သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အေပက်ခေါင်းဆောင်တွေ ဘဏ္ဍာရေးအကျပ်အတည်း ကျော်လွှားနိုင်မယ်လို့ယုံကြည်


ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းကို ၁၈လတာ ကာလအတွင်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပစိဖိတ်ဒေသနိုင်ငံ ခေါင်းဆောင်တွေက ပြောကြား လိုက်ကြပါတယ်။ APEC ခေါ် အာရှပစိဖိတ် ၂၁နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ပီရူးနိုင်ငံ လီမားမြို့တော်မှာ ကျင်းပပြီးလို့ တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ ဘဏ္ဍာရေး ကဏ္ဍ တည်ငြိမ်စေဖို့အတွက် ပြတ်ပြတ်သားသား ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှု အတားအဆီးတွေကို တနှစ်တာ ရှောင်ကျဉ်ကြမယ်လို့လည်း တာဝန်ယူခဲ့ကြပြီး ဂျူလိုင်လ က ရပ်ဆိုင်းသွားခဲ့တဲ့ ကမ္ဘာ့ ကုန်သွယ်မှု ဆွေးနွေးပွဲကို ပြန်လှည် အသက်သွင်းနိုင်အောင် အားထုတ်မယ်လို့လည်း ကတိပြုကြပါတယ်။

ဝါရှင်တန်မြို့တော်မှာ G20လို့ခေါ်တဲ့ နိုင်ငံကြီး ၂၀ ထိပ်သီးဆွေးနွေးပွဲရဲ့ လေသံအတိုင်းပဲ ကမ္ဘာ့ ဘဏ္ဍာရေး အဆောက်အဦတွေကို အသစ် ပြန်ပြင်ဖို့ တောင်းဆိုကြပါတယ်။ APECဒေသဟာ ကမ္ဘာ့ ကုန်သွယ်ရေး ပမာဏရဲ့ တဝက်လောက်ကို လုပ်ကိုင်နေတဲ့ ဒေသဖြစ်ပါတယ်။ ဒီAPEC ထိပ်သီး ဆွေးနွေးပွဲဟာ အမေရိကန် သမ္မတ ဂျော့ဘုရှ်အဖို့ သမ္မတ တယောက်အနေနဲ့ နိုင်ငံတကာ တက်ရောက်တဲ့ နောက်ဆုံး အစည်းအဝေးပွဲပဲ ဖြစ်ပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG