သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လည်ဖွဲ့စည်း အန်စီဂျီယူဘီ နဲ့ အနာဂတ် လုပ်ငန်းစဉ်မူဝါဒ


ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma - NCGUB) ခေါ် ပြည်ပရောက် မြန်မာအတိုက်အခံ စင်ပြိုင်အစိုးရအဖွဲ့ကို အဖွဲ့ဝင်သစ် သုံးဦး နဲ့အတူ တိုးချဲ့ဖွဲ့စည်းလိုက်ပါပြီ။ အိုင်ယာလန်နိုင်ငံ (Ireland) ဒဗ္ပလင်မြို့တော် (Dublin) မှာ မျက်နှာစုံညီ တွေ့ဆုံခဲ့တယ့် ၁၉၉၀ ပြည့်နှစ် အရွေးကောက်ခံ ပြည်ပရောက်လွှတ်တော်ကိုယ်စားလှယ် (၃၂) ဦး က လျှို့ဝှက်မဲပေးစံနစ် နဲ့ ဝန်ကြီးအဖွဲ့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် မူလဝန်ကြီးချုပ်ဟောင်း ဦးစိန်ဝင်း ကို ပြန်လည်ရွေးချယ်ခဲ့ပြီး ယခင်ဝန်ကြီးများဖြစ်သော ဦးဘိုလှတင့်၊ ဒေါက်တာတင့်ဆွေ၊ ဦးခွန်မာကိုဘန်း တို့အပြင် ခွန်မြင့်ထွန်း၊ ဦးဝင်းလှိုင် နဲ့ ဦးထွန်းဝင်း တို့ကို ထပ်တိုးခန့်အပ်ဖွဲ့စည်းခဲ့ပါတယ်။

စစ်ပြိုင်အစိုးရကို ပြန်လည်ဖွဲ့စည်းခဲ့ပေမယ့် လက်ရှိဝန်ကြီးချုပ် နဲ့ ဝန်ကြီးချုပ်ဟောင်းများကို ပြန်လည်ရွေးချယ်ခဲ့တာကြောင့် အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ကို မြန်မာနိုင်ငံရေးမှာ ထိရောက်မူ့မရှိဘူးလို့ ဝေဖန်နေကြသူများအဖို့ အပြောင်းအလဲမဟုတ်ဘူးလို့ ယူဆစရာ ဖြစ်နေပါတယ်။

အစိုးရအသစ်အနေနဲ့ ဘာတွေပြောင်းလဲမှုရှိသလဲ၊ ဘယ်လို လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ မူဝါဒများချမှတ် လုပ်ဆောင်သွားမလဲ စတဲ့ အစိုးရသစ်အပြောင်းအလဲ အခြေအနေကို ပိုမိုသိရှိနိုင်ဖို့ ဝန်ကြီးအဖွဲ့ဝင်သစ်အဖြစ် ရွေးကောက်တင်မြောက်ခံရသူ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG