သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အာရှခရီးစဉ် ဂျပန်ရောက်ပြီ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ်
တာဝန်ယူပြီးကတည်းက ပထမဆုံး နိုင်ငံခြား
ခရီးစဉ် သွားရောက်တဲ့ ဟီလာရီ ကလင်တန်
(Hillary Clinton) ဟာ ခရီးစဉ်အစမှာ ဂျပန်
နိုင်ငံကိုရောက်ရှိပြီး အမေရိကန်-ဂျပန်
ဆက်ဆံရေးကို ချီးမွမ်းပြောကြားသွားပါတယ်။

အမေရိကန်-ဂျပန်နိုင်ငံ မိတ်ဖက်အခြေအနေ
ဟာ ကမ္ဘာ့သံတမန်ရေးရာတွေအတွက်
အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မစ္စကလင်တန်
က ပြောပါတယ်။ မစ္စကလင်တန်ဟာ
အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကိုလည်း လာမယ့်ရက်တွေအတွင်း
သွားရောက်မှာ ဖြစ်ပါတယ်။

ကမ္ဘာမှာကြုံတွေ့နေရတဲ့ စိမ်ခေါ် အကဲစမ်းမှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်အစိုးရနဲ့
အာရှ-ပစိဖိတ်ဆက်ဆံရေးဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတာ ပြသဖို့ ဒီခရီးစဉ်ကို
လာရောက်တာဖြစ်တယ်လို့ မစ္စကလင်တန်က ပြောပါတယ်။

ဂျပန်ခေါင်းဆောင်တွေနဲ့ မစ္စကလင်တန်တို့ အင်္ဂါနေ့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်၊
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ နျူကလီးယားလက်နက် ပြန့်ပွားမှု၊ ဒါတွေကို ဘယ်လို
တိုက်ဖျက်မလဲဆိုတာတွေကို ဆွေးနွေးကြမယ်လို့ မစ္စကလင်တန်က ပြောပါတယ်။

သီတင်းတပတ်ကြာမယ့် ခရီးစဉ်အတွင်းမှာ မစ္စကလင်တန်က ကမ္ဘာလုံးဆိုင်ရာ
စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရေး အာရှနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရဖို့
ကြိုးစားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လု့ိတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ
တိုးတက်မှုရှိအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့
(အာဆီယံ) ကို တိုက်တွန်းမယ်လို့ မစ္စကလင်တန်က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG