သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတေးလျ တောမီးကြောင့် လူ ၁၀၀နီးပါး သေဆုံး


သြစတေးလျနိုင်ငံ တောင်ပိုင်းမှာ တောမီးလောင်မှုကြောင့် သေဆုံးသူ ၈၄ယောက် ရှိသွားပြီး ဒါဟာ နိုင်ငံ သမိုင်းမှာ လူအသေအပျောက် အများဆုံး တောမီးလောင်မှု ဖြစ်ပါတယ်။ ဗစ်တိုးရီးယား ပြည်နယ်တဝှမ်း လောင်ကျွမ်းနေတဲ့ တောမီးတွေမှာ လူတွေ သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပျက်အစီးပုံတွေကြားမှာ လိုက်လံ ရှာဖွေမှုတွေ လုပ်နေတာနဲ့အမျှ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။ တချို့က မီးဘေးလွတ်ရာ ပြေးကြရင်းနဲ့ ကားထဲမှာ ပိတ်မိသေဆုံး တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မဲဘန်းမြို့မှာ မီးပေါင်း ၄၀၀ လောက် လောင်ခဲ့လို့ ၁၈ယောက်ထက် မနည်း ဒဏ်ရာရခဲ့ပြီး အိမ်ပေါင်း ရာပေါင်းများစွာလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

မနားမနေ မီးငြိမ်းသတ်နေကြရတဲ့ အရံ မီးသတ်သမားတွေကို အကူအညီ ပေးဖို့ စစ်သားတွေကို စေလွှတ်ပေးမယ်လို့ သြစတေးလျ ဝန်ကြီးချုပ် ကယ်ဗင် ရက် က ပြောပါတယ်။ အခု လောင်ကျွမ်းနေတဲ့ မီးဟာ ဒေသတွင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီးတော့ တချို့က ရှို့မီးဖြစ်တယ်လို့ ဗစ်တိုးရီးယား ပြည်နယ် အကြီးအကဲက ပြောပါတယ်။ သြစတေးလျမှာ တောမီးကြောင့် လူ့အသတ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာက ၁၉၈၃ခုနှစ်တုန်းက ဗစ်တိုးရီးယား ပြည်နယ်နဲ့ တောင်သြစတေးလျ ပြည်နယ်တွေမှာ ဖြစ်ပြီးတော့ အဲဒီတုန်းက သေဆုံးခဲ့သူဟာ ၇၅ယောက်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG