သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်အိတ်ဖွင့်ရေးသားသူတဦးရဲ့ အမြင်သုံးသပ်ချက်


ကမ္ဘာ့လူ့အခွင့်အရေးနေ့ (International Human Rights Day) နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ ဂျော့ချ် ဒဗယူ ဘုရှ် (George W. Bush) က သတင်းသမားတချို့ နဲ့ ဘလော့ဂါ (blogger) ခေါ် အင်တာနက် အိတ်ဖွင့်ရေးသားသူတချို့တို့ကို အိမ်ဖြူတော်ကိုဖိတ်ကြား တွေ့ဆုံခဲ့ပါတယ်။ သမ္မတတွေ့ဆုံခဲ့သူများထဲမှာ အမေရိကန်အခြေစိုက် မြန်မာဘလော့ဂါတဦးလည်းပါဝင်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သူ မိုးမခ အင်တာနက်စာမျက်နှာ တာဝန်ခံ၊ ဆောင်ပါးရှင်၊ ကာတွန်းဆရာ၊ ဘလော့ဂါ မောင်ရစ် သတင်းမှတ်တမ်းကို ဗွီအိုအေ နဲ့ နိုင်ငံတကာ သတင်းမှာ တင်ပြခဲ့ပါတယ်။

ယနေ့လူသိများလာတဲ့ New Media ခေါ် အင်တာနက်အခြေပြု ကွန်ပြူတာသတင်း၊ အင်တာနက်စာမျက်နှာ ဘလော့ဂါတွေရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ကို အရေးပါတဲ့ အခန်းကဏ္ဍက လှုပ်ရှားလုပ်ကိုင်ကြမှုတွေကို အထင်ကရ ဘလော့ဂါတဦးဖြစ်သူ မျိုးချစ်မြန်မာ ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းပြီး ကွဲပြားခြားနား ဘလော့စာမျက်နှာများအကြောင်း၊ ဘလော့စာမျက်နှာများရဲ့ အရေးပါဝင်မှု၊ စစ်အစိုးရရဲ့ ဘလော့စာမျက်နှာတွေကို ဟန့်တားလုပ်ကိုင်မှု၊ စစ်အစိုးရထောက်ခံ ဘလော့စာမျက်နှာများအပေါ် သုံးသပ်ချက်တို့ကို ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG