မြန်မာနိုင်ငံမှာ
ဘေးဒုက္ခမျိုးစုံရောက်နေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ဒေါ်လာ
၅၈ သန်းကျော်နဲ့
ညီမျှတဲ့ ငွေကြေးအကူအညီပေးဖို့ ဥရောပကော်မရှင်က မနေ့က
ဆုံးဖြတ်လိုက်ပါတယ်။
ပေးအပ်မယ့်အကူငွေတွေဟာ
ယူရိုငွေနဲ့ ၄၀.၅ သန်းဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံမှာ
နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ဘေးဒုက္ခရောက်ခဲ့သူတွေ
အတွက်
ယူရိုငွေ ၂၂ သန်း ပါဝင်ပါတယ်။ တခြား ဆင်းရဲသားပြည်သူတွေအတွက်
၂၀၀၉ ခုနှစ် အစီအစဉ်တွေ
ချမှတ်ဆောင်ရွက်ဖို့ ယူရိုငွေ ၁၈.၅ သန်း ပေးအပ်မှာ
ဖြစ်ပါတယ်။
ဒီအကူအညီတွေကြောင့်
လူ ၂,၀၀၀,၀၀၀ လောက်ကို အကူအညီ အထောက်အပံ့တွေ
ပေးနိုင်လိမ့်မယ်လို့
မျှော်လင့်တဲ့အကြောင်း ဥရောပကော်မရှင်က ကြေညာချက်
ထုတ်ပြန်ထားပါတယ်။
က ပေးအပ်မှာဖြစ်ပြီး အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ
အေဂျင်စီတွေနဲ့ ကြက်ခြေနီအဖွဲ့တွေကတဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။