သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ပေးမည်မဟုတ်


အီရန်သမ္မတ ရွေးကောက်ပွဲမှာ အကြီးအကျယ် မသမာမှုတွေ မရှိတာကြောင့်ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးစရာအကြောင်း မရှိဘူးလို့ အီရန်နိုင်ငံ ဥသျှောင်ကောင်စီက မနေ့က ပြောဆိုလိုက်ပါတယ်။

တိုင်ကြားချက်အများစုဟာ ရွေးကောက်ပွဲမတိုင်ခင်က အဖြစ်အပျက်တွေဖြစ်ပြီးရွေးကောက်ပွဲအတွင်းနဲ့ ရွေးကောက်ပွဲအပြီး တိုင်ကြားချက်တွေ မဟုတ်ဘူးလို့ဥသျှောင်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။

ဇွန်လ ၁၂ ရက်နေ့ပေးခဲ့တဲ့ မဲစာရင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်မယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံရဲ့ မြို့ကြီး ၅၀ မှာ မဲအရေအတွက်၃,၀၀၀,၀၀၀ ကျော် ရရှိခဲ့ပေမဲ့ တကယ် တရားဝင် မဲပေးခွင့်ရှိသူဦးရေထက် ပိုနေတာ တွေ့ရတယ် လို့ မဲဆန္ဒရှင်တွေက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက ခိုင်ခိုင်မာမာရပ်တည်တာမရှိဘူးလို့ ဝေဖန်ခံနေရတာကြောင့် အိမ်ဖြူတော် တာဝန်ရှိပုဂ္ဂိုလ်တွေက ခုခံကာကွယ်ပြောဆိုနေကြပါတယ်။

အီရန်မှာ သွေးထွက်သံယိုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ သမ္မတအိုဘားမားက တိုက်တွန်းခဲ့ပေမဲ့ အီရန်နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို အီရန်ပြည်သူတွေကသာ အဆုံးအဖြတ် ပေးရပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) ကတော့သမ္မတရဲ့ ဒီတုံ့ပြန်ချက်ဟာ အမေရိကန်ပြည်ထောင်စု ထူထောင်ခဲ့တဲ့ အခြေခံမူတွေအပေါ် သစ္စာမဲ့ရာကျတယ်လို့ ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG