အမေရိကန်
သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ တရက်လိုအထိ အရေးပါတဲ့ ပြည်နယ်တွေ
မှာ ဒီမိုကရက်တစ်ပါတီ
သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barack Obama) က
ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း
ဂျွန်မက်ကိန်း (John McCain) ထက်
အသာစီးရနေတုန်းပဲလို့ ဆိုပါတယ်။
Real
Clear Politics.com ဆိုတဲ့ အင်တာနက်
ဝက်ဘ်ဆိုက်က စုစည်းထားတဲ့ စစ်တမ်းတွေအရ
အထက်လွှတ်တော်အမတ် အိုဘားမားက
ပြိုင်ဘက် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
ထက်
ပျမ်းမျှအားဖြင့် ၇% လောက် အသာစီးရနေ
တယ်လို့ ဆိုပါတယ်။ သမ္မတအဖြစ် အရွေးခံရဖို့
လိုအပ်တဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်မဲ
အိုဘားမားက ရရှိလိမ့်မယ်လို့ အဲဒီဝက်ဘ်ဆိုက်ရဲ့
ခန့်မှန်းသုံးသပ်ထားတာကြောင့် အိုဘားမားဟာ
ပထမဆုံး အမေရိကန် လူမည်းသမ္မတ
ဖြစ်လာ
မယ့်ကိန်း ရှိနေပါတယ်။
အမေရိကန်ရွေးကောက်ပွဲစနစ်အရ
သမ္မတကို
ရွေးချယ်ရာမှာ ပြည်နယ်တခုချင်းစီအလိုက် လူဦးရေနဲ့ လွှတ်တော်အမတ်
အချိုးအစား
အရ ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲအရေအတွက်နဲ့ ပိုင်းဖြတ်ရွေးချယ်တာ ဖြစ်ပါတယ်။
စုစုပေါင်း ၅၃၈ ကိုယ်စားလှယ်မဲ ရှိတဲ့အထဲက အနိုင်ရတဲ့ သမ္မတလောင်းအနေနဲ့ ၂၇၀
ရရှိရမှာ ဖြစ်ပါတယ်။
ပြည်နယ်မှာ စတင်မဲဆွယ် စည်းရုံးပြီး ညသန်းခေါင်အချိန် သူ့ရဲ့ပြည်နယ်ဖြစ်တဲ့
အရီဇိုးနားမှာ အဆုံးသတ်ပြီးတော့ တရက်ထဲတင် ပြည်နယ် ၇ ခုကိုလှည့်ပြီး မဲဆွယ်
စည်းရုံးမှာ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ရီပတ်ဘလီကန်ပါတီ အနိုင်ရလေ့ရှိတဲ့
ပြည်နယ်တွေမှာ အိုဘားမားက အသာစီးရလာနေတာကို မက်ကိန်းက လိုက်လံခုခံ
နေတဲ့သဘော ဖြစ်ပါတယ်။