သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြန်ရေးရာ ဝန်ကြီး အဖြစ် အာရှနွယ်ဖွား အငြိမ်းစား ဗိုလ်ချုပ်ကြီးကို ရွေး


သမ္မတဘုရှ်ရဲ့ အီရက်စစ်ပွဲ မဟာဗျူဟာနဲ့ ပတ်သက်ပြီး အမြဲတမ်း ဝေဖန်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး အဲရစ် ရှင်စေးခိ ကို အရွေးကောက်ခံ သမ္မတ အိုဘားမားက စစ်ပြန်များ ရေးရာ ဝန်ကြီးအဖြစ် ရွေးချယ် ရာထားလိုက်ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ပြန်တွေ အတွက် ရပ်တည်ပေးမယ့် ဗိုလ်ချုပ် ရှင်စေးခိ ရဲ့ သတ္တိနဲ့ ပတ်သက်ပြီး ဘယ်သူကမှ မေးခွန်းထုတ်မှာ မဟုတ်ဘူးဆိုပြီး အိုဘားမားက ချီးကျူးလိုက်ပါတယ်။

၂၀၀၃ခုနှစ် အီရက် စစ်ပွဲ စခဲ့တဲ့အချိန်တုန်းက ဗိုလ်ချုပ်ကြီး ရှင်စေးခိဟာ ကြည်းတပ် စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ အီရက်ကို ဝင်တိုက်တဲ့အခါမှာ စေလွှတ်တဲ့ တပ်ဖွဲ့ဝင်ဦးရေထက် ပိုပြီးလိုအပ်တယ်လို့ သူက ပြောခဲ့ပြီး၊ အဲဒီ အချိန်က ကာကွယ်ရေး ဝန်ကြီးဖြစ်တဲ့ ဒေါနယ် ရမ်းစဖဲလ်ရဲ့ အမိန့်နဲ့ တပ်ဖွဲ့ဝင်ဦးရေမတိုးဘဲ စေလွှတ်ခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ သူ့ကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။
စစ်ပြန်တွေအတွက် အလုပ်အကိုင် ရှာဖွေ ပေးဖို့နဲ့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့အတွက် ၂၁ရာစု စစ်ပြန်ရေးရာ ဝန်ကြီးဌာနကို ပုံစံအသစ် ပြောင်းပြီး အုပ်ချုပ်သွားမယ်လို့ ဗိုလ်ချုပ်ကြီး ရှင်စေးခိက တနင်္ဂနွေနေ့မှာ ကတိပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ရှင်စေးခိဟာ ဟာဝါအီကျွန်းမှာ ကြီးပြင်းခဲ့ပြီး ဂျပန် နွယ်ဖွား တဦးဖြစ်တာမို့ အမေရိကန် စစ်ပြန်ရေးရာ ဝန်ကြီးဌာနရဲ့ ပထမဆုံးသော အာရှ နွယ်ဖွား အမေရိကန် ဝန်ကြီးတဦး ဖြစ်လာတော့မှာပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG