လန်ဒန်မြို့မှာ အခုလာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် G-20 ခေါ် ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ရဲ့ ထိပ်သီးညီလာခံမတိုင်ခင် ထောင်ပေါင်း များစွာသော ပြည်သူတွေဟာ လန်ဒန်မြို့တ၀ိုက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူပေါင်း ၃၅,၀၀၀ လောက်ဟာ အရမ်းကိုအေးပြီး မိုးရွာနေတဲ့ကြားမှာ စုဝေးခဲ့ကြပြီးတော့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ဖို့၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်းဖို့နဲ့ အလုပ်အကိုင် ပြဿနာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ဆန္ဒပြသူ တွေဟာ လန်ဒန်မြို့တလျှောက် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဒီ ဆန္ဒပြတောင်းဆိုမှုတွေကို ကမကထ လုပ်သူတွေထဲမှာ ကုန်သွယ်ရေး အလုပ် သမား သမဂ္ဂ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ပတ်ဝန်းကျင် ထိန်းသိန်းရေးအဖွဲ့ တွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြတောင်းဆိုသူတွေက ပြည်သူလူထုကို အရင်ဆုံး ဦးစားပေးဆောင်ရွက်ပါလို့ တောင်းဆိုခဲ့ကြပါတယ်။
အလားတူ ဆန္ဒပြမှုတွေကိုလည်း ဂျာမနီနိုင်ငံ ဘာလင်မြို့၊ ဖရန့်ဖတ်မြို့နဲ့၊ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ အပါအ၀င် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာလည်း လုပ်ခဲ့ကြပါတယ်။