စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို အပြောင်းအလဲလမ်းစ
အခွင့်အရေးတရပ်အနေနဲ့ ရှုမြင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ
ခေတ္တရောက်ရှိနေတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်သူ ဒီမိုကရေစီပါတီ
ဥက္ကဌဟောင်း ဦးသုဝေ က ပြောကြားပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ဖို့
ရည်ရွယ်ချက်နဲ့ ပါတီတရပ်စုဖွဲ့ဖို့ လူတော်တော်များများနဲ့ သဘောတူထားပေမယ့်
ပါတီအမည် အတိအကျပေးပြီး လှုပ်ရှားနေတာမျိုး မရှိသေးပါဘူးလို့ ဦးသုဝေ က
ပြောဆိုပါတယ်။
"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံခဲ့ပေမယ့် အနှစ် ၂၀ ကြာနောက်
အပြောင်းအလဲမဖြစ်၊ တိုင်းပြည်နာလာတဲ့အတွက် ... ရရှိတဲ့အခွင့်အရေးကို ရယူ
လုပ်ဆောင်ခြင်း ဖြစ်တယ်။"
ဦးသုဝေရဲ့ နိုင်ငံရေးပါတီဖွဲ့စည်းနေမှု
အခြေအနေ၊ ရွေးကောက်ပွဲအပေါ် အမြင်သုံးသပ်ချက်များကို
အသေးစိတ်သိရှိနိုင်ဖို့ ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာ သတင်းဌာနမှုး) က
ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။