သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ကြွေးဆုံးကယ်တင်ရေး သမ္မတအိုဘားမားရဲ့ အစီအစဉ်


အရစ်ကျ ပြန်ဆပ်ငွေ သက်သာရေး ဒေါ်လာ ၇၅ ဘီလီယံ သုံးစွဲမယ့် အစီအစဉ်ကို သမ္မတ ဘားရက်ခ် အိုဘားမား ကြေညာလိုက်တဲ့အတွက် အမေရိကန် ၉သန်း လောက်ထိ အကြွေးဝယ်ထားတဲ့ အိမ်များ ဆုံးရှုံးမယ့် အခြေအနေကို တားဆီးနိုင်တော့မှာ ဖြစ်ပါတယ်။ အိမ်ယာအကျပ်အတည်း အထိဆုံးဖြစ်တဲ့ အရီဇိုးနား ပြည်နယ်မှာ သမ္မတ အိုဘားမားက အဲဒီ အစီအစဉ်ကို မနေ့က ထုတ်ပြန်လိုက်တာပါ။ အိမ်ပိုင်ရှင်များ တက်နိုင်တည်ငြိမ်ရေး စီမံချက်လို့ အမည်ပေးထားတဲ့ အဲဒီ အစီအစဉ်က အရစ်ကျနဲ့ အကြွေးဝယ်ထားသူများ ရုန်းကန်နေရတဲ့ အခြေအနေမှာ အရစ်ကျ ပြန်ဆပ်ငွေကို သူ့တို့ ကိုယ်တိုင် ပြန်လည် ကိုင်တွယ်နိုင်တော့မှာ ဖြစ်ပါတယ်။ အိမ်တွေ ဘဏ်က အကြွေးနဲ့ မသိမ်းနိုင်ရေး တချို့ ကိစ္စတွေမှာ အဲဒီ အရစ်ကျ ပြန်ဆပ်နိုင်ရေး အတွက် အစိုးရက ငွေကြေးထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

သူတို့ အကြွေးဝယ်ထားတဲ့ အိမ်တွေရဲ့ တန်ဖိုးကျဆင်းသွားတဲ့အတွက် ငွေကြေးဘယ်လိုမှ မတတ်နိုင်သူများ အိမ်အသိမ်းမခံရရေးကို ဒီစီးမံကိန်းက သက်သာ အထောက်အကူပြုလိမ့်မယ်လို့ သမ္မတ ဘားရက်ခ်အိုဘားမားက ရှင်းလင်းပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG