မြန်မာနိုင်ငံတွင်း နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ
တွေကို
ဒီရက်ပိုင်းတွေထဲ နှစ်ရှည် ထောင်ဒဏ်
တွေ ချမှတ် ရာမှာ ခုခံထုချေပိုင်ခွင့်၊ တရားစီရင်
မှုကို
အများကြားနာပိုင်ခွင့်မရှိတာကြောင့်
ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြည်တွင်းပြည်ပက
ဝေဖန်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်
သောမတ် အိုဟေး ကင်တင်နား (Tomás Ojea
Quintana) အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်
အရေး အထူးကိုယ်စားလှယ်ငါးဦးကလည်း
အခုလို ပြင်းထန်တဲ့ထောင်ဒဏ်တွေချမှတ်နေ
တာဟာ တရားမျှတမှုမရှိသလို၊ စစ်အစိုးရလုပ်မယ်ဆိုတဲ့
၂၀၁၀ ရွေးကောက်ပွဲလုပ်ငန်း
စဉ်နဲ့လည်း မကိုက်ညီဘူးလို့ ဝေဖန်ကြပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက စုံစမ်း
မေးမြန်းထားပါတယ်။
နိုင်ငံရေးအတိုက်အခံတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေ
မတရားစီရင်နေတာနဲ့
ပတ်သက်လို့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်း ထိခိုက်စေတာကြောင့်
လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မျှမျှတတရှိဖို့ဆိုတဲ့ အခြေအနေကို အာဏာပိုင်တွေ
အနေနဲ့ အလျှင်စလို
ဆန်းစစ်ဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စား
လှယ် ငါးဦးကနေ မြန်မာအစိုးရကို
တိုက်တွန်းသွားကြတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာ
နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်
အိုဟေး ကင်တာနားကတော့
သူတို့ရဲ့ စိုးရိမ်မှုကို အခုလို ပြောပါတယ်။
“အခုကိစ္စအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့
အထူးကိုယ်စားလှယ်တွေက
လည်း စိုးရိမ်ကြပါတယ်။ ဒါကြောင့်လည်း အခု ကျနော်တို့ ထုတ်ပြန်ချက်အပေါ်မှာ
လက်မှတ်ထိုးကြတာပါ။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အတိုက်အခံတွေ နိုင်ငံရေးအကျဉ်း
သားတွေကို
အခုလို ပြစ်ဒဏ်ချမှတ်နေတဲ့ တရားစီရင်မှုတွေမှာ လွတ်လပ်မှု၊ မျှတမှု
မရှိတဲအပေါ်မှာ စိုးရိမ်ကြပါတယ်။
မြန်မာအစိုးရကလုပ်မယ့် လာမယ့် ၂၀၁၀ခုနှစ်
ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ဒီလုပ်ရပ်တွေက
ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။”
အခုအခြေအနေတွေမှာ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ကိုရော ဘယ်လိုပြောနိုင်မလဲ
ခင်ဗျ။
“မြန်မာနိုင်ငံတွင်း တရားရေးကဏ္ဍဟာ လွတ်လပ်ပြီး တရားမျှတမှုကင်းမဲ့တာတွေကို
ကျနော် ရှင်းရှင်းလင်းလင်း အရင်ကလည်း ပြောခဲ့ပြီးပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့
အမှုတွေကို
လိုက်ပေးနေတဲ့ ရှေ့နေတွေ အထူးသဖြင့် ရှေ့နေနှစ်ဦးကို ထောင်ချလိုက်
တာ အတော်လေးကို စိုးရိမ်စရာရှိပါတယ်။
ဒါကြောင့် ဒီပြဿနာအပေါ်မှာလည်း
ကျနော် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။”
အခု ဒီရက်ပိုင်းတွေ
နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ချတာတွေအပြင် နယ်စွန်
နယ်ဖျားထောင်တွေကို ပို့တာတွေလည်း ရှိနေပါတယ်။
ဒီသတင်းတွေကိုရော လူ့အခွင့်
အရေးကိုယ်စားလှယ်ကြီးအနေနဲ့ အပြည့်အစုံ သိရှိထားရဲ့လားခင်ဗျ။
“၈၈ မျိုးဆက် ကျောင်းသားတွေနဲ့
အခြားနိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်စီရင်
နေတဲ့ သတင်းတွေအားလုံး ကျနော်တို့ ရထားပါတယ်။
ပြီးခဲ့တဲ့ လူ့အခွင့်အရေး
ကောင်စီ ညီလာခံမှာတုန်းက မြန်မာအစိုးရကိုရော လူ့အခွင့်အရေးကောင်စီကိုပါ
မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ အကြံပြုတင်ပြခဲ့ပါ
တယ်။ ဒါကြောင့်
ကျနော်အကြံပြုထားတာတွေနဲ့ ဆန်ကျင်ဘက်ဖြစ်နေတဲ့ ဒီလုပ်ရပ်
တွေကို မြန်မာအစိုးရအနေနဲ့
ရပ်တန့်ဖို့လိုပါတယ်။ လာမယ့် ကျနော့်ခရီးစဉ်နဲ့ အစီရင်
ခံစာမှာတော့ ဒီ အကြံပြုချက်အတိုင်း
လုပ်မလုပ်ဆိုတာတွေကို စောင့်ကြည့်ရမှာပါပဲ။”
မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့လိုလားချက်၊
တောင်းဆိုချက်တွေကို
တောက်လျှောက်လိုလို မျက်ကွယ်ပြုနေတာပဲခင်ဗျ။ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကောင်စီပိုင်းအနေနဲ့
ဒီလို အခြေအနေတွေအပေါ်မှာ စိုးရိမ်မိရုံသက်သက်မဟုတ်ဘဲ
ဖြေရှင်းနိုင်ဖို့ ဘာတွေဆက်လုပ်နိုင်မယ်လို့
ထင်သလဲ။
“လူ့အခွင့်အရေးကောင်စီမှာ အထူးသီးခြားလုပ်နိုင်တဲ့ လုပ်ငန်းစဉ်တွေ၊ ကုလသမဂ္ဂ
မှာလည်း
အခြား လုပ်ကိုင်နိုင်တဲ့နည်းတွေရှိတော့ ဒါတွေကနေ မြန်မာနိုင်ငံကိစ္စကို
ကိုင်တွယ်ဆောင်ရွက်သွားမှာပါ။”
ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တင်နား
ပြောသွားတာပါ။
မစ္စတာကင်တာနားအနေနဲ့
လာမယ့် မတ်လ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး
မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့
ထပ်မံပြင်ဆင်နေသလို အခုဖြစ်ရပ်တွေ
အပေါ်မှာ စစ်အစိုးရအာဏာပိုင်တွေနဲ့ ထိစပ်မေးမြန်းဆောင်ရွက်နေတယ်လို့
ဆိုပါ
တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ အခု
ဖြစ်ရပ်တွေဟာ
ဥပဒေနဲ့ လုံးလုံးမကိုက်ညီဘူးလို့ ဝေဖန်ခဲ့ပါတယ်။
"ဒီလိုပြစ်ဒဏ်ချတာတွေဟာ ဥပဒေနဲ့မညီဘူးလို့ မြင်တယ်။ ဒီ
စွပ်စွဲခံရသူတွေ
လွတ်လပ်စွာ ခုခံချေပခွင့် မရဘူး။ စိတ်ကြိုက်ရှေ့နေ
ငှားရမ်းခွင့်မှာလည်း အခက်အခဲ
ရှိတယ်။ ရှေ့နေတွေ ကိုယ်စားလှယ်စာရဖို့လည်း
အခက်အခဲရှိတယ်။ ရှေ့နေတွေ
တရားရုံးရှေ့ရောက်ဖို့လည်း အခက်အခဲရှိတယ်။ ဒါ ပထမတချက်
ဥပဒေအရ ချို့ယွင်း
ချက်။ ဒုတိယအချက်အနေနဲ့ တရားစီရင်မှုဆိုတာ အများပြည်သူရှေ့မှာ
စစ်ဆေးစီရင်
ရမယ်။ အခု ဒီအမှုတွေက ဘယ်အများပြည်သူမှ ကြားနာခွင့်မရဘူး၊
ဝင်ရောက်ခွင့်မရ
ဘူး။ တတိယချို့ယွင်းချက်အနေနဲ့ အကုန်လုံး တော်တော်များများမှာ
ပုဒ်မ ၁၄၃၊ ၁၄၅၊
၁၄၇၊ ဒီလိုတန်းစီပြီး ပြစ်ဒဏ်တွေကို ပုဒ်မတခုအလိုက် အသီးသီးချတယ်။
အဲဒါကြောင့်
ပြစ်ဒဏ်တွေက ဒီလိုများနေတာ။”
"လက်ရှိ မြန်မာနိုင်ငံ ဥပဒေပြဋ္ဌာန်းချက်မှာ လုပ်ရပ်တခုက ပြစ်မှုဥပဒေ
အမျိုးမျိုးနဲ့
ငြိစွန်းနိုင်တယ်။ အဲဒီလို ငြိစွန်းတဲ့ပုဒ်မတွေ တခုချင်းအလိုက်
အပြစ်ပေးလို့မရဘူး။
ငြိစွန်းတဲ့အထဲက တခုကိုသာ အပြစ်ပေးရမယ်လို့ ဥပဒေပြဋ္ဌာန်းချက်
အတိအကျ
ရှိတယ်။ ဒါတွေနဲ့လည်း အကုန်ဆန့်ကျင်နေတယ်။"
ဒါဆိုရင် ပြစ်ဒဏ်ချမှတ်တဲ့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို
အုပ်ချုပ်ရေးပိုင်းက
စွက်ဖက်နေတယ်လို့ ကြားတဲ့အခါကျတော့ အခု အမိန့်ချတဲ့နေရာမှာ
တရားရေးအရ
လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တယ်လို့ ယူဆလို့ရပါသလား။
"ရရှိတဲ့သတင်းတွေအရ အဲဒီလို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရဘူးလို့
မြင်တယ်။
ပြစ်ဒဏ်ချတဲ့နေရာမှာ စောစောက ပြောသလို Action တခုထဲက ဖြစ်လာတဲ့ ပုဒ်မတွေ
ထဲက
တခုပဲပေးရမယ်။ ပြစ်ဒဏ်တွေ အသီးသီးချမှတ်ရင်လည်း တပေါင်းတည်း ချမှတ်
လို့ရတယ်။
ဒါမှမဟုတ်ရင် တခုပြီးတခု ချမှတ်လို့ရတယ်။ ဒါ တရားသူကြီးရဲ့ဆင်ခြင်တုံ။
နောက် တရားသူကြီးရဲ့ ဆင်ခြင်တုံတခုက ပြစ်ဒဏ်တွေက ထောင်ဒဏ် ၁ ရက်ကနေ
၁၀ နှစ်အထိရှိရင် ဒီတရားခံတယောက် ပြစ်မှုကျူးလွန်တယ်လို့ မြင်ရင်တောင် ၁
ရက်
ပေးရမှာလား၊ ၅ နှစ်ပေးရမှာလား၊ ၆ နှစ်ပေးရမလား၊ ဒါ ဆင်ခြင်တုံ။ အခုပြစ်ဒဏ်
တွေကို
ကျနော်တို့ ကြည့်လိုက်တဲ့အခါ အဲဒီလိုဆင်ခြင်တုံမျိုး သုံးတယ်ဆိုတဲ့အဓိပ္ပာယ်
မျိုး
လုံးဝမတွေ့ဘူး။ အမြင့်ဆုံးပြစ်ဒဏ်ပေးတယ်။"
ခုနလိုမျိုး အုပ်ချုပ်ရေးပိုင်းက စွက်ဖက်တယ်ပဲထားပါဦး၊
တရားသူကြီးတွေဘက်က
ဆင်ခြင်တုံတရား မသုံးနိုင်တဲ့ကိစ္စကရော တရားရေးပိုင်းမှာ တရားသူကြီးချုပ်
ဦးအောင်တိုးတို့ ဘာတို့ ဘာမှလုပ်နိုင်ခွင့် မရှိတော့ဘူးလား။
"ဒီဥစ္စာက တရားရေးဌာနတခုလုံးနဲ့ သက်ဆိုင်ပါတယ်။ သူတို့ ဘာကြောင့်
အဲဒီလို
တရားစီရင်နေလဲဆိုတာကိုတော့ သူတို့ပဲ ပိုသိမယ်။ သို့သော် အမြင်အားဖြင့်
တရား
မျှတမှု မရှိဘူးဆိုတာ မြင်ရတယ်ဆိုတာကိုပဲ ပြောနိုင်တာပါ။"
ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
နိုင်ငံရေးလှုပ်ရှားသူတွေကို
နှစ်ရှည်ထောင်ဒဏ်ချမှတ်တာ နယ်စွန်နယ်ဖျားထောင်တွေ
ကို ပြောင်းရွှေ့တာတွေကြောင့် နိုင်ငံတကာမှာရော
ကုလသမဂ္ဂမှာပါ အခုအခြေအနေ
အပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဒီအပေါ်မှာပဲ ကုလသမဂ္ဂဘက်မှာ
မြန်မာ့အရေး
ဆွေးနွေးမှုတွေ ပြန်ဖြစ်လာစရာရှိတယ်လို့ ယူဆရပါတယ်။