သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေ (water) နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် အီဒီယံအသုံးအနှုန်း သင်ခန်းစာမှာ water နဲ့ ပတ်သက်တဲ့ တင်ပြထားတဲ့ စကားလုံးများကတော့ hot water, to throw cold water, deep water, water of the duck's back, hold water, နဲ့ make my mouth water တို့ ဖြစ်ကြပါတယ်။

Hot water (ရေနွေ), cold water (ရေအေ), deep water (ရေနက်) လို့ တိုက်ရိုက်အဓိပယ်ရှိကြပေမယ့် အီဒီယံအသုံးအနှုန်းမှာတော့ ဒီစကားလုံးတွေကို အခြေအနေ သိပ်မကောင်းတဲ့ အဓိပယ်အဖြစ် သုံးစွဲပါတယ်။

In the Hot Water - ရေနွေထဲရောက်နေတယ်လို့ တိုက်ရိုက်အဓိပါယ် ပြန်ဆိုနိုင်ပေမယ့် အီဒီယံအသုံး ပြောဆိုမှုမှာတော့ "လက်ရှိအခြေအနေမှာ ဒုက္ခအကြီးအကျယ် ရောက်နေတယ်" လို့ သုံးစွဲနိုင်ပါတယ်။

"Joe is really in hot water now. His girlfriend just found out he is seeing another woman."
"ဂျို တယောက်တော့ ဒုက္ခအကြီးအကျယ်ရောက်နေပြီ။ သူအမျိုးသမီးတယောက်နဲ့ တွဲနေတာ သူ့ရည်းစားသိသွားလို့။"

Hot water (ပူလောင်သော) ဒုက္ခထဲရောက်နေတယ် ဆိုတဲ့ အဓိပါယ်ဆောင်လို့ cold water အသုံးအနှုန်းကို ကောင်းတဲ့အဓိပါယ်ဆောင်တယ်လို့ ထင်ပါသလား။

To Throw Cold Water - ရေအေးနဲ့ ပတ်လိုက်တယ်လို့ တိုက်ရိုက် အဓိပါယ်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအဓိပါယ်မှာတော့ "အကြံဉာဏ်တခုခု စွမ်းဆောင်ချက်တခုခုကို အားမပေးတဲ့ သဘော" ဖြစ်ပါတယ်။ တနည်းအားဖြင့် ထတောက်တော့မယ် ဟန်ပြင်နေတဲ့ မီးကို ရေနဲ့ပတ်ပြီးငြိမ်းလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။

"Everybody in office thought my idea was great, but the boss threw cold water on it."
"ရုံးမှာ အားလုံးက ကျနော့်အကြံပေးချက်ဟာ တကယ့်ကိုကောင်းတယ်လို့ ယူဆကြပေမယ့် ဌာနအကြီးအကဲကတော့ သဘောမကျ အားမပေးဘူး။"

Deep water - ရေနက် လို့တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်။ သွယ်ဝိုက်ပြောဆိုတဲ့ အီဒီယံမှာတော့ အန္တရာယ်လို့ အဓိပါယ်ရှိပါတယ်။

"If Betty keeps going around with all those worthless men, she ends up in deep water"
"ဘတ်တီ တယောက် အခုလို ပုံစံအတိုင်း အသုံးမကျတဲ့ ယောကျ်ားတွေနဲ့ တွဲသွားတွဲလာလုပ်နေရင်တော့ သူမ တနေ့ ကောင်းကောင်းကြီး ဒုက္ခတွေ့လိမ့်မယ်။"

Water Off the Duck's Back - ဘဲတကောင်ရဲ့ ကျောပေါ်ကရေ အောက်ကို ကျသွားတယ်လို့ တိုက်ရိုက်အဓိပါယ်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးမှာတော့ "အကျိုးမရှိ အရာမထင်" လို့ ပြောဆိုနိုင်ပါတယ်။ ရေဘဲဝမ်းတွေရဲ့ အမွေးတွေက မိုးကာအင်္ကျီလို့ ရေတွေမတင်အောင် လုပ်နိုင်တဲ့အစွမ်းရှိတဲ့အတွက်ကြောင့် အကျိုးမရှိ အရာမထင်တဲ့ အဓိပါယ်ရှိပါတယ်။

"I keep telling friends it's foolish to gamble all his pays, but it likes water off the duck's back."
"ရသမျှလခတွေ ပြောင်းအောင် သူ လောင်းကစားလုပ်ပြစ်တာတော့ အရမ်းမိုက်မဲတယ်လို့ ကျနော့် မိတ်ဆွေသူငယ်ချင်းကို တဗြစ်တောက်တောက် ပြောခဲ့တယ်။ ဒီလိုလုပ်ဆောင်တာ ဘာမှအကျိုးမရှိဘူး။ သဲထဲရေသွန်းလိုက်သလိုပါဘဲ။"

Hold Water - ရေကိုထဲ့သိမ်းဆည်းထားခြင်းလို့ တိုက်ရိုက်အဓိပါယ်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးမှာတော့ "ပြောဆိုတာ ယုံနိုင်စရာရှိတာကို ဆိုလိုပါတယ်"။ ဒါပေမယ့် သိမ်းဆည်းထားတဲ့ခွက်က မလုံခဲ့ရင် ရေစိမ့်ထွက်သလို ပြောဆိုတာလည်း ယုံစရာမရှိခဲ့ရင် "does not" ဆိုတဲ့ negative တွဲပြီး "does not hold water" လို့ပြောဆိုခြင်းဖြင့် 'ပြောတဲ့စကား ဆင်ခြေက မခိုင်လုံ၊ ယုံနိုင်စရာမရှိတာ၊ စောဒကတက်တာ၊ ဖြီးဖြန်းတာ" စသဖြင့် အဓိပါယ်ရ သုံးစွဲနိုင်ပါတယ်။

"That excuse simply does not hold water."
"အဲဒီ ဆင်ခြေပေးတာကတော့ လုံး၀ ကလိမ်စေ့ငြမ်းဆင်တာဘဲ။"

Make Mouth Water - ပါးစပ်ကရေထွက်ခြင်း လို့ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးမှာတော့ "စားစရာမြင်ရင် သွားရည်ကျတယ်" လို့ ဆိုလိုပါတယ်။

"The roasted duck that restaurant serves is my favorite dish. Every time I think about it, it makes my mouth water."
"ဒီ ပျော်ပွဲစား စားသောက်ဆိုင်က ရောင်းတဲ့ ဘဲကင် ကတော့ ကျနော်အကြိုက်ပဲဗျာ။ ဒီဘဲကင်အရသာကို တွေးမိတိုင်း သွားရည်တွေကျခဲ့ရတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG