သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးနှောက်ကနေ ထိန်းချုပ်နိုင်မယ့် လက်တု နည်းပညာသစ်


ဖေဖ၀ါရီ ၁၈၊ ၂၀၀၉။ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကနေ အခုဆိုရင် ခြေတုလက်တုတွေကို ပိုမိုကောင်းမွန် လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားလာနိုင်တဲ့ အဆင့် ရောက်လာပါပြီ။ ခြေလက် ဆုံးရှုံးသွားလူတွေအဖို့ မျှော်လင့်ချက်တရပ် ဖြစ်လာတယ်လို့ ဆိုရမှာပါ။

အဲဒီ နည်းပညာသစ်ကြောင့် အရင်ကလို ပုံမှန်နဂိုလ် လှုပ်ရှားသွားလာမှုမျိုးနီးပါး ပြန်ရလာနိုင်တဲ့ အခြေအနေတရပ် ရောက်လာပါတယ်။ ဒီအတွက် ခွဲစိတ်ကုသမှုလုပ်ပြီး ပိုပြီး ခေတ်မီတဲ့ လက်တု တပ်ဆင်ရမှာပါ။

Targeted muscle reinnervation လို့ခေါ်တဲ့ လှုပ်ရှားမှုလုပ်နိုင်တဲ့ ကြွက်သားတွေနဲ့ ဆန်းသပ်တီထွင်ထားတဲ့ နာမ့်ကြောတွေကို ချိတ်ဆက်ပေးပြီး။ လက်တုကို တကယ်လက်အစစ်လို့ လှုပ်ရှားနိုင်အောင် ပြုလုပ်တာပါ။ လက်တုရဲ့ လှုပ်ရှားမှုအတွက် ဦးနှောက်ပိုင်းရဲ့ လှုံဆော်ညွန်ကြားချက်ကိုရဖို့ လှိုင်းဖမ်းစက်ပုံစံနဲ့ အဲဒီကြွက်သားစိုင်တွေအပေါ်မှာ Electrodes လျှပ်အုပ်ပစ္စည်းတွေ တပ်ဆင်ပါတယ်။

စမ်းသပ်ခံလူနာတွေရဲ့ လက်ကောက်ဝတ် တံတောင်ဆစ်နဲ့ အခြားလက်နေရာအစိတ်အပိုင်းအတော်များများဟာ နဂိုလ်နီးပါးလှုပ်ရှားလာနိုင်ပါတယ်။ ဒီနည်းပညာကြောင့် ဘ၀ဆုံးသလိုခံစားရတဲ့ ခြေလက်ဆုံးရှုံးရသူတွေအတွက် သတင်းကောင်းတရပ်ဖြစ်လာပါတယ်။ ဒီစမ်းသပ်မှုအကြောင်းကို အခုအပတ် ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက စီစဉ်တင်ဆက်ထားပါတယ်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG