုတဲ့ အခြေအနေ ဖြစ်နေပါတယ်"

Up for Grabs - လုယူဆွဲယူနိုင်တဲ့ အခြေအနေ။ တနည်းအားဖြင့် ပစ္စည်းတခုခုကို အလကားပေးတဲ့အခါ သူထက်ငါ လုယူရယူတက်ကြပါတယ်။ လက်ရှိ တချို့ပြည်နယ် ဒေသတွေမှာ မဲဆန္ဒရှင်အများစုက ဘယ်သူကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်နိုင် ရှိနေသေးပါတယ်။ ဒီလို ဆုံးဖြတ်ချက်မချနိုင်သေးတဲ့ မဲဆန္ဒရှင်တွေထံမှ မဲကို ကိုယ်စားလှယ်က မဲဆွယ်ကောင်းရင်ကောင်းသလို ရရှိနိုင်ပါတယ်။ အဲဒီပြည်နယ်တွေကို up for grabs လို့ ပြောဆိုခေါ်နိုင်ပါတယ်။

"Ohio is among a handful of states truly up for grabs. Polls suggest it could once again be among the tightest races."
"Ohin ပြည်နယ်က တကယ့်ကို ဘယ်သူက အနိုင်ရမယ်လို့ မပြောနိုင်သေးတဲ့ လက်တဆုတ်စာ ပြည်နယ်တွေမှာ ပါဝင်နေတယ်။ လူထုစစ်တမ်းတွေအရတော့ အကြိတ်အနယ်ဖြစ်မယ့်ပြည်နယ်မှာ ပါဝင်နေပါတယ်။"

The upper hand - အပေါ်ဖက်လက်လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပေမယ့် အီဒီယံအသုံးမှာတော့ အပေါ်ဆီကရနေတာ အရေးသာနေတာ နိုင်ခြေရှိနေတာ ကိုဆိုလိုပါတယ်။ လက်ရှိ သမ္မတရွေးကောက်ပွဲ လူထုစစ်တမ်းကောက်ခံချက်အရ ဒီမိုကရက်တစ်ဖက်က သမ္မတကိုယ်စားလှယ်လောင်း အိုဘားမား က ရီပတ်ဘလင်ကန်ဖက်က မက်ကိန်းကို ပြည်နယ်ဒေသ အသီးသီးမှာ အနိုင်ရရှိနေတယ်လို့ ပြသနေပါတယ်။

"With less than ten days to go until the election, the democrat has the upper hand. If things stay like this, they win the election."
"ရွေးကောက်ပွဲ ကျင်းပဖို့ ဆယ်ရက်တောင် မလိုတော့တဲ့အခြေအနေမှာ ဒီမိုကရက်ဖက်က အသာဆီရနေတာမို့ အခြေအနေက ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ဒီမိုကရက်တို့ဖက်က အနိုင်ရဖို့ များပါတယ်။"

Under dog - အောက်ဖက်ကခွေး လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပေမယ့် အီဒီယံအသုံးမှာတော့ ရှုံးဖို့အခြေစိုက်နေသူ ကို ပြောဆိုပါတယ်။ ဒီစကားလုံး ဆင်းသက်ဖြစ်ပေါ်လာတဲ့ နောက်ခံသမိုင်းကတော့ ရှေးခေတ်က ရေတပ်သင်္ဘောဆောက်လုပ်ရာမှ ဖြစ်ပါတယ်။ သင်္ဘောဆောက်ဖို့ သစ်တုံးတွေကို ပျဉ်ပြားဖြစ်အောင် ဖြတ်ရာမှာ တွင်းကြီးပေါ်မှာ ဖြတ်မဲ့သစ်တုံးတွေကို ကန့်လန့်ထားပြီး အပေါ်ကနေ တယောက် တွင်းထဲကနေ့တယောက်ဆင်းပြီး လွှကြီးနဲ့ ဖြတ်ရပါတယ်။ အဲဒီတွင်းကြီးကို Fire dog လို့ခေါ်ပါတယ်။ အပေါ်ဖက်နေသူကို Top dog လို့ခေါ်ပြီး တွင်းထဲကနေ မသက်မသာလုပ်ကိုင်နေရသူကိုတော့ Under dog လို့ခေါ်ဆိုပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးလောက နဲ့ အားကစားလောကတွေမှာ နိုင်ခြေမရှိသူ၊ အခြေအနေမကောင်းသူ ကို under dog လို့ ခေါ်ဆိုလာပါတယ်။ တခါတရံမှာတော့ နိုင်ခြေမရှိသူအပေါ် လူတွေက ကရုဏာထား စိတ်ပြောင်းကာ အားပေးလုပ်ဆောင်တက်ကြပါတယ်။ အခုလက်ရှိ ရွေးကောက်ပွဲမှာ သမ္မတဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ကိုင်တွယ်လုပ်ဆောင်မှု၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် ရီပတ်ဘလင်ကန်ကိုယ်စားလှယ် ဂျွန်မက်ကိန်း အနေနဲ့ အခြေအနေမလှ ဖြစ်နေရတယ်။

"John McCain recently declared himself the under dog who never gives up. Even after falling far behind in the polls against Barack Obama."
"ဘာရက် အိုဘားမား နဲ့ ပြိုင်ရာမှာ လူထုစစ်တမ်းကောက်ခံချက်တွေအရ နောက်က သူကလိုက်နေပေမဲ့ သူကတော့ နိုင်ခြေမရှိပေမဲ့ ဘယ်တော့မှ လက်မြောက်အရှုံးမပေးဘူးလို့ ဂျွန်မက်ကိန်း က မကြာသေးခင်က ပြောခဲ့ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG