ကြံ့ဖွံ့ /ပြည်ခိုင်ဖြိုး/စွမ်းအားရှင် ခေါ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း ကို စစ်အစိုးရ လက်ကိုင်ဒုတ်လို့ အတိုက်အခံအင်အားစုများ နဲ့ မြန်မာပြည်သူများက ပြောဆိုကြပါတယ်။ အဖွဲ့အစည်း စတင်ဖွဲ့ချိန်က လူမှုရေးလုပ်ငန်း ကူညီလုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ ဒီ ကြံ့ဖွံ့ /ပြည်ခိုင်ဖြိုး/စွမ်းအားရှင် အသင်းအဖွဲ့အနေနဲ့ ယနေ့အချိန်မှာ မူလရည်ရွယ်ချက်ဖြစ်တဲ့ ပရဟိတ လူမှုကူညီ စောင့်ရှောက်ရေး ဆိုတဲ့ ဦးတည်ချက် ပျောက်ပျက်ကာ စစ်အစိုးရ လက်ဝေခံ၊ ခါးပိုက်ဆောင်အဖွဲ့ ဖြစ်လာခဲ့တယ်လို့ မြန်မာ့အရေး လေ့လာသူများက သုံးသပ်ပါတယ်။
ဒီလို သုံးသပ်ဝေဖန်ချက်များကို ပိုမိုသိရှိနိုင်ဖို့ ကြံ့ဖွံ့
/ပြည်ခိုင်ဖြိုး/စွမ်းအားရှင် အသင်းကို အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့မညီ
လုပ်ဆောင်မှုတွေ၊ ဥပဒေ ချိုးဖောက်မှုတွေလုပ်ကိုင်နေမှုကြောင့်
အသင်းအဖွဲ့အဖြစ်မှ ဖျက်သိမ်းရန် တောင်းဆိုလုပ်ကိုင်နေတဲ့
ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရှေ့ နေများကောင်စီ အဖွဲ့ဝင်
ဦးမျိုး နဲ့ ကြံ့ဖွံ့ /ပြည်ခိုင်ဖြိုး/စွမ်းအားရှင် အသင်းမှာ
လူ့မှုကူညီစောင့်ရှောက်ရေးအဖွဲ့လို့ ပြောဆိုသုံးသပ်သူ
အိန္ဒိယနိုင်ငံအခြေစိုက် မဇ္စျိမ မြန်မာသတင်းဌာန အယ်ဒီတာ ဦးစိန်ဝင်း တို့ရဲ
့ သုံးသပ်ချက်၊ ရှင်းလင်းချက်များကို ဦးကျော်ဇံသာ က
ဆွေးနွေးတင်ပြထားပါတယ်။