သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန့်ကျင်ဆန္ဒပြသူများ ထိုင်းဝန်ကြီးချုပ်ရုံးကို ဝန်းရံ


ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ် ကိုထောက်ခံသူ ထောင်ပေါင်း များစွာဟာ ဒီကနေ့မှာ အစိုးရအဖွဲ့ရဲ့ အဓိကရုံးကို ဝိုင်း လိုက်ပြီး လွှတ်တော် ဖျက်သိမ်းဖို့၊ ရွေးကောက်ပွဲအသစ်တွေကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ရဲတွေနဲ့စစ်သားတွေ စောင့်ကြပ်နေကြတဲ့ ဝန်ကြီးချုပ် အဘီဆစ်
ဝိုက်ချာချီ၀ (Abhisit Vejjajiva) ရဲ့ရုံးရှိရာ အစိုးရအိမ်တော်ဝင်းထဲကို သံဆူးကြိုး အတားအဆီးတွေကို ချိုးဖောက် ဝင်ရောက် ခဲ့ကြပါတယ်။

ဆန္ဒပြသူ ၂၀,၀၀၀ လောက်ကို စောင့်ကြည့်ဖို့ လုံခြုံရေးတပ်ဖွဲ့အင်အား ၃,၀၀၀ ထက်မနည်း ချထားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီတပ်ဦး လို့ဆိုရမယ့် ယူဒီဒီ (UDD) အဖွဲ့က စီစဉ်ခဲ့တာဖြစ်ပြီး သုံးရက်ကြာ ဆန္ဒပြပွဲတွေကျင်းပဖို့ စီစဉ်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း မစ္စတာတက်ဆင်ကို ထောက်ခံတဲ့ ယူဒီဒီ အဖွဲ့ဝင်တွေဟာ အနီရောင်အင်္ကျီတွေကို ဝတ်ဆင်ကြတဲ့ အတွက် အင်္ကျီနီအဖွဲ့လို့ လူတွေက ခေါ်ကြပါတယ်။ မစ္စတာတက်ဆင်ဟာ ၂၀၀၆ ခုနှစ် စက်တင်ဘာလက ရာထူးကနေ ဖြုတ်ချခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကတည်းက ထိုင်းနိုင်ငံရေး မှာ ပဋိပက္ခတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG