ဒီမိုကရေစီစနစ်ရဲ့ အရေးကြီးတဲ့ကိစ္စတရပ်ဟာ အယူအဆ မတူသူတွေ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လိုလားတဲ့ မြန်မာတွေ အတွင်းမှာရော မတူကွဲပြားတဲ့ အယူအဆတွေကို သည်းခံ နားထောင်နိုင်မှု၊ ညှိနှိုင်း ဆွေးနွေးနိုင်မှု ဘယ်လောက် ရှိကြပါသလဲ ဆိုတာကို ဆွေးနွေးဖို့အတွက် သမိုင်း သုတေသီ ဒေါက်တာ အောင်ခင်၊ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူ ဒေါက်တာ မန်းမြင့်ဆိုင်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။