သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UDP ခေါင်းဆောင် ဦးကျော်မြင့် ကို ဆက်သွယ်မေးမြန်း


မြန်မာစစ်အစိုးရက ကြေငြာထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကနေဒါနိုင်ငံ (Canada) အခြေစိုက် ယူဒီပီ (UDP - United Democratic Party of Myanmar) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ပါတီ ခေါင်းဆောင်ဖြစ်သူ ဦးကျော်မြင့် (ခေါ်) မိုက်ကယ် ဟွာဟူး (Michael Hua Hu) က သူဟာ အများက စွပ်စွဲနေသလို မှုးယစ်ဆေးဝါးမှောင်ခိုခြင်း၊ ငွေခဝါချအလုပ်တွေ နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်း၊ ပြီးနောက် 'ဝ' နယ်မြေတွေမှာ မှုးယစ်ဆေးဆိုတာ ခွင့်ပြုချက်ရှိသူတွေသာ လုပ်ပိုင်ခွင့်ရတဲ့ အလုပ်ဖြစ်ပါကြောင်း ဗွီအိုအေကို ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ယူဒီပီ အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်ရဲ့ ရှင်းလင်းချက်အပြည့်အဆုံးကို သိရှိနိုင်ဖို့ ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက ဦးကျော်မြင့် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

VOA – ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ်တုန်းက ငွေကြေးနဲ့ စီးပွားရေးပြဿနာတွေအတွက် စစ်အစိုးရကနေပြီးတော့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတာလဲခင်ဗျ။
UKM – ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေးစီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် ဆန့်ကျင်မှုပေါ့။ အဲဒါနဲ့ ထောင်ဒဏ်ချတာပါခင်ဗျ။

VOA – အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM – ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူ အစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။
VOA – အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM – ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူအစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည်တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။
VOA – အင်တာနက်မှာဖြန့်တဲ့ ဦးအောင်ခင်ဆိုတဲ့လူတယောက် ရေးထားတဲ့ စာမှာလည်း ဖတ်လိုက်ရပါတယ်။ ဦးကျော်မြင့်အနေနဲ့ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ရိုက် စကားပြောပြီးတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာခွဲဝေပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း တိုက်တွန်းခဲ့တယ်လို့ ရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ ဟုတ်ပါသလား။
UKM – ဟုတ်ပါတယ်ခင်ဗျ။ ကျနော် စာလည်း တင်ထားပါတယ် သူ့ဆီမှာ။
VOA – ကိုယ်တိုင်ရော စကားပြောခဲ့သလား။
UKM – ကိုယ်တိုင်တော့ အဲဒါမျိုးတွေကတော့ ကိုယ်တိုင် မပြောပါဘူး။ စာရေးတင်တာပါ။
VOA – စာတင်တော့ မြန်မာစစ်အစိုးရရဲ့ တုန့်ပြန်ချက်က ဘာပါလဲခင်ဗျ။
UKM – ကျနော့်ဆီကို ဘာမှ မပြန်လာဘူး။ ပြီးတော့မှ ကျနော် အဖမ်းခံရတာပါခင်ဗျ။
VOA – အဲဒီတော့ ဘယ်နှစ်နှစ် ထောင်ချခံရလဲခင်ဗျ။ ပြီးတော့ ဘယ်လို လွတ်မြောက်လာပါသလဲ။
UKM – စုစုပေါင်း ၉ နှစ် ချတာပါခင်ဗျ။
VOA – ဟုတ်ကဲ့၊ ဦးကျော်မြင့်အကြောင်း ရေးသားချက်တွေထဲမှာ ဦးကျော်မြင့်က ထောင်ကနေ ထွက်ပြေးလာတယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲ။
UKM – ဟုတ်ပါတယ်။ ကျနော် နေမကောင်းတော့ မန္တလေးဆေးရုံ ရောက်တဲ့အခါမှာ ဘုန်းကြီးကနေပြီးတော့ ကျနော့်ကို ကယ်လိုက်ပါတယ်။ အဲဒီဘုန်းကြီးနာမည်တော့ ပြောလို့ မကောင်းပါဘူး။ အဲဒါတော့ ကျနော့်ကို ခွင့်လွတ်ပါ။ ကျနော် ပြောပိုင်ခွင့် မရှိပါဘူး။
VOA – အဲဒီတော့ ဒီ မြန်မာပြည်အကျဉ်းထောင်ကနေ ထွက်ပြေးလာပြီးတော့ ဒီ နိုင်ငံခြားကို ထွက်ပြေးတာပေါ့။
UKM – ဟုတ်ကဲ့။ ကျနော်အဲဒီမှာ နေပြီးတော့ ဘုန်းကြီးက ကျနော့်ကို ယိုးဒယားနယ်စပ်ပေါ့၊ မြဝတီ မဲဆောက် တိုက်ရိုက် သွားတယ်။
VOA – မြန်မာပြည်ကနေ ထွက်ပြေးလာပြီးနောက်ပိုင်းမှာ ဦးကျော်မြင့်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုလုပ် ရောက်လာလဲခင်ဗျ။ အထူးသဖြင့် ကျနော် မေးရတဲ့ အကြောင်းရင်းက ဦးကျော်မြင့်က တချိန်က ဆိုရင် မြန်မာပြည်မှာ ဝတပ်ဖွဲ့တွေနဲ့ အတူတူ တိုက်ခိုက်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ဖူးတယ်။ အဲဒါအပြင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်မှာ စီးပွားရေးတွေ လုပ်ခဲ့တယ်။ ဦးကျော်မြင့် ပတ်သက်ခဲ့ဖူးတဲ့ ဝတပ်ဖွဲ့ ဆိုတာတွေကလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ် ဆိုပြီး စွပ်စွဲထားတဲ့ အဖွဲ့တွေ ဖြစ်နေတယ်လေ။ ဒီလိုဖြစ်နေတဲ့ ကြားထဲက ဦးကျော်မြင့် အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုဝင်လာသလဲခင်ဗျ။
UKM – ကျနော် ရန်ကုန်မှာ စီးပွားရေး လုပ်တာလည်း ဝနဲ့ လုံးဝ မပတ်သက်ပါဘူး။ အဲဒါ ကျနော် အပြင်မှာ ကျနော့်ကို ဒါရိုက် အင်တာဗျူးတဲ့သူ တယောက်မှ မရှိပါဘူး။ အဲဒါ သူတို့ထင်တဲ့အတိုင်း သူတို့ ရေးတာပါ။ အဲဒါကြောင့်ကို ကျနော် ပြန်လာ နိုင်ငံခြားထွက်လာတဲ့အခါမှာလည်း ဟို ဘန်ကောက်ရောက်မှလည်း အမေရိကန်သံရုံးနဲ့ ကျနော် တွေ့ပါတယ်။ အဲဒီမှာ တွေ့တဲ့အခါမှာလည်း NCGUB က ဦးစိုးပိုင်နဲ့ ဦးသိန်းဦးလည်း ပါပါတယ်၊ အဲဒီ အမေရိကန် ဌာနမှာ။ ကျနော် ဝ နဲ့ စီးပွားရေးပိုင်းလည်း လုံးဝ မပတ်သက်ပါဘူးဆိုတာ အမေရိကန်အစိုးရက ရှင်းရှင်း သိပါတယ် အမေရိကန် အစိုးရက။ အဲဒါကြောင့်ကို ကျနော် အမေရိကန်လာတာ သူတို့ ကျနော့်ကို ဗီဇာပေးပြီးတော့ လာတာ။ အဲဒါပဲ။
VOA – ဦးကျော်မြင့်က ဗမာပြည်ကနေ အကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်လာတော့ ဗမာ ပတ်စ်ပို့လည်း မပါတော့ အမေရိကန်ကနေ ဒီကို လာခွင့်ပေးတယ် ဆိုတာဟာ နိုင်ငံရေးခိုလှုံခွင့်နဲ့ လာခွင့်ပေးတယ် ဆိုတဲ့ သဘောပေါ့။
UKM – ဟုတ်ကဲ့။ ကျနော် အဲဒီမှာ ဟို – အေးပေါ့ – အဲဒါပေါ့၊ ရဖျူဂျီပေါ့။
VOA – ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးကို သွားတွေ့တုန်းက ဒီ NCGUB လို့ ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အစိုးရအဖွဲ့ရဲ့ ဦးစိုးပိုင်နဲ့ ဦးသိန်းဦး ပါတယ်လို့ စောစောက ဦးကျော်မြင့် ပြောလိုက်ပါတယ်။ သူတို့က ဘာကြောင့် ပါတာလဲ။
UKM – ဟုတ်ပါတယ်။ ဟို အဲဒီအချိန်မှာ ဦးစိုးပိုင်က စကားပြန် လုပ်ပါတယ်။ ဦးသိန်းဦးလည်း ပါတာပေါ့။ ဒါပေမယ့် စကားပြန်လုပ်တာတော့ ဦးစိုးပိုင်ပါ။
VOA – ဦးသိန်းဦးတို့၊ ဦးစိုးပိုင်တို့နဲ့ ဦးကျော်မြင့် ဘယ်လိုဆက်စပ်ခဲ့လဲ အဲဒီအချိန်က။
UKM – အဓိကကတော့ မြန်မာပြည်နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ပါ။ အဲဒါကို လူတယောက်က ကြားမှာ နေပြီးတော့ ကျနော့်ကို ကွန်တက် လုပ်ပေးတာပါ။ အဲဒါပါပဲ။
VOA – ဘန်ကောက်မှာ ရှိတဲ့ အမေရိကန်သံရုံးနဲ့ သွားတွေ့တဲ့ အချိန်မှာ NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့က ဦးသိန်းဦးက ပါပြီးတော့ လိုက်ပါလာပြီး ဆောင်ရွက်ပေးတယ် ဆိုတော့ ဘယ်လိုအကြောင်းချင်းရာမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ဝင်ပြီးတော့ ပါပြီး ဆောင်ရွက်ပေးရတာလဲ။
UKM – အဓိကကတော့ သူတို့လည်း အဲဒီအချိန်မှာ ကျနော်နဲ့ ဟိုဟာပေါ့ – ပူးပေါင်းပြီးတော့ ပုဂ္ဂိုလ်အနေနဲ့ပေါ့ ဟုတ်လား၊ – ဒီမိုကရေစီ လုပ်ငန်းကို လုပ်စေချင်လို့ တွဲပြီးတော့ လုပ်စေချင်တဲ့ သဘောမျိုးပေါ့။
VOA – အဲဒီတော့ ဦးကျော်မြင့် အမေရိကန်ပြည်ထောင်စုကို လာဖို့အရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ထောက်ခံပေးတယ် ဆိုတဲ့သဘောလား။
UKM – အဲဒီအတွက်တော့ သူတို့မပြောပါဘူး။ သူတို့က သူတို့လိုက်သွားတာက ဦးစိုးပိုင် လိုက်သွားတာ ကျနော် ပြောချင်နေတော့ စကားပြန် လုပ်ပေးတာပါ။ ထောက်ခံတယ်တို့ အမေရိကန်လာဖို့အတွက်တို့ အဲဒါတော့ သူတို့ လုပ်ပေးတာ မရှိပါဘူး။
VOA – ဦးသိန်းဦးကရော ဒါဆိုရင်။
UKM – ဦးသိန်းဦးလည်း သူလုပ်တာ ပုဂ္ဂိုလ်အနေနဲ့ပေါ့။ သူ – – သြစတေးလျသွားဖို့ဖြစ်ဖြစ်၊ – တခြား တော်တော် ကူညီပါတယ်။ – အဲဒါပေါ့။
VOA – ဘာကြောင့်မို့ ဦးကျော်မြင့်ကို သူက ကူညီရတာလဲ။
UKM – သူက ကူညီတာက၊ ကျနော်လည်း ပြည်တွင်းမှာလည်း တိုင်းရင်းသား ခေါင်းဆောင်တယောက် အနေနဲ့ နောက်ပြီးတော့လည်း ကျနော်တို့ ပြည်တွင်းမှာ နိုင်ငံရေး တော်လှန်ရေး လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်။ အဲဒီအနေနဲ့ အကူအညီပေးတာပါ။
VOA – စောစောကပြောတော့ ဦးကျော်မြင့် အနေနဲ့ ဝတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူး ဆိုပေမယ့် ဦးကျော်မြင့်နဲ့ ဦးပေါက်ယူချန်းတို့က အဆက်အသွယ် မရှိဘူးလားခင်ဗျ။ ကျနော်တို့ သိထားတာကတော့ ဦးကျော်မြင့်ဟာ ဒီ ဝ အမှတ် ၂ အထူးဒေသ အပစ်အခတ် ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ကိုယ်စားလှယ်၊ ဒုတိယဘဏ္ဍာရေးမှူးလို့ ပြောပါတယ်။ အဲဒါ မဟုတ်ဘူးလားခင်ဗျ။
UKM – အဲဒီကိစ္စ ဒီလိုဖြစ်တယ်၊ ကျနော် အမှန် ငြိမ်းချမ်းရေး ပထမဦးဆုံး ယူတာ စပြီးတော့ ဗကပနဲ့ ခွဲထွက်တာက ကျနော် ဝဒေသ မဟုတ်ဘူး။ ကျနော်က မုန်းကိုး ဒေသပါ။ မုံးကိုး ဆိုတာ အခု ကြူကုတ် ပန်ဆိုင်း အဲဒီနေရာပါ။ ဒါ – အမှန် – ကျနော် အဲဒီနေရာက ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ အဲဒီမှာ ပြီးတော့မှ ခင်ဗျားသိတဲ့အတိုင်း ငြိမ်းချမ်းရေးယူတဲ့ တပ်ဖွဲ့တွေဟာ မုံးကိုးရော ကိုးကန့်ရော ဝရော ဦးစိုင်းလင်ရော၊ ဦးစခုန်တိန်ယိမ်းရော အကုန်လုံး အဲဒီ ငြိမ်းချမ်းရေးယူတာ ကေအိုင်အေ လက်အောက်မှာ သူ့နေရာနဲ့သူ။ ဒါပေမယ့် အဲဒီပေါ်မှာ တပ်ပေါင်းစုတခု လုပ်ပါတယ်။ အဲဒီ တပ်ပေါင်းစုအောက်မှာ ဝလည်း ပါလာတာပေါ့။ ပါလာတဲ့အခါမှာ ကျနော်လည်း သူတို့ဆီကို ကျနော် တပ်ပေါင်းစုအနေနဲ့ နေပြီးတော့ သူတို့လည်း တပ်ပေါင်းစုကို ကူညီတုန်းကပေါ့။ အဲဒီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စီမံ ခန့်ခွဲတတ်တဲ့သူတယောက်ကို သူတို့ ဗဟိုမှာ ဝဒေသကို အဲဒီအချိန် ဗကပထဲမှာ စ ခွဲထွက်လာတဲ့အခါမှာ ဘိန်းဖြူလည်း ပိတ်ထားတယ် ဝင်လို့မရဘူး စီးပွားရေးလည်း ခက်တယ်။ အဲဒီအချိန်မှာ ကျနော် ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်ပြည်ကို ဟို တခါးဖွင့်ဖို့ကို သူတို့က အကူအညီ လိုချင်လို့ ကျနော်က သူတို့ဆီမှာ အဲဒီအဖွဲ့ကို ဟို သူတို့ ဗဟိုမှာ ကျနော့်ကို တာဝန်၊ တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ။ အဲဒါကြောင့် လူတွေက နည်းနည်း ကွန်ပလိန်း ရှိတာပေါ့။ ဝ၊ ဝ၊ ဝ ။ အမှန်က ကျနော် ဝ မဟုတ်ဘူး။
VOA – အဲဒီတော့ ၁၉၉၃ ခုနှစ်မှာ ဦးကျော်မြင့်က ရန်ကုန်မြို့ကို ရောက်လာတယ်။ အဲဒီမှာ ဦးကျော်မြင့်ကိုယ်တိုင် ကျုံယွမ် ကုမ္ပဏီကို ထူထောင်တယ်။
UKM – ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ပါတယ်။
VOA – အဲဒီတော့ ကုမ္ပဏီ ထူထောင်တော့ ဦးကျော်မြင့် အနေနဲ့ ဘယ်လို အရင်းအနှီးတွေနဲ့ မ တည်ခဲ့လဲခင်ဗျ။
UKM – ကျနော် အရင်တုန်းက နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးဆိုတာ ရှိတယ်။ တရုတ်ပြည်ထဲက ကုန်တွေ ဗမာပြည် သွင်းတာ။ ဗမာပြည်က ကုန်က အဲဒီ – မူဆယ် ကြူကုတ် ပန်ဆိုင်း တရုတ်ပြည် ဝမ်တိန် အဲဒီ – BORDER TRADEလုပ်တော့ အဲဒီမှာလည်း ကျနော် BORDER TRADE လုပ်တယ်။ နောက်ပြီးတော့ ကျနော် ကျောက်စိမ်း လုပ်တယ်။ သတ္ထုတွေလည်း တူးတယ် အဲဒီ ဒေသမှာ။ နောက် – သစ်လုပ်ငန်းတွေလည်း ကျနော်တို့ ဒေသတွေမှာ တချို့ သစ်- ။ အရင်တုန်းက ကျနော်တို့ ရခဲ့တဲ့ ငွေဟာ ရန်ကုန်ရောက်လာတော့မှ အဲဒီငွေဟာ ကျနော် ကျုံယွမ်ကုမ္ပဏီကို ထူထောင်တာ။ အဲဒါပါ။
VOA – အဲဒီ ငွေအရင်းအနှီးတွေက ဒီဘက်က အများစုရဲ့ အပြောအရ ဆိုရင် ကျောက်စိမ်းမှောင်ခိုလုပ်ငန်း၊ ဒါ့အပြင်ကို မူးယစ်ဆေးဝါးလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေ ဖြစ်ပြီးတော့၊ ဒီငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချတဲ့ ဟန်ပြလုပ်ငန်းတခုအဖြစ် ပြောကြားထားတာ တချို့ ရှိပါတယ်။ money laundering business ပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးကျော်မြင့် အနေနဲ့ ဘယ်လို ငြင်းချက်ထုတ်နိုင်လဲခင်ဗျ။ ဒီလောက် များပြားတဲ့ အရင်းအနှီး ငွေတွေက ချက်ချင်းကြီး မြို့ပေါ်ကို ဘယ်လိုလုပ် ရောက်လာနိုင်သလဲ။
UKM – အဲဒီဟာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒေသတွေမှာ အရောင်းအဝယ်လုပ်တဲ့ BORDER TRADEလည်း ကျနော်တို့က အခွန် ပေးပါတယ်။ ခင်ဗျား အဲဒီပစ္စည်း ဝင်လာကတည်းက ကာစတန်ရှိတယ်၊ ရဲရှိတယ်၊ လဝက ရှိတယ်။ အဲဒါ အခွန်ပေးပြီးသား ပိုက်ဆံကို ငွေမည်း ပြောလို့ မရပါဘူး။ အဲဒါလည်း ကျနော် အထောက်အထားတွေ ရှိပါတယ်။ နောက်တခုလည်း ကျနော်တို့ အဲဒီဒေသ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လို့ ခေါ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာ စီးပွားရေးလုပ်ရင် ကျနော်တို့ အဲဒီဒေသမှာ အခွန်ပေးပါတယ်။ ဒေသအစိုးရကနေ တရားဝင် ခွင့်ပြုမှုတွေ ဖြစ်ပါတယ်။ အဲဒါလည်း ငွေမည်း ပြောလို့ မရပါဘူး။ နောက်ပြီးတော့ သတ္ထုတို့ သစ်လုပ်ငန်းတို့၊ တရုတ်ပြည် ဘိလပ်မြေတို့ သံချောင်းတွေ သွင်းတာ အဲဒါ ပုံမှန် BUSINESS ပဲ။ ဒါ အမေရိကန် ကနေဒါလည်း ဒါမျိုး BUSINESS တွေ လုပ်လို့ ရတာပဲ အခွန်ပေးရင်။ အဲဒါ မကောင်းတဲ့လုပ်ငန်း ပြောလို့ မရပါဘူး ဒါတွေကို။
နောက်တခုကလည်း အဲဒီဒေသမှာ ဘိန်းက လူတိုင်း ကိုင်လို့ မရဘူး။ ဟို သူ့လမ်း သူ့နည်းနဲ့ သူတို့ ခွင့်ပြုတဲ့လူမှ အဲဒီ ဘိန်းလုပ်ငန်း လုပ်လို့ ရတယ်။ ခင်ဗျား ခွင့်ပြုချက် မရဘဲကိုင်ရင် အဲဒီဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပမာ ကိုးကန့်တို့ ဝတို့ သူတို့ ဒေသ အုပ်ချုပ်ရေးပေါ့ အဲဒါလည်း ထောင်ဒဏ်ချတယ်။ ဘိန်း လူတိုင်း သွားကိုင်လို့ မရဘူး။ ကျနော်က တသက်လုံး အဲဒီလမ်း မသွားဘူ။ ကျနော်က ခုနက ပြောသလို ကျောက်စိမ်းတို့ သစ်လုပ်ငန်းတို့ BORDER TRADE ။ အပြင်ကလူ ထင်ထားတယ် အဲဒီ ဘိန်းလုပ်ငန်းရတယ်၊ မရဘူး လုံးဝ မရဘူး။ အဲဒီဒေသရဲ့ အခြေအနေ အသိဆုံးပါ၊ ဒါ အမေရိကန် အဲဒီ DEA တို့ သူတို့ အေးဂျင့်တွေ အသိဆုံးပဲ အဲဒါက။
VOA – အဲဒီတော့ ဦးကျော်မြင့်ကို အဲဒီ DEA တို့ အဖွဲ့အစည်းတွေက ကူညီခဲ့တာ ရှိသလား။
UKM – ရွိပါတယ္ခင္ဗ်၊ ရန္ကုန္မွာ။
VOA – အဲဒီတော့ ကူညီခဲ့ပေးပြီးတော့ သူတို့က အမေရိကန်ကို ရောက်အောင် ထောက်ခံပေးတယ်။
UKM – ဟုတ္ပါတယ္ခင္ဗ်။
VOA – ဦးကျော်မြင့်အနေနဲ့ အမေရိကန်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကို လာရောက်ဆက်သွယ်ပြိးတော့ သံအမတ်ကြီးဦးလင်းမြိုင်နဲ့ တွေ့ခဲ့ဖူးတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအချိန်က ဦးကျော်မြင့် အနေနဲ့ တရုတ်စီးပွားရေးအဖွဲ့တခုကို ခေါ်ဆောင်လာပြီးတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးအတွက် လာပြီးတော့ ဆောင်ရွက်ပေးတာလို့ ကြားရပါတယ်။ အဲဒီအကြောင်း နည်းနည်းလေး ပြောပြပါ။
UKM – အဲဒီအချိန်မှာ ကျနော် အမေရိကန် နယူးဂျာစီ နယူးယောက်ဘက်မှာ နေပြီးတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သွားတွေ့တဲ့အခါမှာ ဦးလင်းမြိုင် ရှိတယ်။ ဦးလင်းမြိုင်နဲ့ တွေ့တဲ့အခါမှာ တရုတ်လည်း ပါပါတယ်။ တရုတ်ဆိုတာ အမေရိကန်တရုတ်တွေပေါ့။ သူတို့ကလည်း ဗမာပြည်စီးပွားရေးကို စိတ်ဝင်စားလို့ ကျနော် ခေါ်သွားတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စ ပြောပြီးပေမယ့် ဒါပေမယ့် ကျနော် တကယ် အဲဒီမှာ ပတ်သက်သွားတာက ဦးလင်းမြိုင်တို့ ဘယ်သူတို့က ကျနော့်ကို ပြန်ပြီးတော့ ခေါ်စေချင်တယ်ပေါ့ ဗမာပြည်ကို။
VOA – ဦးကျော်မြင့်က ဆက်သွယ်တာလား မြန်မာသံရုံးက နေပြီးတော့ ဦးကျော်မြင့်ကို စတင် ဆက်သွယ်တာလား။
UKM – တရုတ်ကို စီးပွားရေးကိစ္စ ကျနော် မြန်မာသံရုံးကို သူတို့ကို ပို့တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ မြန်မာပြည်ကိစ္စတော့ နိုင်ငံရေးကိစ္စတော့ သူတို့ ကျနော့်ကို ဆက်သွယ်ပါတယ်။
VOA – ဦးကျော်မြင့်အနေနဲ့ မြန်မာသံရုံးကို ဆက်သွယ်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပြန်လိုချင်လို့လား။
UKM – မဟုတ်ပါဘူး။ ကျနော် ဆက်သွယ်တာ အစက တရုတ်က သူတို့က ဟို ဗမာပြည်စီးပွားရေး နယ်စပ်စီးပွားရေးကို လုပ်ချင်လို့ ကျနော် လည်း သူတို့ကို နည်းနည်းလုပ်ပေးလိုက်ရင် ပြီးပြီ၊ နောက်ပိုင်း ကျနော်လည်း ဗမာပြည် ဖြစ်နိုင်တဲ့အကြောင်းကို ဗမာပြည် နိုင်ငံရေးကိစ္စ၊ တိုင်းပြည် တိုးတက်စေချင်လို့ လွတ်ငြိမ်းချမ်းသာခွင့် လိုချင်လို့ မဟုတ်ပါဘူး။ ကျနော့်တိုင်းပြည်မှာ တိုးတက်စေချင်လို့ပေါ့။ အဲဒါမျိုးတွေကလည်း သူတို့ကို နည်းနည်း ပြောစေချင်တယ်။
VOA – ဦးကျော်မြင့်အနေနဲ့ အခု ကနေဒါကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်းမှာ UDP လို့ ခေါ်တဲ့ United Democratic Party ကို ထူထောင်ပြီးတော့ မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုတယ်လေ။ အဲဒီတော့ ဦးကျော်မြင့် အနေနဲ့ မြန်မာနိုင်ငံကနေပြီးတော့ အကျဉ်းထောင်ကနေ ထွက်ပြေးလာရတဲ့ လူတယောက်ကို မြန်မာနိုင်ငံ စစ်အစိုးရ အနေနဲ့ ပြန်ပြီးတော့ လိုလိုလားလား လက်ခံနိုင်ပါ့မလားခင်ဗျ။ အထူးသဖြင့် ဦးကျော်မြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သူတို့မှာ ရည်ရွယ်ချက်များ ရှိသလား။
UKM – လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့က သူတို့အပိုင်း။ ကျနော်က ဒါကို အဓိက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စ။ ဒါကြောင့်ကို နယဖမှာ ဒီဟာ ကျနော် ထောက်ခံပါတယ်။ ကျနော် ထောက်ခံတယ်ဆိုတာ ကောင်းတဲ့ဥစ္စာမှာ ထောက်ခံတယ်။ ဥပမာဆိုရင် နယဖကနေပြီးတော့ – နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စပဲ။ ကျနော်တို့ ထောက်ခံရမယ်လေ။ ဒါကြောင့်မို့ နယကကို အကုန်လုံး မထောက်ခံဘူးဆိုတာ အဲဒီလို ပြောလို့ မရဘူး။ ကောင်းတဲ့ကိစ္စဆိုရင် တိုင်းပြည်အကျိုးရှိတဲ့ ကိစ္စဆိုရင် ကျနော်တို့ ထောက်ခံမယ်လေ။ အခု သူတို့လုပ်တာ ဥပမာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်၊ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် တအားကောင်းတဲ့ကိစ္စ။ ဒါကြောင့် ကျနော် ထောက်ခံတယ်။ တကယ်လို့ သူတို့ ကျနော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင် မပေးနိုင် ဒါတော့ သူတို့ ဆုံးဖြတ်မှာ။ ကျနော်လည်း ပြောလို့ မရဘူးခင်ဗျ အဲဒါတော့။
VOA – လောလောဆယ် ဦးကျော်မြင့်ရဲ့ UDP ပါတီမှာ မြန်မာပြည်တွင်းကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဦးသုဝေတို့ ဦးရဲထွန်းတို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ အရင်က ရင်းနှီးမှုတွေ ရှိခဲ့လားခင်ဗျ။
UKM – ကျနော် အရင်က နာမည် ကြားဖူးပါတယ်။ လူချင်း မတွေ့ဖူးပါဘူး။ ဦးရဲထွန်းလည်း သူက တကယ် ပညာရှင်၊ ပြီးတော့မှ လူလည်း နိုင်ငံရေး အရည်အချင်း တော်တော်ရှိတဲ့သူ၊ ဟို ဦးသုဝေ အပါပေါ့။ သူတို့လည်း နိုင်ငံရေးတခု ဆိုတာလည်း သူတို့ သေချာ စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ကျနော်တို့လည်း ဗမာပြည် နိုင်ငံရေး တော်လှန်ရေးဆိုတာ နှစ်ပေါင်းများစွာ တောက်လျှောက် လုပ်လာတဲ့ပုဂ္ဂိုလ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အရည်အချင်း တူပါတယ်။ အဲဒီလို အရည်အချင်း တူတဲ့အခါ ကျနော်တို့ ဦးရဲထွန်းတို့၊ ဦးသုဝေတို့၊ ကျနော်တို့က ယုံကြည်မှု အပြည့်အဝ ရှိပါတယ် ကျနော်တို့ သုံးယောက်က။
VOA – UDP ပါတီကို အဓိက ငွေကြေးထောက်ပံ့တာကတော့ ဦးကျော်မြင့်ရဲ့ ငွေကြေးသက်သက်ပေါ့နော် အခု လောလောဆယ်က။
UKM – ငွေကြေးထောက်ပံ့တာကတော့ ကျနော်လည်း ပါပါတယ်။ ဒါပေမယ့် တော်တော်များများဗျာ၊ ကျနော်တယောက်တည်းဆိုရင် ထောက်ပံ့လို့လည်း မရပါဘူး။ အဓိက ကျနော် ပတ်သက်တဲ့ ပုဂ္ဂိုလ်များပေါ့။ ဥပမာ တရုတ်တွေရော၊ တချို့ အမေရိကန် စီးပွားရေးရှင်တွေရော၊ ကနေဒါမှာရှိတဲ့ စီးပွားရေး တချို့ ASSOCIATION တွေရော ပံ့ပိုးပါတယ်ခင်ဗျ။ ကနေဒါ ဒီမှာရှိတဲ့ သူတို့က ကျနော့် ပုဂ္ဂိုလ်ရေး ခင်တော့ ပံ့ပိုးတာပါ။ သူတို့က အစိုးရကနေ လာတာ မဟုတ်ပါဘူး။
VOA – လောလောဆယ် မြန်မာပြည်ထဲမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ့နော်၊ ကချင်အဖွဲ့တို့ ဝအဖွဲ့တို့ နဲ့ရော UDP ပါတီ အနေနဲ့ ဘယ်လို ဆက်သွယ်နေလဲ။
UKM – ကျနော်တို့ UDP ပါတီ အနေနဲ့တော့ ဒီလို ဒါရိုက်ပြောတာ မရှိပါဘူး၊ ဟို ဒါပေမယ့် ပုဂ္ဂိုလ်အနေနဲ့တော့ ကျနော် သူတို့နဲ့ ရောက်ပါတယ်။ UDP နာမည်နဲ့ ရောက်တာပါ။ တရားဝင်တော့ သူတို့လည်း ဒီလို ကမ်းလှမ်းတာတော့ မရှိပါဘူး။ ပုဂ္ဂိုလ်အနေနဲ့ပဲ ကျနော် ရှိပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ တောင်ပိုင်း ဗဟို၊ တောင်ပိုင်း KNU အဖွဲ့တော့ ကျနော် သိပ်မတွေ့ဘူး။ အရင်တုန်းက ဗိုလ်ချုပ်မြ ကျနော် ဘန်ကောက်ရောက်တုန်းက ဗမာပြည်ထွက်လာတုန်းက အဲဒါ – တခါ မဲဆောက်မှာ အစည်းအဝေးလုပ်တာ အဲဒါလည်း NCGUB ဦးသိန်းဦး ပါပါတယ်။ အဲဒီအဖွဲ့တော့ မဟုတ်ဘူး။ အဓိက အဖွဲ့တော့ ဒီ မြောက်ပိုင်းပါ။ ဒီ မြောက်ပိုင်းအဖွဲ့တော့ ကျနော်တို့ ပုဂ္ဂိုလ်အနေနဲ့ အမြဲတမ်း ဆက်ဆံပါတယ်ခင်ဗျ။
VOA – ဦးကျော်မြင့်တို့ရဲ့ UDP ကိုယ်စားလှယ်တယောက်က ရန်ကုန်ကို သွားနေပြီးတော့ ရန်ကုန်မှာ နေပြည်တော်က မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ပေါ့နော်၊ အရာရှိ တချို့နဲ့ ညှိနှိုင်းပြီးတော့ UDP ပါတီကို မြန်မာပြည်မှာ တရားဝင် ထူထောင်ခွင့်ရအောင် ညှိနှိုင်းနေတယ်လို့လည်း ကြားရပါတယ်။ အဲဒါ ဟုတ်သလားခင်ဗျ။ အဲဒါဆိုရင် UDP ပါတီကို မြန်မာပြည်မှာ လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားလား။
UKM – အခုတော့ တရားဝင် အမေရိကန်မှာရှိတဲ့ သံရုံးမှာ လာပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ UDP ကို ဝင်ဖို့အတွက် သူတို့က ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအရကို သူတို့က သဘောတူပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရပေါ့ – – UDP ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်။ ဟုတ်ပါတယ်ခင်ဗျ။
VOA – အဲဒါက ဘယ္ကေန ပို့ပေးတာလဲခင္ဗ်။
UKM – ဝါရှင်တန်ဒီစီ မြန်မာသံရုံးပါ။ နေပြည်တော်က သူတို့ကို ညွှန်ကြားတာ။
VOA – အဲဒီတော့ ဦးကျော်မြင့်ကိုယ်တိုင်ရော မြန်မာနိုင်ငံကို ဘယ်တော့ ပြန်မလဲခင်ဗျ။
UKM – ကျနော် လောလောဆယ်တော့ ပြည်ပမှာ ကျနော် လုပ်ငန်းတွေ ရှိနေတော့ – လောလောဆယ်တော့ ပြည်ပမှာ တာဝန်ယူထားပါတယ်။ လောလောဆယ် ကျနော် မပြန်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ဦးသုဝေတို့၊ ဒုဥက္ကဋ္ဌ ဦးရဲထွန်းတို့ အထွေထွေအတွင်းရေးမှူး တို့ သူတို့ သုံးယောက် အဲဒီမှာ။ ကျနော်တော့ လောလောဆယ်တော့ UDPရဲ့ နိုင်ငံခြားတာဝန်ခံ ဆိုပြီး ကျနော့်ကို ပေးထားပါတယ်။
VOA – အခု လက်ရှိအားဖြင့်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Vancouver Sun သတင်းစာမှာ ရေးထားတဲ့ သတင်းတပုဒ်အရ ဦးကျော်မြင့် ထူထောင်ထားတဲ့ Future Canada China Environment ကုမ္ပဏီပေါ့နော်၊ ဒီ ကုမ္ပဏီက ငွေရေးကြေးရေးအရ စတော့ရှယ်ယာဈေးကွက်မှာ မသမာမှုတချို့ တွေ့ရတယ် ဆိုပြီးတော့ US Securities and Stock Exchange Commission ကနေ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်၊ စုံစမ်းမှုတွေ လုပ်နေတယ်လို့ ရေးသားထားပါတယ်ခင်ဗျ။ ဦးကျော်မြင့်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ခံနေရတယ် ဆိုတာ တကယ်ပဲလားခင်ဗျ။
UKM – အဲဒီ Future Canada China Environment ကုမ္ပဏီဟာ British Columbia ဟို Canada မှာ ကျနော် Register လုပ်ထားတဲ့ ကုမ္ပဏီတခု ဖြစ်တယ်။ အဲဒီ ကုမ္ပဏီရဲ့ နာမည်က အမေရိကန် ဟို Stock နာမည်နဲ့ တူလို့ အဲဒါ သူ CONFUSE ဖြစ်ပြီးတော့ ဒီ ကုမ္ပဏီနဲ့ ဟို ကုမ္ပဏီဟာ ဘာမှ မပတ်သက်ဘူး၊ နာမည်တူလို့၊ တရုတ်နာမည် ဆိုတာ မူရင်းက တရုတ်နာမည်။ အဲဒါ တရုတ်နာမည်ကို အင်္ဂလိပ်လို ပြန်တဲ့အခါ Future Canada China အဲဒါတော့ ကုမ္ပဏီနာမည်တူလို့ သူ မှားရေးတာ။ ကျနော် ကုမ္ပဏီဟာ ဒီ PUBLIC ကုမ္ပဏီ မဟုတ်ဘူး။ ဒီ Vancouver ကုမ္ပဏီ။ ထင်ထားတာ AMERICAN STOCK ရှိတဲ့ FCCE ခေါ်တာပေါ့ အတိုကောက်။ အဲဒီ FCCE ကုမ္ပဏီတခုတည်းလို့ သူထင်တာ။ သူရေးတာ။ အဲဒါ သူရေးမှားထားတဲ့၊ အဲဒါ Vancouver Sun ရဲ့ သတင်းထောက် ကျနော်လည်း တွေ့ပြီးပြီ။ အဲဒါ သူပြောတာ တချို့ သူ အထင်လွဲပြီးတော့ သူ American ကုမ္ပဏီနဲ့ Vancouver ကုမ္ပဏီကို မှားရေးတာ။
VOA – အဲဒီတော့ နာမည်တူနေတဲ့ ကုမ္ပဏီ နှစ်ခုကို ဦးကျော်မြင့်နဲ့ လုံးဝ မပတ်သက်တဲ့ ကုမ္ပဏီတခုနဲ့ မှားယွင်းပြီး ရေးတယ်လို့ Vancouver Sun သတင်းထောက် ဒေးဗစ်ဗိန်းက တရားဝင် ဦးကျော်မြင့်ကို တောင်းပန်ထားပြီးပြီလားခင်ဗျ။
UKM – သူ ပြန်ရေးမယ်၊ – ပြန်ပြီးတော့ ပြင်မယ်၊ အဲဒါ – ဒီကိစ္စမှာ (ဦးကျော်မြင့်က ဆွေးနွေးပါတယ်။) သူ ပြန်ပြီးတော့ သူ write ခိုင်းမယ်လေ။ အဲဒီ ဘိန်းတို့ ဘာတို့ ညာတို့ အဲဒါတော့ သူကပြောတာ အဲဒါ Irrawaddy က သူ ကော်ပီကူးလာပြီးတော့ ထည့်တာ။ VOA – ဒီကိစ္စကို သေချာအောင် ထပ်မေးရမယ် ဆိုရင် ဦးကျော်မြင့် ထူထောင်ထားတဲ့ ဒီ ကုမ္ပဏီဟာ အမေရိကန် Securities and Exchange Commission ရဲ့ စုံစမ်း စစ်ဆေးမှုကို လုံးဝ မခံရဘူးပေါ့။ UKM – လုံးဝ မခံရဘူးခင္ဗ်။ ဘာမွ မရွိဘူး။ အခုထက္ထိ ဘာမွ မရွိဘူး။
VOA – အဲဒီတော့ ကနေဒါမှာ ဦးကျော်မြင့် ထူထောင်ထားတဲ့ တချို့ လုပ်ငန်းတချို့မှာ တရားစွဲဆိုမှုတချို့ ခံနေရတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ အဲဒါ ဘာကိစ္စတွေအတွက် တရားစွဲခံထားရတာလဲ။
UKM – လုပ်ငန်း ထူထောင်ထားတဲ့ ကိစ္စကို တရားစွဲတာ ကုမ္ပဏီ တရားစွဲတာ မရှိပါဘူးခင်ဗျ။ တခုမှ မရှိဘူးခင်ဗျ။
VOA – နောက်ဆုံး UDPပါတီက ထုတ်ပြန်ထားတဲ့ ကြေညာချက်တခုမှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ဧရာဝတီသတင်းမဂ္ဂဇင်းကို တရားစွဲမယ်လို့ ကြေညာထားပါတယ်။ အဲဒါ ဘယ်အကြောင်းအချက်တွေနဲ့ တရားစွဲမှာလဲ။ အဲဒါက ဘာကြောင့်မို့လို့ တရားစွဲမှာလဲ ဆိုတာ နည်းနည်းလေး ရှင်းပြပါ။
UKM – အဲဒါတော့ ဟုတ်ပါတယ်။ သူက ကျနော့်ကို PERSONAL ဟို ဘိန်းလုပ်တယ်လို့ ရေးတယ်လေ။ ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် MONEY LAUNDARY တဲ့။ MONEY LAUNDARY ဆိုရင် ဘိန်းလုပ်တဲ့ ပိုက်ဆံရော သို့မဟုတ် တခြား တရားမဝင်တဲ့ အဲဒါ ပိုက်ဆံကနေ MONEY LAUNDARY။ ကျနော်တို့ အဲဒါ ရှိကို မရှိတဲ့ဥစ္စာ သူ စွပ်စွဲတယ်။ အဲဒါ သူ ရေးတာပေါ့။ အဲဒါကြောင့် အထောက်အထား ပြပါ။ ကျနော့်ကို ခင်ဗျား DIRECT အင်တာဗျူး လုပ်ဖူးသေးလား။ နို့မဟုတ်လို့ဆိုရင် ကျနော် ဘယ်မှာ LAUNDARY လုပ်သလဲ။
အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်။ အခုလည်း ရှေ့နေတွေ အကုန်လုံး၊ ကျနော်တို့ ပထမတော့ အဲဒီ မစ္စတာ အောင်ဇော်ဆီ ပေါ့၊ ခင်ဗျား ဖြစ်နိုင်တဲ့ဥစ္စာကိုရေး။ မမှန်တဲ့နေရာကို ခင်ဗျား ပြင်ပေးရမယ်။ ဟို ကျနော် သူ့ဆီမှာ နှစ်ကြိမ်လောက် စာပေးပါတယ်။ သူက နောက်ပြီးတော့ မစ္စတာ အောင်ဇော်ကို ကျနော့်ကို ဘာလုပ်လိုက်သလဲလို့၊ ဘာမှ မလုပ်နိုင်ဘူးတဲ့ အဲဒီစကား ကျနော့်ဆီ ထွက်လာတယ်။ ထွက်လာတော့ ကောင်းပြီ အဲဒါဆိုရင် ကျနော် တရားစွဲမယ်။ အဲဒါ အခု ယိုးဒယားရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံးအထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပါတယ်ခင်ဗျ။ ။


XS
SM
MD
LG