သုံးရလွယ်ကူစေသည့် Link များ

လှေစီးပြေး ရိုဟင်ဂျာတွေ ထိုင်းမှာနှိပ်စက်ခံခဲ့ရ


အခုတပတ်အတွင်း အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်အတွင်း ကယ်တင်ခဲ့တဲ့ မြန်မာလှေစီး ဒုက္ခသည်တွေမှာ ဒဏ်ရာ အများအပြားတွေ့ရှိရလို့ သူတို့ဟာ ရိုက်နှက်ခံခဲ့ရတယ်ဆိုတာ သက်သေ အထောက်အထားတွေပဲလို့ အင်ဒိုနီးရှား ကျန်းမာရေး တာဝန်ခံများက ပြောကြားကြပါတယ်။ အဲဒီလှေစီးပြီး ထွက်ပြေးလာကြတဲ့ မြန်မာ ရိုဟင်ဂျာ ၁၉၈ ယောက် အင်ဒိုနီးရှားနိုင်ငံ အနောက်ဖက် ပင်လယ် အတွင်းမျှောနေတာနဲ့ တနင်္လာနေ့က ကယ်တင်လိုက်ကြတာပါ။ သူတို့ကို ထိုင်းစစ်တပ်က ရိုက်နှက်ြ့ပီး ပင်လယ်ထဲကို မောင်းထုတ်လိုက်တယ်လို့ သူတို့က ပြန်ပြောပြပါတယ်။ အဲဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ကိုယ်ပေါ်မှာ တွေ့ရတဲ့ အနာရွတ်တွေက သူတို့ကို ဒုတ်တွေ၊ ကြိုးတွေနဲ့ ရိုက်ထားတာ ခံခဲ့ရတယ်ဆိုတာ ထင်ရှားတယ်လို့ အင်ဒိုနီးရှား အာချေးပြည်နယ် ကျန်းမာရေး တာဝန်ခံများက အေအက်ဖ်ပီ သတင်းဌာနကို ရှင်းလင်းပြောပြပါတယ်။

ထိုင်း ဒုဝန်ကြီးချုပ် ဆုသက်တောင်စုဘန်း ကတော့ ထိုင်းစစ်တပ်အနေနဲ့ မြန်မာလှေစီး ဒုက္ခသည်တွေကို လူဆန်ဆန် ဆက်ဆံပါတယ်လို့ ထပ်ပြီး ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် ၁၉၈ယောက်ကတော့ စားစရာ အစာ၊ သောက်စရာ ရေတို့မပါဘဲ ပင်လယ်ထဲကို မောင်းလွှတ်လိုက်တာ သတင်း ၃ ပတ် ပင်လယ်ထဲမှာ မျှောနေပြီး ၂၂ယောက်ကတော့ အစာရေစာ ငတ်ပြတ်သေဆုံးသွားလို့ ပင်လယ်ထဲကို ပြစ်ချခဲ့ရတယ်လို့ ပြောပြပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာပြည်က လူနဲစု မွတ်ဆလင်များ ဖြစ်ကြပြီး စစ်အစိုးရရဲ့ နှိပ်စက်တာ မခံနိုင်လို့ ဘင်္ဂလားဒေရှ့်၊ ထိုင်းစတဲ့ နိုင်ငံများကို ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG