သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၉ ခုနှစ်မှာ အမေရိကန် အလုပ်အကိုင် ၁,၀၀၀,၀၀၀ ဆုံးရှုံးနိုင်


အမေရိကန်နိုင်ငံမှာ အခြေအနေ ဆိုးရွားလာနေတဲ့ ငွေကြေးဈေးကွက်နဲ့ စီးပွားရေး
ကမောက်ကမ ဖြစ်မှုတွေကြောင့် နောက်နှစ်အတွင်း နောက်ထပ် အလုပ်အကိုင်ပေါင်း
၁,၀၀၀,၀၀၀ ဆုံးရှုံးနိုင်ကိန်းရှိတယ်လို့ အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားပါတယ်။

အဲဒီလိုဖြစ်ရတာဟာ စားသုံးသူတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ငွေသုံးစွဲနိုင်မှု
နည်းပါးလာလို့၊ တနည်းအားဖြင့် ဝယ်ယူနိုင်အားနဲ့ ဝယ်လိုအား ကျဆင်းလာတာ
ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့
နာလန်ထဖို့အတွက် အချိန်အတန်ကြာဦးမယ်လို့လည်း ဒီအစီရင်ခံစာက ဆိုပါတယ်။
Challenger လို့ခေါ်တဲ့ အလုပ်သမားရေးရာ ကုမ္ပဏီတခုက ဒီအစီရင်ခံစာကို ထုတ်ဝေ
တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဗဟိုဘဏ်ကလည်း စီးပွားရေးဆုတ်ယုတ်မှုကို တန်ပြန်တဲ့အနေနဲ့ ဗဟို
ဘဏ်တိုးနှုန်းတွေကို ထပ်မံချလိုက်ပါတယ်။ ဘဏ်တွေအနေနဲ့ အရန်ငွေထားရှိဖို့
သတ်မှတ်ထားတဲ့ ပမာဏကိုလည်း လျှော့ချလိုက်ပါတယ်။ ဒီလိုလုပ်ရတာကတော့
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ငွေကို ပိုမိုသက်သာစွာ ချေးယူနိုင်ဖို့အပြင် လုပ်ငန်း
တွေတိုးချဲ့ပြီး အလုပ်သမားတွေ ထပ်ငှားနိုင်စေဖို့ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုဟာ ဂျပန်မော်တော်ကားကုမ္ပဏီဖြစ်တဲ့ တိုယိုတာကုမ္ပဏီ
ကိုလည်း အထိနာစေပါတယ်။ တိုယိုတာကုမ္ပဏီက သူတို့ရဲ့ အသားတင်ဆုံးရှုံးငွေကို
ပထမဦးဆုံးအကြိမ်အနေနဲ့ မနေ့က ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG