သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဖမ်းဆီးမှုအပေါ် NLD (LA) တာဝန်ခံရဲ့ အမြင်သုံးသပ်ချက်


နှစ်ပေါင်းများစွာ နေအိမ်အကျဉ်းချုပ်ချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်ထဲကို မဖိတ်ခေါ်ဘဲ အမေရိကန်နိုင်ငံသာ ဂျွန်ဝီလီယံ ရက်ထော (John William Yattaw) ဝင်ရောက်လာတာကို လက်ခံလိုက်ခြင်းက တည်ဆဲဥပဒေ ချိုးဖောက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက စွဲချက်တင်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက နိုင်ငံရေးအတိုက်အခံများ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားရှိတဲ့ စစ်အစိုးရရဲ့ အတင်းမာဆုံးသဘောထားကို ဖော်ပြလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာခေါင်းဆောင်များက ယူဆကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရေး တောင်းဆိုကြပါတယ်။ စစ်အစိုးရအပေါ် သဘောထား အထူးပျော့ပျောင်းတဲ့ ထိုင်းနိုင်ငံမှာလည်း ဒီအရေးကိစ္စကို အတော်လေး ကသိကအောက် စိတ်မကောင်း ဖြစ်ကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (National League for Democracy - Liberated Area) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက စွဲချက်တင် ဖမ်းဆီးလုပ်ဆောင်နေတဲ့အပေါ် နိုင်ငံတကာ နဲ့ အာဆီယံအဖွဲ့ကြီးရဲ့ တုံ့ပြန်လုပ်ဆောင်ချက်၊ မစ္စတာ ရက်ထောရဲ့ လုပ်ရပ် နဲ့ အန်အယ်ဒီ အယ်လ်အေ တို့ရဲ့ ပြင်ဆင်လုပ်ဆောင်ချက်တို့ကို သိရှိနိုင်ဖို့ အန်အယ်ဒီ အယ်လ်အေ တာဝန်ခံ ဦးညိုအုန်းမြင့် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG