သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်ဦးစီးချုပ် မြန်မာနိုင်ငံ သွားရောက်ဆွေးနွေး


ထိုင်း-မြန်မာနယ်စပ်နဲ့ တခြားကိစ္စရပ်များ စစ်အစိုးရ
ခေါင်းဆောင်များနဲ့ ဆွေးနွေးဖို့ ထိုင်းစစ်ဦးစီးချုပ်
မြန်မာပြည်ကို ထွက်ခွာသွားပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ လူနည်းစုများကိစ္စ မြန်မာ
စစ်အစိုးရ တာဝန်ခံများနဲ့ ဆွေးနွေးရေးဟာ
လျော်ကန်တဲ့အချိန် ဖြစ်တယ်လို့ ထိုင်းဗိုလ်ချုပ်ကြီး
အနုပွန် ပေါင်ချင်ဒါ (Anupong Paochinda) က
ဘန်ကောက်လေဆိပ်က မထွက်ခွာခင် ပြောကြား
သွားပါတယ်။

၂၀၀၇ ခုနှစ်မှာ ထိုင်းစစ်ဦးစီးချုပ် ဖြစ်လာပြီးနောက်
ဒါဟာ ဗိုလ်ချုပ်ကြီးအနုပွန်ရဲ့ မြန်မာနိုင်ငံသို့ ပထမ
ဆုံးခရီး ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေထဲက အများစုက မြန်မာတိုင်းရင်းသား မွတ်ဆလင်များ ဖြစ်ကြပြီး
စစ်အစိုးရက မြန်မာနိုင်ငံသားအဖြစ် သူတို့ကို မပေးပါဘူး။ ထိုင်းနိုင်ငံမှာ ခန့်မှန်းချေ
အားဖြင့် ၂၀,၀၀၀ လောက်ရှိတဲ့ ရိုဟင်ဂျာတွေကို စီးပွားရေးအကြောင်းပြုပြီး တရား
မဝင် ရောက်ရှိနေကြသူများလို့ ထိုင်းအစိုးရက သဘောထားပါတယ်။

အမေရိကန်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က
တော့ ရိုဟင်ဂျာတွေကို နိုင်ငံမဲ့များအဖြစ် သဘောထားကြပါတယ်။

မြန်မာနိုင်ငံတွင်း ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားဒေသများကို စစ်အစိုးရက နှိပ်ကွပ်တဲ့
အတွက် နယ်စပ်ကျော်ဖြတ်ကာ ဝင်ရောက်လာကြလို့ မြန်မာဒုက္ခသည် သိန်းပေါင်း
များစွာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှာ နေထိုင်နေကြရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG