ပိန်မှလှမယ်ဆိုတဲ့ အခုလို ခေတ်ကာလမှာ ပါမုန့်ပေါ်မှာ ရွှေဝါရောင် ထော်ပတ်ကိုသုတ်စားဖို့ ဝင်လေးတဲ့ခေတ် ဖြစ်လာပါပြီ။ ထော်ပတ်ထဲမှာ ကိုလက်စ္စထော် (cholesterol) သာမန် အဆီအနှစ်တွေ အလွန်များလို့ စိုရိမ်ကြတဲ့ အခြေအနေမျိုးကြောင့် ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ထောပတ်ဟာ တချိန်တုန်းကလို အမေရိကန်မိသားစု စားပွဲမှာ အမြဲမပါတော့ပါဘူး။ ဒါပေမယ့် နေ့စဉ်သုံး အီဒီယံဘန်းစကားမှာတော့ နေရာယူလျှက်ရှိနေပါသေးတယ်။
Bread and Butter - ပါမုန့် နဲ့ ထောပတ် လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအဓိပါယ်ကတော့ အသက်ရှင်နေထိုင်ဖို့ အခြေခံလိုအပ်ချက်ကို ဆိုလိုတာဖြစ်ပါတယ်။ Bread အနေနဲ့ မြန်မာတို့အတွက်တော့ ထမင်း စားစရာ သဘောဖြစ်ပါတယ်။ ထမင်းအို ကွဲတယ်ဆိုရင် နေစဉ် စားသောက်ဖို့ စရိတ် အခက်အခဲ ရှိတဲ့သဘောဖြစ်ပါတယ်။ ဥပမာ - အလုပ်ပြုတ်လို့ တွေ့ကြုံရတဲ့ အခြေအနေပေါ့။
"Cooking hamburger at the McDonald's is not the job I expected to get with my degree in business administration, but at least it's my bread and butter until I find a job that suits my education better."
"McDonald's စားသောက်ဆိုင်မှာ အသားညှပ်ပါမုန့် လုပ်ပေးတဲ့အလုပ်က ကျနော်ရထားတဲ့ စီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့ နဲ့တော့ မကိုက်ညီပါဘူး။ ဒါပေမယ့် ကျနော့် ပညာနဲ့ ပိုသင့်မြတ်တဲ့ အလုပ်မရခင်မှာ ကျနော်အတွက် အနည်းဆုံးတော့ ထမင်းနှပ်မှန်အောင်စားရမယ့် ဝင်ငွေရစေမယ့် အလုပ်ပေါ့ဗျာ။"
Butter Fingers - ထောပတ်ပေနေတဲ့ လက်ချောင်း လို့ တိုက်ရိုက် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံမှာတော့ ထောပတ်ပေကျန်နေတဲ့ လက်တွေက အဆီတွေကြောင့် လက်မမြဲပဲ ပစ္စည်းတွေကိုင်တွယ်တဲ့အခါ လွတ်ကျလွယ်တဲ့ သဘောဖြစ်ပြီး ရှပ်တိ ရှပ်ပြာ လုပ်တက်ကိုလည်း ပြောဆိုနိုင်ပါတယ်။
"John is the rocket scientist and supposed to be smart. But, you ought to see what a butter finger he is out around the house. For instance, if I ask him to wash the dishes, he sures to drop a dish or a cup."
"ဂျွန် ဟာ ရော့ခ်ကတ် ဒုံပျံဆိုင်ရာ သိပ္ပံပညာရှင်တဦးဖြစ်တဲ့အတွက်ကြောင့် လူတော်ဖြစ်ရမယ်လို့ ယူဆကြမှာပါ။ ဒါပေမယ့် အိမ်ထဲမှာတော့ ဘယ်လောက်တောင် ရှပ်တိရှပ်ပြာနိုင်သလဲ ဆိုတာ မြင်စေချင်လှတယ်။ ဥပမာတခုပြောရရင် သူကို ပန်းကန်ဆေးခိုင်းလိုက်ရင် တကယ်ပဲ ပန်းကန်တလုံး သို့မဟုတ် ခွက်တလုံး ကွဲဖို့သာ ပြင်ပေတော့။"
To Butter Up - နာမ်စားအဖြစ် ပုံမှန်သုံးတဲ့ butter ကို ဒီနေရာမှာ ကြိယာအဖြစ် up ဆိုတဲ့ ဝိဘတ် (preposition) နဲ့ တွဲသုံးထားတာဖြစ်ပါတယ်။ ဘန်းစကားအဖြစ် အခွင့်အရေးလိုချင်တဲ့ မျက်နှာလုပ်တဲ့ သဘော မြှောက်ပင့်ပြောဆိုတာ ဖြစ်ပါတယ်။
"Everybody in the office is busy trying to butter up Julia since the word came out she will be promoted to vice-president."
"ဂျုလီယား တယောက် ဒုတိယအကြီးအကဲအဖြစ် ရာထူးတက်တော့မယ်လို့ သတင်းထွက်လာကတည်းက ရုံးထဲကလူတိုင်းက သူကိုဝိုင်းပြီး မျက်နှာလုပ်နေကြတာ အလုပ်ကိုရှုပ်နေတာဘဲဗျာ။"
Butter Ball - ထောပတ်လုံး လို့ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် အဆီအစိမ့်တွေအစားများလို့ ဘာဖြစ်လာလဲဆိုတာကို ဒီ စကားလုံးက အဖြေပေးနေပါတယ်။ 'ဝ' လာတာဖြစ်ပါတယ်။ မြန်မာတွေကတော့ 'ဝ' နေတာ ဘော်လုံးကျနေတာပဲ။ 'ဝ' နေတဲ့လူလာနေရင် ဘော်လုံးကြီးလိမ့်လာနေပြီးလို့ ပြောဆိုကြတယ် မဟုတ်လား။ ဒါကြောင့် လုံးနေအောင် 'ဝ' ကြောင်း တင်စားပြောဆိုရင် butter ball ဘန်းစကားကို သုံးစွဲနိုင်ပါတယ်။
"My boss really needs to go on diet and get some exercises. All the rich foods he loves to eat is turning him into a real butter ball."
"ကျနော့်သဌေးဆရာသမား အစားလျှော့စားပြီး လေ့ကျင့်ခန်း လုပ်ဖို့ လိုနေပြီ။ အဆီအစိမ့်တွေ စားကောင်းတိုင်းစားနေလို့ ဆရာသမားလည်း တဖြည်းဖြည်း 'ဝ' လုံး ဖြစ်လာပြီ။"
ဒီတပါတ်တင်ပြတဲ့ ထောပတ် နဲ့ ဆိုင်တဲ့ အီဒီယံအသုံးအနှုန်းများကတော့ bread and butter, butter fingers, to butter up နဲ့ butter ball တို့ ဖြစ်ပါတယ်။