သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရနဲ့ အတိုက်အခံ ချက်ချင်းဆွေးနွေးရေး ကုလတိုက်တွန်း


မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုများအကြား ကြိုတင်သတ်မှတ်ချက်
များ မထားဘဲ ခြေခြေမြစ်မြစ်ရှိတဲ့ စကားဆိုပွဲ ချက်ချင်းပြန်စသင့်ပြီလို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံသို့ သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး
ကိုယ်စားလှယ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) က ကြာသပတေးနေ့က
နယူးဒေလီမြို့ကို ရောက်ရှိနေတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ သွားရောက်
အစီရင်ခံလိုက်ပြီးနောက် အတွင်းရေးမှူးချုပ်က အဲဒီလိုပြောကြားတာလို့ အတွင်းရေးမှူး
ချုပ်ရုံး ပြောခွင့်ရအမျိုးသမီး မစ်ရှဲလ် မွန်းတာ့စ် (Michele Montas) က ပြောဆိုပါတယ်။

မြန်မာပြည်မှာ မိမိနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပြီး နိုင်ငံရေးပြုပြင်
ပြောင်းလဲမှုများမှာလည်း သိသာလောက်တဲ့ တိုးတက်မှုများ မရှိသေးသ၍ အတွင်းရေး
မှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို မလာရောက်သင့်သေးဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို တနင်္လာနေ့မှာတွေ့ဆုံစဉ် ပြောကြားခဲ့
ပါတယ်။

စစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ
လက်တွေ့မဆန်ဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG