သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးနှောက်တွင်း မှတ်ဉာဏ် သိုလှောင်မှု လေ့လာချက်


ဖေဖဝါရီ ၄၊ ၂၀၀၉။ ပုံရိပ် ရိုက်ကူးတဲ့ ကင်မရာပညာသစ်တွေ တိုးတက်လာတာနဲ့အမျှ လူ့ဦးနှောက်နဲ့ပတ်သက်လို့ လျှို့ဝှက်ချက်တွေ ဦးနှောက်အလုပ်လုပ်ကိုင်မှုတွေကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်လာနိုင်ကြပါတယ်။ ဒီနည်းပညာတွေထဲမှာ နောက်ဆုံး အတိုးတက်ဆုံးနည်းပညာကတော့ fMRI လို့ခေါ်တဲ့ သံလိုက်စက်ကွင်းနဲ့အသံလှိုင်းအသုံးပြုပြီး ပုံရိုက်ယူတဲ့ စက်ပစ္စည်းပါ။ သုတေသီတွေဟာ ဒါကို အသုံးပြုပြီး လူရဲ့ လှုပ်ရှားမှုပြုမူချက်ကွဲလွဲတာနဲ့ ဦးနှောက်ထဲ သွေးစီးဆင်းလည်ပတ်မှု ဘယ်လို ပြောင်းလဲသွားသလဲဆိုတာကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

မှတ်ဉာဏ်တွေ ဖန်တီးတဲ့ ဦးနှောက်နေရာမှာပဲ မှတ်ဉာဏ်အသိဉာဏ်တွေကို သိမ်းဆည်းထားတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီ မှတ်ဉာဏ်တွေကို ဖန်တီးမှုရှိတဲ့ ဦးနှောက်နေရာတခုကို Hippocampus လို့ အသိများပါတယ်။

ဒီလေ့လာချက်နဲ့ပတ်သက်လို့ အခုအပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG