သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွယ်ကူမှုနဲ့ ပတ်သက်တဲ့ အီဒီယံ အသုံးအနှုန်းများ


ဒီသတင်းအပတ်အတွက် တင်ပြပေးမဲ့ အီဒီယံအသုံးအနှုန်းများကတော့ Falling Off a Log; Shooting Fish in a Barrel နဲ့ Taking candy from a baby ဖြစ်ပါတယ်။

Falling Off a Log - Falling Off (တခုခုပေါ်က လိမ့်ကျသည်)၊ Log (သစ်တုံး)။ စကားပိုဒ်တခုလုံးရဲ့ အဓိပ္ပာယ်ကတော့ သစ်တုံးပေါ်ကလိမ့်ကျသည်။ သစ်တုံးပေါ်မှာ လမ်းလျှောက်ကြည့်ရင် သစ်တုံးပေါ်မှာ လမ်းလျှောက်ရတာ လွယ်သလား၊ သစ်တုံးပေါ်က ခုန်ချရတာ လွယ်သလား ဆိုတာကို ပထမမေးပါရစေ။ အဖြေကတော့ သစ်တုံးပေါ်က ခုန်ချတာ လွယ်ကူမယ်လို့ ဆိုနိုင်ပါတယ်။ လွယ်ကူမှုကို ညွှန်းပြတဲ့ ဒီအသုံးနဲ့ ပတ်သက်ပြီး ဥပမာတခုကို လေ့လာကြည့်ရအောင်။

"My math homework last night was like falling off a log. It only took me five minutes to finish."

"မနေ့ညက လုပ်ရတဲ့ သင်္ချာအိမ်စာက သိပ်ကိုလွယ်ကူတာပဲ။ ကျနော် ငါးမိနစ်နဲ့ ပြီးသွားခဲ့တယ်။"

လွယ်ကူမှုနဲ့ပတ်သက်တဲ့ နောက်ထပ် အီဒီယံအသုံးကတော့

Shooting Fish in a Barrel - Shooting (ပစ်ခတ်ခြင်း)၊ Fish (ငါး)၊ Barrel (စည်ပိုင်း)။ စကားပိုဒ်တခုလုံးရဲ့ အဓိပ္ပာယ်ကတော့ စည်ပိုင်းထဲမှာရှိတဲ့ ငါးကို ပစ်ခတ်ခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် စည်ပိုင်းထဲက လှောင်ထားတဲ့ငါး တခြားကို ကူးမပြေးအောင်နိုင်တဲ့ငါးကို ဖမ်းဖို့ ပစ်ဖို့ အလွန်လွယ်ကူပါတယ်။ ဒါကြောင့် တခုခုကို အခက်အခဲမရှိ လျှောလျှောရှုရှုနဲ့ လုပ်နိုင်ရင် ဒီ အီဒီယံ အသုံးကို သုံးနိုင်ပါတယ်။

ဥပမာ
"A hundred dollar extra today, just like shooting fish in a barrel."
"ဒီနေ့ ဒေါ်လာတရာ အပိုဝင်တယ်။ သိပ်ကို လွယ်လွယ်နဲ့ ရလိုက်တယ်။"

လွယ်ကူမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးတင်ပြပေးမယ့် အီဒီယံကတော့

Taking candy from a baby - Taking (ရယူသည်) Candy (သကြားလုံး) Baby (ခလေးငယ်)။ မြန်မာမှာလည်း ခလေးဆီက မုန့်ညားစားရတာ လွယ်ကူတယ်ဆိုတဲ့ စကားရှိပါတယ်။

ဥပမာ
"Getting a grandmother to loan me money was like taking candy from baby."
"အဖွားဆီက ကျနော် ပိုက်ဆံ ချေးရတာ ခလေးဆီက သကြားလုံး ညားယူရသလို လွယ်မှလွယ်ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG