အကြီးအကျယ်
သွေးထွက်သံယိုမှုတွေ ဖြစ်စေခဲ့တဲ့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဖြစ်ပွား
ခဲ့တဲ့
အကြမ်းဖက်တိုက်ခိုက်မှုကို ကမ္ဘာတဝန်းကလူတွေ ထိတ်လန့်တုန်လှုပ်ပြီး နိုင်ငံ
တကာက
ခေါင်းဆောင်တွေကလည်း ဒီအကြမ်းဖက်လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ပါ
တယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် တွမ် ရေးဗားစ် (Tom
Rivers) လန်ဒန်က
သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။
အိန္ဒိယနိုင်ငံ
ဘုံဘေမြို့မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့
ပတ်သက်ပြီး ကမ္ဘာတဝန်းက
ပြစ်တင်ရှုတ်ချသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သြစတြေး
လျနိုင်ငံရဲ့
ယာယီနိုင်ငံခြားရေးဝန်ကြီးက ဒီအကြမ်းဖက်တဲ့လုပ်ရပ်ဟာ သူရဲဘော
ကြောင်တယ်လို့
ပြောခဲ့ပါတယ်။
တိုကျိုမြို့မှာတော့
ဂျပန်အစိုးရက ဒီအကြမ်းဖက်မှုကြောင့် ဂျပန်နိုင်ငံသားတဦး သေဆုံး
ခဲ့တာနဲ့ပတ်သက်ပြီး
မကျေမချမ်းဖြစ်ကြောင်းနဲ့ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကို
ဘယ်လိုနည်းနဲ့မှ
တရားတယ်လို့ ပြောနိုင်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါ
တယ်။
အမေရိကန်သမ္မတ
ဘုရှ် (Bush) ကလည်း အိန္ဒိယပြည်သူတွေအတွက် ဝမ်းနည်း
ကြောင်း သဝဏ်လွှာ
ပေးပို့ခဲ့ပါတယ်။ အလားတူ ရွေးကောက်ခံသမ္မတ ဘရက်ခ်
အိုဘားမား (Barack Obama) ကလည်း
ဒီလိုအကြမ်းဖက်မှုကို သူ့အနေနဲ့ ပြင်းပြင်း
ထန်ထန် ရှုတ်ချကြောင်းနဲ့
အိန္ဒိယပြည်သူတွေနဲ့ အတူရှိမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ပါကစ္စတန်အစိုးရကလည်း
ဒီအကြမ်းဖက်မှုကို ကန့်ကွက်ကြောင်းနဲ့ အသက်ဆုံးရှုံးမှု
တွေအတွက် ဝမ်းနည်းကြောင်း
ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာတော့ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က …
"အပြစ်မဲ့သူတွေ
အသတ်ခံရတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်
အပေါ် ထိတ်လန့်တုန်လှုပ်မိတယ်ဆိုတာ တကမ္ဘာလုံး
ကိုယ်စား
ကျနော်ပြောနိုင်တယ်လို့ ထင်ပါတယ်။ အိန္ဒိယ
နိုင်ငံ ဝန်ကြီးချုပ် ဆင်းဂ် (Singh)
ဆီကို ကျနော့်ရဲ့ ကရု
ဏာတရားနဲ့ ထောက်ခံမှုကို ဖော်ပြပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။
အိန္ဒိယအစိုးရကို ကျနော်တို့ တတ်နိုင်သမျှ ကူညီပါ့မယ်
လို့လည်း ပြောထားပါတယ်။"
ဆက်လက်ပြီး
ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက တခြား
တိုင်းပြည်တွေမှာလိုပဲ ဗြိတိန်အစိုးရအနေနဲ့
အကြမ်းဖက်မှု
ရဲ့ မြေဇာပင်ဖြစ်ခဲ့ရတဲ့ ဗြိတိန်နိုင်ငံသားတွေကို အကူအညီ
အထောက်အပံ့
ပေးဖို့အတွက် ပထမဆုံး ဦးစားပေးရမှာ
ဖြစ်တယ်လို့ အခုလိုပြောခဲ့ပါတယ်။
"ကျနော်တို့ရဲ့
ပထမတာဝန်ကတော့ ဘုံဘေမြို့ အကြမ်းဖက်မှုမှာ ပိတ်မိနေတဲ့ ဗြိတိန်
နိုင်ငံသားတွေကို
ကာကွယ်ဖို့ပါ။ နယူးဒေလီက ဗြိတိန်သံအမတ်ကြီးကလည်း ဒဏ်ရာ
ရသူအားလုံးကို ဆေးရုံမှာ
သွားရောက်ကြည့်ရှု အားပေးဖို့အတွက် ဘုံဘေကိုရောက်နေ
ပါပြီ။ အခုလောလောဆယ် သူ
ဆေးရုံမှာရောက်နေပါတယ်။ ဒီဗုံးခွဲမှုကြောင့် ဗြိတိန်
နိုင်ငံသား ဘယ်နှစ်ယောက်
ထိခိုက်ရှနာခဲ့သလဲဆိုတာကို ပြောနိုင်ဖို့အတွက်ကတော့
စောပါသေးတယ်။
"ကျနော်တို့ရဲ့
ဒုတိယတာဝန်ကတော့ အကြမ်းဖက်မှုကို အမြစ်ဖြုတ်ဖို့နဲ့ အိန္ဒိယအစိုးရရဲ့
အကြမ်းဖက်တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေမှာ အထောက်အပံ့ပေးဖို့ပဲ ဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်တဲ့ ကျနော်တို့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့
အရေးပေါ်တပ်ဖွဲ့တွေကိုလည်း အိန္ဒိယနိုင်ငံကို စေလွှတ်မှာဖြစ်ပါတယ်။"
တဆက်တည်းမှာပဲ
ဗြိတိန် အတိုက်အခံပါတီခေါင်းဆောင် မစ္စတာ ဒေးဗစ် ကမ်မရွန်း
(David Cameron) ကလည်း
အိန္ဒိယပြည်သူတို့နဲ့ တလုံးတဝတည်း ရှိနေကြောင်း
အခုလိုပြောပါတယ်။
"ဒါတွေဟာ
တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေပါ။ ရုပ်မြင်သံကြား
ပေါ်မှာ မြင်ရတဲ့
မြင်ကွင်းတွေဟာ ကြောက်စရာကောင်းလှပါတယ်။ ကျနော်တို့ဟာ
ဘေးဒုက္ခကြုံရသူတွေကို ကရုဏာသက်မိပါတယ်။
ဒီအချိန်မှာ အိန္ဒိယအစိုးရကို
အားပေးပါတယ်။ ကျနော်တို့ အိန္ဒိယအစိုးရနဲ့အတူ
ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဒီအကြမ်း
ဖက်သမားတွေဟာ ဘယ်တော့မှ အနိုင်မရနိုင်ဘူးဆိုတာ
ပြသရပါလိမ့်မယ်။"
ဆက်ဆံရေးကိုသာ ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ
ဗြိတိန်နိုင်ငံရဲ့ အမျိုးသား ခရစ်ကတ်အားကစားအသင်းကလည်း အိန္ဒိယနိုင်ငံကို
သွားရောက်လည်ပတ်မယ့် အစီအစဉ် ရှိနေတာမို့ သူတို့ရဲ့လုံခြုံရေးနဲ့ နောက်လမှာ
ကျင်းပမယ့် ခရစ်ကတ်အားကစားပွဲတွေအပေါ်မှာ ဂယက်ရိုက်နိုင်မှုနဲ့ ပတ်သက်ပြီး
တော့လည်း သက်ဆိုင်ရာအစိုးရတွေက ဆန်းစစ်နေကြပါတယ်။