အမေရိကန်ပြည်ထောင်စုမှာ
ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေရဲ့
တန်ဖိုး ပြည်တွင်းအသားတင်
ထုတ်လုပ်မှုဟာ သုံးသပ်သူအများအပြား ခန့်မှန်းထား
သလိုပဲ ဒီနှစ် တတိယသုံးလပတ်မှာ
အနုတ်လက္ခဏာ ပြနေပါတယ်။ စီးပွားရေးလုပ်ငန်း
တွေဟာ နှစ်စဉ် .၃% ကျုံ့လာနေတယ်လို့
ကုန်သွယ်ရေးဌာနကလည်း ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ဘယ်ရီ
ဝုဒ် (Barry Wood)
သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။
စီးပွားရေးပညာရှင်တွေ
ပြောကြတာကတော့ ဒါက အမေရိကန်စီးပွားရေး ဆုတ်ယုတ်
တဲ့ဆီကို ဦးတည်သွားနေတဲ့ လက္ခဏာ
ဖြစ်ပါတယ်တဲ့။ လူတွေက သူတို့အလုပ်အကိုင်
တွေ၊ စုဆောင်းထားတဲ့ ငွေကြေးတွေ၊
သူတို့အိမ်ယာတန်ဖိုးတွေနဲ့ပတ်သက်ပြီး ပူပန်
နေကြတာမို့ စက်တင်ဘာလအတွင်းမှာ
စားသုံးသူတွေရဲ့ သုံးစွဲမှု ထိုးကျသွားပါတယ်။
ဒါကြောင့် ဒုတိယသုံးလပတ်တုန်းက ပြည်တွင်းအသားတင်ထုတ်လုပ်မှု
ဂျီဒီပီ ၃% နီးပါး
တိုးတက်ခဲ့တာနဲ့ ဆန့်ကျင်ဘက် အခုကာလမှာ ဂျီဒီပီက တိုးတက်နှုန်း
ကျဆင်းသွားခဲ့
တာပါ။ ဒါကြောင့် အနည်းဆုံး တတိယသုံးလပတ် နှစ်ခုဆက်တိုက်
စီးပွားရေးတိုးတက်
မှု အနုတ်လက္ခဏာပြရင်း တရားဝင် စီးပွားရေးဆုတ်ယုတ်မှုဖြစ်ပြီလို့
သတ်မှတ်တဲ့အနေ
အထားကို အရိပ်အယောင် မြင်နေရပြီလို့ နယူးယောက်ခ်တက္ကသိုလ်က နိုရီယယ်
ရူဘီနီ
(Nouriel Roubini) က အမေရိကန် ကွန်ဂရက်စ်ရဲ့ ပူးတွဲ စီးပွားရေးကော်မတီကို
ပြောကြားသွားခဲ့ပါတယ်။
"လူတိုင်းကတော့
စီးပွားရေးဟာ ဆုတ်ယုတ်တဲ့အနေအထား ရောက်နေပြီလို့ သိနေကြ
ပါပြီ။ ဆုတ်ယုတ်မှုဖြစ်နေတာကလည်း
သိသာပါတယ်။ ကျနော့်အမြင်အရဆိုရင်
ဒီအချိန်မှာ မေးစရာလိုတာက
ဒီစီးပွားရေးဆုတ်ယုတ်မှုဟာ ဘယ်လောက် ဆိုးဆိုး
ရွားရွား ဖြစ်မလဲ၊ ဘယ်လောက်ကြာကြာ
ဖြစ်နေမလဲ ဆိုတာပါပဲ။"
အခု
စားသုံးသူတွေရဲ့ သုံးစွဲမှု ၃% ကျဆင်းတာဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံး
အကြိမ်
ကျဆင်းတာဖြစ်ပြီး ၁၉၈၀ နောက်ပိုင်း ကျဆင်းမှုတွေရဲ့ အများဆုံးကျဆင်းမှု
ပါပဲ။
ဒီလိုမျိုး စားသုံးသူတွေရဲ့ သုံးစွဲမှု လျော့ကျတာဟာ မော်တော်ယာဉ်အရောင်းကို
အထူးသွားထိခိုက်ပါတယ်။ ကမ္ဘာတ၀န်း ကြွေးမြီစနစ်မှာ အကျပ်အတည်းဖြစ်ပွားပြီး
အစုရှယ်ယာဈေးကွက်တွေရဲ့ ကျဆင်းမှုလည်း ပိုဆိုးလာတဲ့အလျောက် စားသုံးသူတွေရဲ့
စီးပွားရေးပေါ်မှာ ယုံကြည်မှု ကျဆင်းလာနေပါတယ်။
အမေရိကန်အစိုးရအနေနဲ့
အခုလို စီးပွားရေးကျဆင်းမှု အရမ်း အခြေအနေ ဆိုးမသွား
ခင်မှာ စားသုံးသူတွေရဲ့
သုံးစွဲမှု ပြန်မြှင့်တင်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့
(IMF) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ စီးပွားရေးပညာရှင် ဆိုင်မွန် ဂျွန်ဆင်
(Simon Johnson)
က ကွန်ဂရက်စ် ပူးတွဲစီးပွားရေးကော်မတီကို ပြောကြားပါတယ်။
"အမေရိကန်ပြည်ထောင်စု
ပြည်တွင်းအသားတင် ထုတ်လုပ်မှုရဲ့ ၃% နီးပါး၊ အရေ
အတွက်အားဖြင့် ဒေါ်လာသန်း ၄၅၀
လောက်ရှိတဲ့ စီးပွားရေး နာလန်ထူစေမယ့် အစီ
အစဉ်လုပ်ဆောင်ဖို့ ကျနော်တို့
စဉ်းစားသင့်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကလည်း တကယ့်
ကိုဆိုးရွားပြီး ရှည်ကြာတဲ့
စီးပွားရေးဆုတ်ယုတ်မှုကြီး ဖြစ်တော့မယ်ဆိုတဲ့ အနေအထား
မျိုးမှာပဲ
လုပ်ဆောင်ရမယ့်ကိစ္စပါ။ တခြားအခြေအနေမှာဆို ဒါမျိုးလုပ်လို့ မရပါဘူး။"
IMF အကြီးအကဲဟောင်း ဆိုင်မွန် ဂျွန်ဆင် ပြောသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့
ဖေဖော်ဝါရီလမှာ ကွန်ဂရက်စ်က ခွင့်ပြုခဲ့တဲ့ စီးပွားရေးပြန်နိုးထအောင်
လုပ်ဆောင်တဲ့
အစီအစဉ်တခုက ဒေါ်လာသန်းပေါင်း ၁၅၀ ကုန်ကျခဲ့ပါတယ်။ အိမ်ဈေး
တွေကျမယ်လို့
ခန့်မှန်းခဲ့တဲ့ စီးပွားရေးပညာရှင် နိုရီယယ် ရူဘီနီကပဲ ပြောတာက
ကွန်ဂရက်စ်အနေနဲ့
ဝေါလ်စထရိ ဘဏ္ဍာရေးရပ်ကွက်မှာ တည်ရှိတဲ့ ဘဏ္ဍာရေးအဖွဲ့
အစည်းတွေကို အကူအညီ အထောက်အပံ့
ပေးနေရာက စီးပွားရေးခက်ခဲမှုနဲ့ ကြုံနေရ
တဲ့ စားသုံးသူတွေဘက်ကို လှည့်ရမယ်လို့
ပြောပါတယ်။
"တိုင်းပြည်ရဲ့
စုစုပေါင်း စားသုံးမှု မပြိုပျက်သွားအောင် လုပ်ဆောင်ပြီး ဝေါလ်စထရိကို
လည်း
အထောက်အပံ့ပေးရာရောက်အောင် လုပ်ရင်လုပ်၊ ဒါမှမဟုတ်ရင်တော့
ဘဏ်စနစ်မပြိုပျက်အောင်
ကျနော်တို့လုပ်ခဲ့သမျှ ကိစ္စတွေဟာ စားသုံးသူတွေရဲ့ ပျှမ်းမျှ
ဝယ်လိုအား
ကျဆင်းသွားရတာနဲ့ပဲ အကုန် ရေဆုန်မျောသွားပါလိမ့်မယ်။"
စီးပွားရေးပညာရှင် နိုရီယယ် ရူဘီနီ ပြောသွားတာ ဖြစ်ပါတယ်။
ဘဏ်စနစ်ကို ပြန်မတည်ဖို့ အစိုးရက ဒေါ်လာသန်း ၂,၀၀၀,၀၀၀ သုံးစွဲဖို့ ဆုံးဖြတ်ထားပြီးပြီလို့ မစ္စတာရူဘီနီကပဲ ပြောပါတယ်။ အစိုးရက ဒီလို ငွေကြေးအမြောက်အမြား
သုံးစွဲမှုကြောင့် နိုင်ငံရဲ့ လိုငွေပြမှုကလည်း စံချိန်ချိုးလုနီးပါး ဖြစ်သွားခဲ့ရပါပြီ။