မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ
နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရသူ မဟန်နီဦး
အပါအ၀င် အယောက် ၂၀ ကျော်ကို
မိသားစုနဲ့ဝေးတဲ့ ထောင်တွေဆီကို အာဏာပိုင်
တွေက ရွှေ့ပစ်နေပါပြီ။ ဒီအထဲမှာ ၈၈
မျိုးဆက် ကျောင်းသူကျောင်းသားတွေရော၊
အန်န်အယ်လ်ဒီ ပါတီဝင်တွေပါ ပါဝင်ကြပါတယ်။ အရောက်အပေါက်
ခက်ခဲလှတဲ့
ထောင်တွေဆီကို ရွှေ့ပစ်နေတာဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ
လူ့အခွင့်
အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထိတွေ့လို့မရအောင်၊
ထောင်တွင်း
သတင်းတွေကို ကမ္ဘာကမသိနိုင်အောင် စီစဉ်လုပ်နေတာလို့ ထိုင်းအခြေစိုက်
နိုင်ငံရေး
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က
ပြောလိုက်ပါတယ်။
အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
ဒီနေ့ ထောင်တွေကို ပြောင်းရွှေ့လိုက်တဲ့စာရင်းကို
အန်န်အယ်လ်ဒီပါတီဝင် လူငယ်တဦး
က ရှင်းပြပါတယ်။
"ဒီနေ့
ထောင်ပြောင်းတာ ၁၈ ယောက်ရှိတယ်။ သန့်ဇော်မြင့် လှိုင်သာယာက သထုံ၊
ရဲမြတ်ဟိန်းက
ကလေး၊ ကိုထွန်းထွန်းနိုင်က မိတ္ထီလာ၊ ဦးသဒ္ဒမခေါ် သက်ဇော်ကို
မိတ္ထီလာ၊ ရှဲခေါ်
အောင်သိန်းလွင်ကို ဗန်းမော်၊ စိုးမြင့်ထိန်ကို တောင်ကြီး၊ လူတင်ဝင်း
ထားဝယ်၊
နေလင်းအောင်နဲ့ ကျော်ကျော် ပေါင်းတည်၊ မဟန်နီဦး လားရှိုး၊
မကြည်ကြည်ဝါ ပေါင်းတည်၊ မအိ ပေါင်းတည်၊ မငယ် သာယာဝတီ၊ သန်းလွင်ဦး
ထားဝယ်၊
အောင်မင်းနိုင်ခေါ် သားကြီး မော်လမြိုင်၊ မျိုးခိုင်ခေါ် ကုလားလေး သာယာ
ဝတီ၊
ရဲမင်းဦး မြင်းခြံ၊ ဦးဉာဏ်ဝင်းခေါ် ဦးဇာဏေယျ မိတ္ထီလာ"
အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရ စုစုပေါင်း ၂၁ ယောက်
ထောင်ပြောင်းရွှေ့ခံရ
တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေက ကိုလှိုင်မင်း သီပေါထောင်၊
ကိုမျိုးရန်နောင်သိန်းက
သံတွဲထောင်၊ ကိုမျိုးခင်က ဗန်းမော်ထောင်တို့ ဖြစ်ပါတယ်။
အခုလို မိသားစုတွေနဲ့ ဝေးလံတဲ့ ထောင်တွေကို
ပြောင်းရွှေ့တဲ့အတွက် ထောင်ဝင်စာ
သွားတွေ့ဖို့ မိသားစုတွေအနေနဲ့ အခက်အခဲ
ကြုံတွေ့နေရတယ်လို့ ဒီနေ့ ထောင်ပြောင်း
ခံလိုက်ရတဲ့ မကြည်ကြည်ဝါရဲ့ မောင်ဖြစ်သူက
အခုလိုပြောပါတယ်။
"အခက်အခဲကတော့
အများကြီးပေါ့၊ ရန်ကုန်မှာကျတော့လည်း ထောင်ဝင်စာတွေ့လို့
မရ၊ ဘာမရနဲ့။
နယ်ဝေးဘက်ကိုပို့လိုက်တော့ မိသားစုတွေမှာ အခု ဘယ်လိုလုပ်လို့
လုပ်ရမှန်းမသိတဲ့
အခြေအနေမျိုးကို ရောက်နေတာပေါ့။ လက်ထဲမှာ သူတို့ကိုတွေ့ဖို့
အတွက်
ပိုက်ဆံမရှိတာတို့၊ လမ်းစရိတ်မရှိတာတို့ အဲလို အခက်အခဲတွေနဲ့ အကုန်လုံး
ကြုံနေရပါတယ်။"
မြန်မာစစ်အစိုးရဘက်က အခုလို နိုင်ငံရေးအကျဉ်းသားတွေကို
ဘာဖြစ်လို့ ဝေးလံတဲ့
ထောင်တွေဆီ တဦးချင်းစီ ခွဲပြီးပို့နေရလဲဆိုတဲ့
အကြောင်းပြချက်တော့ မပေးပါဘူး။
ဒါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်
ရေးအသင်း မြန်မာနိုင်ငံ (အေအေပီပီ-ဘီ) ရဲ့
အတွင်းရေးမှူး ကိုတိတ်နိုင်က သူ့ရဲ့
ခန့်မှန်းချက်ကို ရှင်းပြပါတယ်။
"အဓိကကတော့
သူတို့ကို နိုင်ငံတကာမြင်ကွင်းမှာ မရှိစေချင်ဘူး။ တခြား သတင်း
အချက်အလက်တွေအရရော
သူတို့ကို နီးနီးစပ်စပ် မရှိစေချင်လို့ ထောင်ပြောင်းလိုက်
တာဖြစ်တယ်။ ဒါက
ထောင်ပြောင်းတဲ့ကိစ္စတခုပါ။ ဒါပေမယ့် တယောက်ကို တထောင်
စီ ပြောင်းလိုက်တယ်ဆိုတာကတော့
အဓိကက သူတို့တင်မက သူတို့မိသားစုတွေပါ
ဒုက္ခရောက်စေတော့ဆိုတဲ့ ရည်ရွယ်ချက်
ရှိပါတယ်။"
နိုင်ငံတကာမြင်ကွင်းဆိုတာကို နည်းနည်းရှင်းပြပေးပါခင်ဗျ။
"ဥပမာ
အင်းစိန်ထောင်မှာရှိတယ်ဆိုရင် ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားတွေရဲ့
အခြေအနေ၊
သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရမှု အခြေအနေတွေ၊ စတဲ့
သတင်းအချက်အလက်တွေ
ပြင်ပကိုရောက်ဖို့ နီးစပ်တယ်။ ဒီနေရာမှာ သူတို့ကို မရှိစေ
ချင်ဘူး။
"နောက်တခုက
နာမည်ရှိတဲ့လူတွေဆိုရင် မြို့နဲ့ပိုဝေးတဲ့ ဒေသမှာရှိတဲ့ ထောင်တွေကို
ပို့တယ်။
အညိုရောင်နယ်မြေဖြစ်တဲ့အတွက် ဘယ်နိုင်ငံခြားသားမှ သွားလို့မရတဲ့
နေရာတွေဖြစ်တယ်။
အဲလိုပို့လိုက်ခြင်းအားဖြင့် သူတို့အနေနဲ့ အကြောင်းပြချက်တခု
ရသွားတာပေါ့။
"မစ္စတာကင်တားနားတို့
သွားမယ်ဆိုရင်တောင်မှ၊ ဥပမာ မင်းကိုနိုင်ကို တွေ့ချင်တယ်
ဆိုရင်
သွားတွေ့လို့မရတော့ဘူး၊ ကိုပြုံးချိုကို တွေ့ချင်တယ်ဆိုရင် သွားတွေ့လို့မရတော့
ဘူး။
ကော့သောင်းကို နိုင်ငံခြားသား မြန်မာပြည်ထဲကနေ ဖြတ်သွားလာခွင့်မရှိဘူး။
အဲဒါက
နိုင်ငံတကာ မျက်စိအောက်ကနေ၊ နိုင်ငံတကာ မြင်ကွင်းအောက်ကနေ
ဖျောက်ချင်တဲ့သဘော
ရှိပါတယ်။"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက
ကိုတိတ်နိုင် ရှင်းပြ
သွားတာဖြစ်ပါတယ်။
တွေချမှတ်၊ ဝေးလံတဲ့ထောင်တွေကို ပို့နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ
လို့ နိုင်ငံတကာက ပြောဆိုနေကြပေမယ့် မြန်မာအာဏာပိုင်တွေဘက်ကတော့
ဘယ်လိုမှ တုံ့ပြန်ချက်တွေ မပေးပါဘူး။ ဖမ်းဆီးထားပြီး ထောင်ဒဏ်မချမှတ်သေးတဲ့
သူတွေလည်း အများအပြား ကျန်နေပါသေးတယ်။