သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9-11 တရားခံတွေ ဖြောင့်ချက်ပေးလို


ဂွမ်တာနာမိုပင်လယ်အော် အကျဉ်းစခန်းမှာရှိတဲ့ ၂၀၀၁ ခုနှစ် 9-11 အကြမ်းဖက်
တိုက်ခိုက်ကြသူတွေလို့ စွပ်စွဲခံရသူ ငါးယောက်က သူတို့အပြစ်ရှိကြောင်း ထွက်ဆိုလို
တယ်လို့ စစ်ခုံရုံးတရားသူကြီးတဦးက ထုတ်ဖော်ပြောဆိုပါတယ်။

9-11 တိုက်ခိုက်မှုရဲ့ ဉာဏ်ကြီးရှင်ဆိုသူ ခါလစ် ရှိတ်ခ် မိုဟာမက် (Khalid Sheikh
Mohammed) အပါအဝင် ငါးယောက်ထံကစာကို တရားသူကြီး စတီဖင် ဟန်လေက
တနင်္လာနေ့မှာ ဖတ်ပြတဲ့အခါ သူတို့ရဲ့ဝန်ခံချက်များ ကြေညာနိုင်အောင်လို့ ကြားနာမှု
အမြန်ဆုံးစတင်ပါလို့ သူတို့က တောင်းဆိုထားကြောင်း ပါဝင်ဖော်ပြထားပါတယ်။

တရားသူကြီးက တယောက်ချင်း ငါးယောက်စလုံးကို မေးမြန်းတဲ့အခါ သူတို့ကိုယ်သူတို့
လျှောက်လဲရင်း အပြစ်ရှိကြောင်း ထွက်ဆိုလိုကြတယ်လို့ အတည်ပြုကြပြီး နိုဝင်ဘာလ
၄ ရက်နေ့မှာ မစ္စတာအိုဘားမား အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံ
ရလို့ ဝန်ခံချက်ပေးဖို့ သူတို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။

ဘရက်ခ် အိုဘားမားက ရှေ့လ သူ သမ္မတဖြစ်လာတဲ့အခါ ဂွမ်တာနာမို အကျဉ်းစခန်းကို
ပိတ်ပစ်ပြီး သူတို့ကို အထူးစစ်ခုံရုံးအစား ရိုးရိုး အမေရိကန်တရားရုံး သို့မဟုတ် ရိုးရိုး
စစ်တရားရုံးမှာပဲ စစ်ဆေးစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG