သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ဟောင်း နှစ်သစ်ကူးကာလ အီဒီယံအသုံးအနှုန်းများ


New Year Resolutions နှစ်သစ်မှာ နှစ်ဟောင်းက အားနည်းချက်တွေကို ဘယ်လိုပြုပြင်သွားမလဲဆိုတဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်၊ အာမခံချက်တွေ ချမှတ်လေ့ရှိရာမှာ အသုံးပြုပြောဆိုတဲ့ kiss good-bye, kiss of death နဲ့ kiss off စတဲ့ အီဒီယံအသုံးအနှုန်းများ တို့ကို တင်ပြထားပါတယ်။

Kiss Good Bye - ခွဲခွာရာမှ နှုတ်ဆက်တဲ့ အနှမ်း လို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပာယ်ကတော့ တခုခုကို ဘယ်တော့မှ ပြန်ရမှာမဟုတ်တော့ဘူး၊ ပြန်မတွေ့နိုင်တော့တဲ့ အခြေအနေကို ရည်ညွှန်းတာဖြစ်ပါတယ်။
အစပိုင်း ဖွင့်ပြသွားတဲ့ တေးသီချင်းက ကုန်လွန်ခဲ့တဲ့နှစ် ကုန်လွန်ခဲ့တဲ့အချိန်ကို ဘယ်တော့မှ ပြန်အစားထိုးလို့ မရနိုင်တော့ပါဘူး။ အလားတူပဲ နှစ်ဟောင်းတုန်းက ဘာလုပ်မယ်၊ ဘယ်လိုနေမယ်၊ ဘယ်လိုကြိုးစားမယ်၊ ဘာတွေမလုပ်ပဲ ရှောင်နေမယ်၊ ဆင်ဆင်ခြင်ခြင်နေမယ်ဆိုပြီး အဲဒီနှစ်ကာလမှာ ကိုယ့်ကိုကိုယ်ပေးထားတဲ့ ကတိတွေကိုလည်း နှစ်ကုန်ရောက်မှပဲ ပြန်ပြီးတော့ ကတိတည်မယ် ပြန်လုပ်မယ်ဆိုပေမယ့်လည်း ဖြုန်းခဲ့တဲ့အချိန် ပြန်မရနိုင်တော့တဲ့ သဘောဖြစ်တာမို့ နှစ်ဟောင်းမှာပဲ ထားရစ်ခဲ့ကြတော့မယ်လို့ တေးသွားက ရည်ညွှန်းထားတာဖြစ်ပါတယ်။

နေ့စဉ်သုံးမှာတော့ kiss good-bye က ပြန်မရနိုင်တော့တဲ့ လက်လွတ်ဆုံးရှုံးမှုကိုရောက်မယ့် အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

"If you don't watch your purse, you will lose your money. You can kiss it good-bye."
"ပိုက်ဆံအိတ်ကို သေသေချာချာ မကြည့်သိမ်းမထားဘူးဆိုရင် ခင်များအိတ်ထဲရှိတဲ့ ပိုက်ဆံတွေ ပျောက်လိမ့်မယ်။ ပြန်လည်း ရမှာမဟုတ်တော့ဘူး။"

ဒီလိုအခြေအနေမျိုးမှာ ပျောက်တာတောင့် နည်းသေးတယ်လို့ ခနဲတဲ့တဲ့ ပြောရင်လည်း kiss it good-bye ကို သုံးလို့ရပါတယ်။

Kiss of Death - မရဏာ (အသေ) အနမ်း လို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ ဒီအသုံးအနှုန်းဆင်းသက်လာတာကတော့ ခရစ်ယာန်ကျမ်းစာသစ်မှ ဖြစ်ပါတယ်။ Jesus ယေရှုခရစ်တော်မှာ နောက်လိုက်တော်ဖြစ်တဲ့ ခရစ်ယာန်သာသနာပြုကိုယ်တော် ဆယ့်နှစ်ပါး ရှိရာမှာ တပါးဖြစ်တဲ့ Judas Iscariot ဟာ ဘဏ္ဍာသိမ်းဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လာဘ်ယူပြီး ခရစ်တော်ယေရှုအပေါ် သစ္စာဖောက်ကာ ရောမအဏာပိုင်တွေ လက်ထဲ ခရစ်တော်ကို အပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကို kiss of death ရည်ညွှန်းတဲ့အတိုင်း ဒီ အီဒီယံအသုံးရဲ့  နေစဉ်သုံးမှာ လူတဦးရဲ့  ကျဆုံးမှုကို အခြေစိုက်စေမယ့် အခြေအနေမျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။

"The Senator had an affair with that actress is the kiss of death for his political future."
"အထက်လွှတ်တော်အမတ် နဲ့ ရုပ်ရှင်မင်းသမီးတို့ ဖောက်ပြန်တဲ့ကိစ္စဟာ သူ့နိုင်ငံရေးအနာဂတ်အတွက်တော့ ကျဆုံးမှုတရပ်ပါပဲ။"

Kiss Off - ဒီအသုံးအနှုန်းအတွက် အီဒီယံအသုံး သုံးမျိုးရှိပါတယ်။
(၁) လက်မခံ ပယ်ချခြင်း
"His kiss off their offer. He said he has a better one."
"သူတို့ ကမ်းလှမ်းချက်ကို သူ ပယ်ချလိုက်တယ်။ သူတို့ထက် ကောင်းတဲ့ ကမ်းလှမ်းချက် သူမှာ ရထားတယ်။"

(၂) လက်လွှတ်ဆုံးရှုံးခြင်း
"You can kiss off that promotion since you received a traffic ticket for a drunk driving from the police."
"ခင်များ အရက်မူးပြီး ကားမောင်းခဲ့လို့ ရဲက ခင်များကို ဒဏ်ရိုက်ထားတဲ့ လက်မှတ် ရထားလို့ ခင်များတော့ ရာထူးတိုးဖို့ မမျှော်လင့်နဲ့တော့။"

(၃) မောင်းထုတ်ပစ်လိုက်ခြင်း
"The famous actress told the reporters to kiss off when they asked for her comment."
"နံမည်ကြီး ရုပ်ရှင်မင်းသမီးကို တခုခုပြောဖို့ သတင်းထောက်တွေက တောင်းဆိုတော့ သူမက သတင်းထောက်တွေကို မောင်းထုတ်ပစ်လိုက်တယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG