သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ဟောင်းနှစ်သစ်ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းကာလမှာ ကြုံတွေခဲ့တဲ့ အဆိုးအကောင်းကို ပြန်လည်သုံးသပ်ပြီး လာမယ့်နှစ်သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာကို ပြင်ဆင်ထားကြသူများ ရှိကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ အသုံးပြုပြောဆိုကြတဲ့ အီဒီယံအသုံးအနှုန်းများကို ဒီတပတ် အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှာ တင်ပြထားပါတယ်။

Take Stock Of - သိမ်းစည်းထားတဲ့ လက်ကျန်ကုန်ပစ္စည်းတွေ ဘယ်၍ဘယ်မျှ ကျန်ရှိနေလည်းဆိုတာကို သိရအောင် စာရင်းကောက်ယူလုပ်ဆောင်ခြင်းလို့ တိုက်ရိုက်အဓိပါ္ပယ်ဖွင့်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးမှာတော့ ဖြစ်ခဲ့တဲ့အခြေအနေကို အရှိအရှိအတိုင်း သုံးသပ်ကြည့်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

“Taking stock I can say it was a good year. Both of us got promotions in our jobs. We bought a new house with a low interest rate, and our son, Joe, got into a good college.”

“ဖြတ်သန်းလာခဲ့တာတွေကို ပြန်သုံးသပ်မယ်ဆိုရင် နှစ်ကောင်းတနှစ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ နှစ်ဦးစလုံး ကိုယ်အလုပ်တွေမှာ ရာထူးအသီးသီး တက်ခဲ့တယ်။ အတိုးနှုန်းနည်းနည်းနဲ့ အိမ်သစ်တလုံးကို ဝယ်နိုင်ခဲ့တယ်။ ပြီးတော့ ကျနော်တို့သား ဂျိုး တယောက်လည်း ကောလိပ်ကျောင်းကောင်းကောင်းတခုကို ဝင်ခွင့်ရခဲ့တယ်။”

Second Wind – ဒုတိယတိုက်ခိုက်တဲ့လေ လို့ တိုက်ရိုက်အဓိပ္ပါယ်ပြန်ယူနိုင်ပေမယ့် အီဒီယံမှာတော့ ပြန်လည်အားမွေး အားယူခြင်းလို့ ပြောဆိုနိုင်ပါတယ်။ ဒီအသုံးအနှုန်းက ခရစ်စမတ်မတိုင်မီ လက်ဆောင်တွေအတွက် အလုအယက်ဈေးဝယ်ထွက်ရတာကြောင့် ခြေကုန်လက်ပန်း ကျနေကြသူတွေ ခရစ်စမတ်အလွန်မှာ ဈေးချရောင်းတာတွေကို သွားဝယ်ကြတဲ့အခါ တခေါက်နား အားပြန်မွေးဝယ်ယူရတဲ့ သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

“It is a good thing there is a whole week between Christmas and New Year. That gives me a chance to catch my second wind after Christmas parties, and ready to celebrate all over again.”

“ခရစ်စမတ် နဲ့ နှစ်သစ်ကူးကြားမှာ သတင်းတပတ်လုံးအချိန်ရှိနေတာ ဟန်ကျလိုက်တာဗျာ။ ခရစ်စမတ်ပါတီတွေအပြီးမှာ အနားရပြီး နောက်ပွဲအတွက် ပြန်ဆင်နွှဲနိုင်ဖို့ အားမွေးနိုင်တဲ့ အခွင့်အလမ်းရခဲ့တာပေါ့။”

ခရစ်စမတ်ပါတီ၊ နှစ်သစ်ပါတီတွေသွား အပျော်ကြီး ပျော်ခဲ့တာကို “Have a Ball” လို့ ပြောနိုင်ပါတယ်။ Ball စကားလုံးက ပြင်သစ်စကားဖြစ်တဲ့ Baller ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး စုံတွဲကကြတာလို့ အဓိပ္ပါယ်ရှိပါတယ်။ ပျော်လွန်လို့ ထကကြတယ်လို့ မြန်မာမှာ ပြောကြသလို have a ball ဆိုတဲ့အသုံးကို အီဒီယံမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ကြတာကို ဆိုလိုပါတယ်။

“We all had a ball at our neighbor’s New Year party. Everybody was in a festive mode and we ate, drank, and danced all night. Even the sudden snow storm didn’t spoil our good time.”

“ကျနော်တို့ အိမ်နီးချင်းမိတ်ဆွေတွေနဲ့ နှစ်သစ်ကူးပါတီမှာ ကျနော်တို့အားလုံး အပျော်ကြီးပျော်ခဲ့ကြတယ်။ လူတိုင်းက စိတ်လွတ်ကိုယ်လွတ်နဲ့ စားကြ၊ သောက်ကြ၊ ကခုန်ကြတာ တညလုံးပါပဲ။ မမျှော်လင့်ပဲ ကျလာတဲ့ နှင်းမုန်တိုင်းတောင် ကျနော်တို့ရဲ့ ပျော်ရွှင်မှုကို ဘယ်လိုမှ မဖျက်နိုင်ခဲ့ပါဘူး။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG