သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ် အိုဘားမားရဲ့ ပထမနေ့


ဘရက်ခ် အိုဘားမား အမေရိကန် သမ္မတအဖြစ် ပထမဆုံး ရုံးထိုင်တဲ့ နေ့မှာပဲ အမေရိကန်နိုင်ငံ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ပြဿနာထဲက တချို့ ဖြစ်တဲ့ ငွေကြေးဈေးကွက် အကျပ်အတည်းနဲ့ အီရက်နဲ့ အာဖဂန်စစ်ပွဲများကိစ္စကို စတင် ကိုင်တွယ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုးဘားမားဟာ သူ့ရဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်များ၊ ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်စ်နဲ့ စစ်ဖက်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးပါတယ်။

ဂွာတာနာမို ပင်လယ်အော်ရှိ အကျဉ်းစခန်း ၂နှစ်အတွင်း ပိတ်ရေး အချိန် သတ်မှတ်တဲ့ သမ္မတရဲ့ အမိန့်ကိုလည်း မစ္စတာ အိုးဘားမား ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက အလုပ်အကိုင်တွေ သန်းနဲ့ ချီကာ ဖန်တီးနိုင်ရေး ရည်စူးတဲ့ ဒေါ်လာ ဘီလီယံ ၈၀၀ စီးပွားရေး နိုးထရေး စီမံချက်ကို တွန်းအားပေးလိုက်ပါတယ်။ တပ်ဖွဲ့များ အီရက်နိုင်ငံက ၁၆လအတွင်း ရုတ်သိမ်းမယ်လို့ သမ္မတက ကတိကဝတ်ပြုလိုက်ပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန် တပ်ဖွဲ့အင်အား ၂ဆ တိုးပြီးချထားရေး အစီအစဉ်ကိုလည်း သမ္မတ အိုဘားမားက ထောက်ခံလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG