သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဗုံးကွဲမှု လူ ၁၁ဦးသေ၊ ၇၀ ဒဏ်ရာရ


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း
နယ်စပ်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ပက်ရှ်ဝါမြို့က
ဇိမ်ခံဟိုတယ်တခု အပြင်ဘက်မှာ ထရပ်ကား
နဲ့ ဗုံးခွဲပြီး အသေခံတိုက်ခိုက်ခဲ့တာကြောင့်
လူအနည်းဆုံး ၁၁ ဦးသေဆုံးပြီး ၅၂ ဦးကျော်
ဒဏ်ရာရရှိသွားပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား တဦးမက
ပါဝင်တယ်လို့ ဒေသခံ အာဏာပိုင်တွေက
ပြောပါတယ်။ သေဆုံးတဲ့ နိုင်ငံခြားသား
တယောက်က ကုလသမဂ္ဂ ဒုက္ခသည်များ
အဖွဲ့အစည်းရဲ့ဝန်ထမ်း ဆားဘီးယားနိုင်ငံသား
ဖြစ်ပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းမှာ တိုက်ခိုက်မှုဖြစ်ပွားပြီး အဲဒီ အကောင်းစား Pearl Continental
Hotel အထဲမှာ ပြည်နယ် နိုင်ငံရေးသမားတွေရော ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး
အရာရှိတွေရော ရှိနေကြပါတယ်။

အစပိုင်းထွက်လာတဲ့ အစီရင်ခံစာတွေမှာတော့ ဟိုတယ်ရဲ့ ယာဉ်ရပ်နားထားတဲ့
မြေကွက်လပ်ကို ထရပ်ကားတစီး မောင်းဝင်လာပြီး သေနတ်သံ အရင်စကြားရတာ၊
ပြီးတော့ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး ဟိုတယ်ဘေးဘက် ပွင့်ထွက်သွားလို့
အဆောက်အအုံလည်း မီးစွဲလောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်တယ်ဆိုပြီး ဘယ်သူကမှတော့ တာဝန်ယူ ပြောကြားမှု
မရှိသေးပါဘူး။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ် အက်ဖ်တပ်ဘ် ရှာပါအို (Aftab
Sherpao) ကတော့ ဒီတိုက်ခိုက်မှုဟာ ဆွာ့တ်တောင်ကြားမှာရှိတဲ့ တာလီဘန်သူပုန်တွေ
ကို တိုက်ခိုက်နေတဲ့ အစိုးရကို ဖိအားပေးဖို့ ပြုလုပ်တာ အသေအချာပါပဲလို့
ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG